အပိုင်း ၁

172 13 0
                                    

ဈာန် တစ်နည်းအားဖြင့် မြန်မာနိုင်ငံမှာ ၁နှစ်အတွင်း အရှိန်အဟုန်ပြင်းပြင်းနဲ့ နာမည်ရလာတဲ့ZM Interior Decoration Company တစ်ခုကို

ဦးဆောင်နိုင်နေတဲ့ လူငယ်လုပ်ငန်းရှင်တစ်ယောက်။
အသက်အားဖြင့် ၂၇နှစ် ရှိပြီဖြစ်သော US Architectureနဲ့ ဘွဲ့ယူလာတဲ့ Architect တစ်ယောက်။ ၂၇ဆိုသောအသက် ရောက်သည့်ယနေ့အချိန်ထိ မိန်းကလေးတစ်ယောက်ကိုသာ နှလုံးသားထဲမှာမြှုပ်နှံပြီး ကြိုးစားခဲ့တဲ့ လူငယ် တစ်နည်းအားဖြင့် မိတ်ဆွေအပေါင်းအသင်းများကြားတွင် လူပျိုကြီးပေါက်စ ဟုပင်နောက်ပြောင်ခြင်းခံနေရသော ဈာန်။
သူ့နှလုံးသားမှာ ကမ္ဗည်းထိုးထားတဲ့ အမည်နာမက  မေ ဈာန့်ရဲ့ အချစ်ဦး သီရိမေ တစ်ဦးတည်းသာ။
"လွမ်းလိုက်တာမေရယ်.... မင်းဒီရေဒီမြေမှာကောရှိနေသေးရဲ့လားကွာ " ဈာန် တစ်ယောက် သူတတ်ရောက်ခဲ့သော ကျောင်းတော်ကြီးကိုငေးရင်း ရေရွတ်လိုက်ခြင်း
ဖြစ်သည်။ ယနေ့ကား ညီဖြစ်သူ ကောင်းမြတ် တက္ကသိုလ်ဝင်တန်း စာမေးပွဲနောက်ဆုံးနေ့ဖြစ်တာကြောင့် ဈာန် ကျောင်းတော်ကြီး၏ရှေ့တွင် စောင့်ဆိုင်းရင်း အတိတ်နေ့ဟောင်းများကိုလွမ်းဆွတ် တမ်းတနေမိသည်။
ဈာန့် အတွေးများက လွန်ခဲ့သော၁၁နှစ်တာ ကာလဆီသို့ယနေ့ကား တက္ကသိုလ်ဝင်တန်း နောက်ဆုံးဘာသာ ဖြေပြီးသောနေ့  ကျောင်းတော်ကြီး၏ ပတ်ဝန်းကျင်တစ်ခွင်တွင် အဖြူအစိမ်းဝတ် ကျောင်းသား၊ကျောင်းသူတွေ ရဲ့
လွတ်လပ်ပျော်ရွှင်နေတဲ့အော်ဟစ်သံများ ပျံ့လွင့်လျက်ရှိလေသည်။
ထိုသို့ပျော်မြူးနေသော ကျောင်းသားများထဲတွင် ဈာန် တစ်ယောက်တော့မပါပေ။ အကြောင်းမှာ မနက်ဖြန်မနက်တွင် ဈာန်သည် သူချစ်ရသောမွေးမိခင်၊ မွေးရပ်မြေနှင့် အချစ်ရဆုံးသော တစိမ်းတစ်ယောက်တို့အား နှုတ်ဆက်ကာ ဖခင်ရှိရာ US သို့ပညာဆက်သင်ရန် ထွက်ခွာ ရမှာကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် နှုတ်ဆက်ရန် ကျောင်းဝန်းထဲတွင် မနှုတ်ဆက် ရသေးသော အချစ်ဆုံးတစိမ်း မေဟု အမြတ်တနိုးခေါ်ရသော သီရိမေအား လိုက်ရှာ နေမိသည်။
"မေရေ မေ" ရှေ့တွင် သာသာယာယာ လျောက်လာတဲ့ သီရိမေကိုတွေ့တာနဲ့ ဈာန် ၀မ်းသာအားရ လှမ်းခေါ်လိုက်သည်။
"သြော် ဈာန်ဖြေနိုင်ရဲ့လား...စာမေးပွဲဖြေနေထဲကမေးချင်နေတာ All Dပဲမလား" မေလည်းဝမ်းသာအားရမေးလိုက်တယ်။
"All Dလညမဟုတ်ပါဘူးမေရယ်.. ဈာန့်အတွက် အမှတ်တွေက အရေးမကြီးတော့ပါဘူး မေရယ်...."
ဈာန် စိတ်ပျက်စွာပြောလိုက်တယ်။
"ဟင် ဈာန် ဘာလို့အမှတ်တွေကဘာလို့ အရေးမကြီးရမှာလည်း"
"ဈာန် အခုမေ့ကိုစောင့်နေတာ နှုတ်ဆက်ဖို့ပါမေ ဈာန် မနက်ဆို Daddyရှိတဲ့ USကိုလိုက်သွားရတော့မယ် ကိုယ့်Daddyနဲ့မား ကအကွာရှင်းခင်သဘောတူထားတာလေ သားနှစ်ယောက် လုံး၁၀တန်းပြီးရင်ဟိုမှာ ကျောင်းထားပြီး  အလုပ်အတွေ့အကြုံ ယူခိုင်းရမယ်လို့"
"မေ က ဈာန်သွားမှာ စိတ်မကောင်း မဖြစ်ဘူးလား"
"သြော် မေ ပြောတယ်လေ ဈာန့်ဘ၀ တိုးတက်ဖို့ ပဲကို"
"ကဲ အဲ့ဒါဆို ဈာန် သွားတော့မယ်"
"အင်းပါ ဈာန် ပြန်တွေ့ကြတာပေါ့နော်"

အချစ်ဦးမှသည်.........Where stories live. Discover now