မောင်...သိပါစေ
🌸pann
Part - 9
တီ...တီ
" အမလေး.."
လက် နောက်က ဟွန်းတီးသံကြောင့် လန့်ပြီး မျက်လုံး စုံမှိတ်ကာ အော်မိသည်..
" လက်..လက်.."
လက် ပါးကို ပုတ်ခေါ်ကာ ပြောနေသော ရင်းနှီး တဲ့ အသံကြောင့် လက် မျက်လုံး ဖွင့်ကြည့်မိသည်....
" ဇေ.."
" အင်းလေ...ဇေ ကားပေါ် မှာ စောင့်နေတာ လက် ထွက်လာတော့ ခေါ်နေတာ ဘာတွေတွေးပြီး ထွက်လာလဲ မသိဘူး..လူကို ဂရုမစိုက် အားအောင်.."
" မဟုတ်တာ လက် ဘာမှမတွေးပါဘူး...ဇေက ဘယ်လာတာလဲ မနက်အစောကြီး.."
" ဘယ်လာရမှာလဲ ဇေ့ရဲ့ချစ်သူ အသစ်စက်စက် လေး လက်ဆီ လာရတာပေါ့..."
" ဇေ က ဘယ်သွားမလို့လဲ.. လက် ဒီနေ့ အလုပ်ဆင်းရမှာလေ လက် မလိုက်အားဘူး.."
" ဘယ်သူက ဘာပြောနေလို့လဲ.."
" ဘာမှတော့ မပြောပေမယ့် လက် က ကြိုပြောထားတာပါ.."
" ဟုတ်ပါပြီ..ဇေ က လက် ကို အလုပ်လိုက်ပို့ပေးမလို့ "
" တကယ်.."
" တကယ်ပေါ့ လိမ်စရာလား..သွားမယ် "
" အင်း.."
ဇေ ကားတံခါးဖွင့်ပေးတော့ လက် အသာ ဝင်ထိုင်လိုက်သည်..
သူက ကားကို ဝေ့ပတ်ပြီး မောင်းသူနေရာ ဝင်ထိုင်ရင်း လက် ကိုကြည့်တော့ လက်..ပြုံးပြလိုက်သည်...
" ဇေ ဘယ်ကတည်းက ရောက်နေတာလဲ.."
" ခုနစ် နာရီ ခွဲ.."
" အစောကြီး မနက်စာရော စားခဲ့ရဲ့လား.."
" စားခဲ့ပါတယ်.."
" အင်းပါ.. လက်က ဇေ့ကို စိုးရိမ်လို့ပါ.. "
" လက်.."
" ဟင်.."
" ဇေ့ကို ဇေလို့ခေါ်နေဦးမှာလား.."
" ဟင်..ဇေ့ကို ဇေလို့ မခေါ်ဘဲ ဘယ်လိုခေါ်ရမလဲ ဇေရဲ့.."
" တစ်ခုခု ပြောင်းခေါ်ပါလား..မေမေကလည်း ဇေ ဖေဖေကလည်း ဇေ သူငယ်ချင်း တွေကလည်း ဇေ ဆရာ ဆရာမ တွေကလည်း ဇေ ပဲ.. ကဲ အခုချစ်ရတဲ့ ချစ်သူလေး ကလည်း ဇေ တဲ့ အတူတူ ဖြစ်နေတာကို မကြိုက်လို့ပါကွာ..တစ်ခု ခု ပြောင်းခေါ်ပေးပါလား..လက် ကို ဇေ က မ လို့ခေါ်မယ်လေနော်.."
YOU ARE READING
မောင်..သိပါစေ ( Unicode )
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...
