မောင်...သိပါစေ
🌸pann
Part ( 15. )
" မနက်ပိုင်း ကို တက္ကသိုလ် ဝင်းတွင်း သွားရမယ်..နေ့လည်ပိုင်း စားသောက်ဆိုင် တွေဘက် လှည့်ရမယ် "
" ဟုတ်ကဲ့. "
" လက်..နင့်ရဲ့ မအိ မလာသေးဘူး လား "
" လာပြီ...လာပါပြီ "
မအိ အပြေးလေး ပြေးလာသည်...
" ကဲ.. ကိုးထိုင်းရုတ် ဘာကြောင့်နောက်ကျ "
" ဖဲ့ပြီ ကိုဇော်ရာ.. စောစောစီးစီး "
" နင့်ကို ဘာကိစ္စ ဖဲ့ရမှာလဲ .. ရွံလွန်းလို့ ဖဲ့ချင်ပါဘူး "
" ကိုဇော့်.. "
" အေး.. ချစ် ပြောလေ "
" ကြည့်...."
ကိုဇော်နဲ့ မအိ က ထုံးစံအတိုင်း ရန်ပွဲလေး တွေ စ ပြန်သည်...။
" ကဲပါ..အိရာ သွားရအောင် ပါ.. ဒီကောင် ငဇော်နဲ့ ကိုက်မနေနဲ့ "
" အိက ခွေးမှ မဟုတ်တာ ကိုမျိုး ရာ "
" ငါက အေးဆေးနေတယ်နော် အိကသာခွေး.. ဟောင်ကြည့်ပါလား "
" ဟောင်မှမဟောင်တတ်တာ.. ဟောင်ရအောင် အိက ခွေးလား လူရှင့် လူ "
" ခွေးလို့ပြောတော့လည်း မခံဘူး.. ခွေးကိုကျ ရန်ရှာပြီး ကိုက်တတ်တယ်လေ "
" ကိုဇော့်..."
" ဗျာ.. ဗျာ့ "
" ငဇော် စ မနေနဲ့ နောက်ကျလိမ့်မယ်.. သွားရအောင် "
" အစ်မလေး တို့ ကြွမြန်းပါ ခင်ဗျာ..."
မအိက ခြေလေးဆောင့်ပြီး ကားပေါ်တက်ထိုင်တော့ လက် လည်း မအိ နဲ့ အတူ ကားနောက်ခန်းမှာ နေရာယူလိုက်သည်...။
.
" ဇေ.. "
" အေး.. "
" ငါတို့ ကားမောင်းပြိုင်ပွဲ သွားကြည့်မလို့ လိုက်မလား "
" လိုက်မှာပေါ့ဟ ဘယ်ချိန်လဲ.. "
" အခု ထွက်ခဲ့.. ငါတို့ပွဲမှာ စောင့်နေမယ် "m
" အိုခေ.. လာခဲ့မယ် "
ဇေ ဗီဒို ထဲက ဂျင်းအကျီ င်္လက်ရှည်ကို ယူဝတ်ပြီး မှန်ရှေ့ရပ်ကာ ဘီးဖြင့် ဆံပင်ကို သပ်လိုက်သည်...
YOU ARE READING
မောင်..သိပါစေ ( Unicode )
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...
