Part 10💔

1K 77 6
                                    

(Zawgyi)
Yoonစိတ်ထဲအရမ်းကိုရှုပ်ထွေးနေသလိုခံစားနေရသည်

Hlaingနှင့်ဆက်ဆံရေးကားအရင်ကထက်ပင်ပို၍စိမ်းကားလာ၏

Yoonတွေးပင်မတွေးဝံ့သည့်ကိစ္စအားမဖြစ်လာစေရန် စိတ်တွင်ကြိတ်၍ဆုတောင်နေမိပေမယ့်

ယင်းအားအချိန်တစ်ခုအတွင်းတွေ့ ကြုံရတော့မည်ဖြစ်ကြောင်းYoonကောင်းကောင်းသိသည်

Hlaing၏စိတ်အတွင်းမည်သို့ တွေးနေမည် မည်သည်ကိုလုပ်ရန်ုပြင်ဆင်နေသည်ဆိုသည်ကားမသိရသည်မှာမွန်းကြပ်လှသည်

Yoonသည်ဤသို့သော ခံစားချက်များကို မကြိုက်

အတွေးများနေစဉ်Hlaingထံမှစာရောက်လာ၏

Hlaing:hi
Yoon:အင်းHi
Hlaing:ဒါနဲ့ကိုယ်ပြောစရာရှိတယ်
Yoon:ပြောလေ Hlaing

အို...Hlaingပြောမဲ့စကားများသည် ငါတွေးနေတဲ့အတွေးတွေလိုမဟုတ်ပါစေနဲ့☻

Hlaing:ဟို...
Yoon:အားမနာပါနဲ့ပြောပါ Hlaingရယ်
Hlaing:ကိုနဲ့မင်းနဲ့ သူငယ်ချင်းလိုဘဲနေရအောင်လေ

Yoon...နောက်ဆုံးတော့သူမ မရောက်ချင်တဲ့ သူမ၏အတွေးထဲကလိုအချိန်ရောက်ပြီ

Hlaingရဲ့ သူငယ်ချင်းလိုနေရအောင်ဆိုတဲ့စာတစ်စောင်ကြောင့်

Yoonတစ်ယောက် စာကိုမပြန်နိုင်ဘဲ တိတ်ဆိတ်သွားတယ်

5mins later

Yoon:အင်းရပါတယ် Hlaingသဘော Hlaingစိတ်ချမ်းသာရင်ပြီးတာဘဲ
Hlaing:ကျေးဇူးပါနော်
Yoon:ရပါတယ် အဲ့လိုတွေပြောစရာမလိုပါဘူး
Hlaing:ဟုတ်

Hlaing ရဲ့ ဟုတ်ဆိုတဲံ စကားနဲ့ဘဲနှစ်ယောက်လုံးရဲ့ conversation ကရပ်တန့်သွားခဲ့တယ်

Yoonတယောက် အလူးအလဲ ကြေကွဲခံစားနေရတယ်🙃

Hlaingမရှိတဲ့ နေ့က Yoonအတွက် အထီးကျန်မှုဆိုတဲ့အရာက Yoonဆီကိုမဖိတ်ခေါ်ဘဲရောက်လာတယ်

ကြေကွဲမှုများ ငိုကြွေးမှုများလည်း နေ့တိုင်းနီးပါး

ကိုယ့်စိတ်ကို ထိုကဲ့သို့မဖြစ်ရအောင်ထိန်းသော်လည်း ထိန်းလေထိန်းလေ ပို၍ခံစားလေ

အချိန်တွေကကုန်တာမြန်ဆန်လိုက်တာ

ဘာလိုလိုနဲ့ တို့တွေစကားမပြောတာ ၃လကြာပြီးသွားခဲ့ပြီ

My online crushWhere stories live. Discover now