"မန်နေဂျာကိုခေါ်ပေးလို့ပြောနေတယ်လေ"!!!!
"စိတ်...စိတ်မရှိပါနဲ့ ဧည်သည့်...ရေချိုးခန်း
ကိစ္စကို ကျွန်တော် ဖြေရှင်းပေးနိုင်..""မလိုချင်ဘူး!!!showerတစ်ခုလုံးပျက်နေတဲ့
ကိစ္စကို သည်းခံနေရတဲ့ထိ ငါသဘောမနောမကောင်းဘူး၊နာမည်ကြီးဟိုတယ်တစ်ခုဖြစ်ပြီ
management ဒီလောက်ညံ့စရာလိုရဲ့လား၊
မန်နေဂျာကိုသာ ခေါ်ပေး""ဒါ....ဒါပေမယ့်"
"ဆင်ခြေဆင်နက်တွေလာမပေးနဲ့၊ ငါဒီအခန်းထဲမှာရှိတဲ့ ပစ္စည်းတွေကို တစ်စစီမဖြစ်ချင်ရင် မင်းတို့မန်နေဂျာ ရှောင်းကျန့်ဆိုတဲ့လူကို ငါ့ဆီခေါ်လာ
ပေး"ရိပေါ်၏ မျက်နှာမှာ ကလိမ်ကကျစ်အခိုးငွေ့တွေလွှမ်းခြုံလျက် လက်လေးယှက်ပြီး..ခေါင်းငုံနေတဲ့ ဝန်ထမ်းကောင်လေးအား အော်ဟစ်၍ နေသည်။ သူဒီဟိုတယ်ကို ပြောင်းလာတဲ့ ရည် ရွယ်ချက်ကလည်း ရှောင်းကျန့်ကို ဒုက္ခလှလှပေးဖို့ပင်။ ဒါကြောင့် ခွေးဇာတ်ဘဲခင်းရခင်းရ၊ဗီလိန်ဘဲလုပ်ရလုပ်ရ သူ့ရဲ့ရည်ရွယ်ချက်ကိုတော့ အပျောက်မခံ။
သူ ရှောင်းကျန့်ကို နောင်တတွေတပွေ့တပိုက်နဲ့
ယူကျုံးမရဖြစ်အောင် လုပ်ချင်တာ။ ဒါသူ့ရည်ရွယ်ချက်ဘဲ။ သူ့အကို ဆီက ငွေအသပြာကိုမက်ပြီးကောက်ကောက်ပါအောင်လိုက်သွားတဲ့ရှောင်းကျန့်ဆိုတဲ့လူသားကို ထပ်ပြီး အနိုင်ပိုင်းချင်တာ။"အိုခေ၊မင်းနာမည်ဘယ်လိုခေါ်လဲ"
မတုန်မလှုပ်သာ ရပ်နေသည့် ထိုကောင်လေးရဲ့လည်ပင်းမှာချိတ်ဆွဲထားသည့် ဝန်ထမ်းကတ်ကို ရိပေါ်ဆွဲယူကြည့်လိုက်သည်။
ဟတ်...ဒီကောင်က သူ့အကိုရဲ့ လက်အောက်ကလား။ ရိပေါ် အားရဝမ်းသာစွာဖြင့် ခပ်စောင်းစောင်းပြုံးလိုက်ပြီး။
"အိုခေ...ငါဘယ်သူလဲဆိုတာမင်းမသိ
သေးဘူးထင်တယ်...အဲ့လိုဆိုတော့လဲ..
မင်းကို အလုပ်ဖြုတ်ဖို့ဘဲရှိတော့တာပေါ့"သူ့ရဲ့ နိုင်ကွက်က အခုမှတွေ့တာ။သို့ဖြစ်၍ ရိပေါ်Contactတစ်ခုကိုနှိပ်လိုက်ပြီး ထိုကလေးမြင်သာအောင်ရှေ့ကိုထိုးပြလိုက်တယ်။