အပိုင်း(၉)

1.7K 86 4
                                    

သြော်ဘာလိုလိုနဲ့ ကျွန်မ မြန်မာပြည်ကထွက်လာတာ
တစ်နှစ်ပြည့်တော့မှာဘဲ သူ့ကို မေ့နိုင်မယ်
အထင်နဲ့ နိုင်ငံခြားမှာ ကျောင်းသွားတတ်ခဲ့ပေမယ့်
အဆုံးမှာ ပြန်ရခဲ့တာက သူ့ရဲ့စေ့စပ်ပွဲကို တက်ပေး
ဖို့ လှမ်းဖိတ်တယ့်ဖုန်းပါလား။

"ကိုယ် ဒီမှာ လှိုင်ပန်း " ကျွန်မကို နှုတ်ဆက်ရင်း
ကျွန်မရဲ့ ခရီးဆောင် အိတ်ကို လှမ်းကိုင်မယ့်
သူ့လက်ကို ညင်သာစွာနဲ့ဘဲ
ရှောင်တိမ်းခဲ့တယ်။

သူတစ်ချက် မျက်နှာ ပျက်သွားပေမယ့်လည်း
ချက်ချင်းကို ဘဲ အပြုံးပြန်ဆင်ပြီး
ကျွန်မအမေးကို ဖြေဆိုခဲ့တယ်။

"အင်း ရပါတယ် နင်ကဘာလာလုပ်တာလဲ"

"နင့်ကို လာကြိုတာလေ"

"ဘာလို့ ငါ့အိမ်က လာကြိုမှာပေါ့ "

"နင့်အိမ်က လူတွေ မအားလို့ ငါ့ကို လာကြို ခိုင်းထားတာ လာလေ "

"အင်းပါ "

စိတ်မသက်သာလိုက်တာ ကိုယ့်ကို သစ္စာ ဖောက်ဖူးတယ့်
ရည်စားဟောင်းနဲ့ ကားတစ်စီးတည်း စီးရတာ

"တော်ပြီ ဥက္ကာ ငါဒီမှာဘဲ ဆင်းပြီး Taxi ငှါးလိုက်မယ် ငါနင်နဲ့ တစ်ကားတည်း စီးရတာ
ငါစိတ်က မသက်သာဘူး "

ဥက္ကာ ဟာကားကို ရပ်ပြီး ကျွန်မမျက်နှာကို အသေအချာ
ကို စိုက်ကြည့်နေခဲ့တယ် ပြီးနောက် သူပြောပြတယ့်
အကြောင်းအရာများကို ကျွန်မအံသြော်
တကြီး လည်း ဖြစ်သလို ကျွန်မမှာ ရယ်ရခက် ငိုရခက်
တယ့် အခြေအနေကြီးပေါ့။

သူပြောပြတာကတော့......

"ဆရာ ကျွန်တော့် ရဲ့လက္ခဏာ တွေက ဘယ်ရောဂါ
ဖြစ်ဖို့ အစပျိုးနေတာလဲ"

"လူနာကိုယ်တိုင်သိမှဖြစ်မှာဆိုတော့ မင်းဖြစ်မေတယ့် လက္ခဏာ တွေက ကင်ဆာရောဂါသမားတွေ
ဖြစ်နေတယ့်အရာ....သြော် ဒီလူနာကလည်း
စစ်ဆေးဖို့ကိုဘာမှမလုပ်သွားဘူး"

"အဲ့အချိန်မှာ ငါက ငါ့ရောဂါက အခြေအနေဆိုးတယ်ထင်ပြီး ငါနေချင်သလိုတွေနေပြီး လေနေမိတယ်
ဒါပေမဲ့ ငါ့ရောဂါက ကုလို့ရမှန်း နင် နိုင်ငံခြား
က်ုထွက်သွားတယ့်နေ့မှသိတာ ဒါပေမဲ့..."

ငါတို့အတွဲ(Zawgyi+Uni)Where stories live. Discover now