အပိုင်း ၂ (ဇာတ်သိမ်းပိုင်း)

86 12 0
                                    

"ဟုတ်ပါပြီ ဈာန်ရယ် ကဲ မေ တို့အကြောင်းတွေ နောက်မှအေးဆေးတွေ့ပြီး ပြောရအောင် အခုတော့ အလုပ်ကိစ္စလေး အရင်ပြောကြမယ်နော် "
"ကောင်းပါပြီဗျာ ဒါဖြင့် ကိုယ်တို့ မနက်ဖြန် ညစာ တူတူစားကြမလား"
"အင်းလေ သွားကြတာပေါ့"
"အဲ့ဒါဆိုကိုယ် အချိန်နဲ့ နေရာကိုmessage ပို့လိုက်မယ်နော်"
ဒီနေ့ ဈာန် တစ်ယောက် အလုပ်လုပ်ရတာ ပျော်ရွှင် တက်ကြွနေတယ်။ အလုပ်စောစောဆင်းပြီး မေနဲ့တွေ့ဖို့ လူပျိုပေါက်လေးတစ်ယောက်လို ပြင်ဆင်နေမိသည်။

ထို့နောက် Body fit ကြက်သွေးရောင်အင်္ကျီနဲ့ Style Pant အနက်ရောင်ကိုတွဲဖက် ၀တ်ဆက်ပြီး လက်ဆောင်ဘူးကိုကိုင်လျက် မေနဲ့ ချိန်းထားတဲ့
စားသောက်ဆိုင်သို့ ဦးတည်ထွက်ခွာ လာလေသည်။
တဖက်မှာလည်း မေ တစ်ယောက် တစ်နေ့လုံးရင်တွေ ခုန်ပြီး အလုပ်လုပ်ရတာ အလွဲလွဲ အချော်ချော်တွေ ဖြစ်နေတာ ၀န်ထမ်းတွေကတောင် အထူးအဆန်း ဖြစ်ကြတဲ့အထိ။
အခုလည်း နေ့လည် ၃ခွဲထဲက ပြင်နေတာ ညနေ ၄:၄၅မှ ပြင်လို့ပြီးတယ်။ မေ၀တ်ထားတဲ့ Ivy ရောင်မြန်မာဝတ်စုံလေးက မေ့ကိုပိုပြီးအိနြေ္ဒရှိ တင့်တယ်စေတယ်။

ဈာန် စောင့်နေတာကြာပြီလား"
"သိပ်မကြာသေးပါဘူးမေ ကိုယ်လည်းအခုပဲရောက်တာ... မေရယ် လှလိုက်တာ လှတယ်ဆိုတာထက် You look grace မေ ကိုယ် ပြင်ဆင်ထားတဲ့ လက်ဆောင်နဲ့ မေ နဲ့တော့အတော့်ကို လိုက်ဖက်မှာ"
"ဟင် ဈာန်ကဘာတွေ ပြင်ဆင်ထားလို့လဲ"
"ဒီမှာလေ....."
"အို.... လှလိုက်တဲ့ လည်ဆွဲလေး"
"မေ ကိုယ်ဆွဲပေးခွင့် ရှိမလားဟင်"
"သဘောပါရှင်" ရှက်ပြုံးလေးပြုံးကာ မေ ခွင့်ပြုလိုက်မိသည်။
"အင်း အခုမှ မေ ကပိုကျက်သရေ ရှိသွားတာ"
"ဈာန် ကပြောင်းလဲလာလိုက်တာ စကားတွေလည်း တော်တော်တတ်လာတယ်"
"ကိုယ် မပြောင်းလဲပါဘူး စကားတတ်လာ တာကတော့ ကိုယ့်အရွယ်က ဆယ်ကျော်သက် ပေါက်စလေးမှ မဟုတ်တော့တာ"

"ပြေပါဦး ဈာန့် အကြောင်းလေး အိမ်ထောင်တွေ ဘာတွေကျနေပြီလား"
"ကိုယ်အခုထိ အိမ်ထောင်ကျဖို့ မပြောနဲ့ ရည်းစားတောင်မထားခဲ့ပါဘူး မေရယ်"
"ဟုတ်လို့လား နိုင်ငံခြားပြန် အောင်မြင်တဲ့ အင်ဂျင်နီယာ တစ်ယောက်ကဟုတ်လို့လား"
"ဟုတ်ပါတယ် မေရယ် ကိုယ်က ကိုယ့်ရဲ့ အချစ်ဦးကို ပြန်ရောက်ထဲက လိုက်ရှာနေတာပါ"
"အင်းပါ အခုရောရှာတွေ့ပြီလား"
"တွေ့ပြီလို့တော့ ထင်တာပဲ... ကဲ ကိုယ့်အကြောင်းကိုထားပါ မေ့အကြောင်းလေး လည်းပြောပါဦး"
"မေ့အကြောင်းက မထူးဆန်းပါဘူး မေ ၁၀တန်းပြီးတော့ ဝါသနာပါတဲ့ စီးပွားရေးတက္ကသိုလ် တတ်ခဲ့တယ် ပြီးတော့ MBAဆက်တတ်တယ် အခုတော့ ဖေဖေ့companyမှာ အလုပ်ဝင်နေတာ ကျောင်းပြီးတည်းကဆိုပါတော့"
"မေ ကောအိမ်ထောင်တွေဘာတွေကျနေ ပြီလား? ဒါမှမဟုတ် ချစ်သူတွေဘာတွေတွေ့နေပြီလား?"
"ပေါက်ပေါက်ရှာရှာ ဈာန်ရယ် ဘယ်ကသာ မေက လည်းဈာန့်လိုပဲ အချစ်ဦးကို စောင့်နေတာပါ။"

အချစ်ဦးမှသည်.........Where stories live. Discover now