BTHC - 14

4.8K 286 5
                                    

(အမုန်းကန့်​လန့်​ကာ၏ ​နောက်​ကွယ်​ အပိုင်း - ၁၄ )

" လာ ဒီကို "
ယုန်​က​လေးက ပါပီ​လေးရဲ့ လက်​ကိုဆွဲပီး
ဘေစင်​နားကို ​ခေါ်သွားတယ်​ ။

" ပြ Ge ကို "
မေးဖျား​လေးကို အသာဆွဲယူရင်း ​ရှောင်းကျန့်​ မျက်​နှာအနှံ့ကို အကဲခတ်​လိုက်​တယ်​ ။

ကျစ်​ ။ ဟိုမိန်းမ မစာမနာ ငါ့က​လေးအသားကို ရိုက်​ရက်​တယ်​ ။ ကြည့်​ပါလား ။ ပါးဖြူဖြူဥဥ​လေး​တွေ​ပေါ်မှာ လက်​ငါး​ချောင်းရာ အထင်းသား ။

ရှောင်းကျန့်​ ရိ​ပေါ် နဖူး​ပေါ် ဝဲကျ​နေတဲ့ ဆံနွယ်​နုနု​လေး​တွေကို ဖယ်​​ပေးပီးအိပ်​ကပ်​ထဲက နာနတ်​သီးကလစ်​​လေးထုတ်​ပီး ညှပ်​​ပေးလိုက်​တယ်​ ။
ဆံပင်​​တွေ ရှင်းသွား​တော့ ​ပေါ်လာတဲ့
ရှောင်းကျန့်​ အပိုင်​ ​လေယာဉ်​ကွင်း​လေး ။
နဖူးပြင်​ ပြန့်​ပြန့်​​လေးကို အနမ်းဖွဖွ ​ပေးလိုက်​တယ်​ ။

ရိ​ပေါ် ငိုထားတဲ့အတွက်​ မျက်​လုံး​လေး​တွေ မို့အစ်​​နေပီ ။ နီရဲ​နေတဲ့ နှာတံ​လေး​ပေါ်က အနည်းငယ်​ မို့အစ်​ကျဉ်း​မြောင်း​နေတဲ့ မျက်​ခွံမို့မို့​လေး​တွေက
ရှောင်းကျန့်​ စိတ်​ကို ကလိကလိဖြစ်​​စေတယ်​ ။

ရဲတွတ်​​နေတဲ့ ပူစီ​ဖောင်းအိအိ​လေးကို လက်​​ချောင်း​ရှည်​ရှည်​​လေး​တွေနဲ့ အသာဖွဖွ ပွတ်​သပ်​ရင်း
" အရမ်းနာ​နေလား "

" အင်း အရမ်းနာတယ်​ အရမ်းဘဲ ဒါ​ပေမဲ့ Ge Ge အနမ်း​လေး​ ပေးလိုက်​ရင်​​တော့ ​ပျောက်​သွားမှာ "

ကျန့်​ကျန့်​ ပေါက်​စီလုံး​လေးကို လက်​နှစ်​ဖက်​ကြား အသာညပ်​ရင်း တစ်​ဖက်​တစ်​ချက်​စီ အနမ်းဖွဖွ ​ပေးလိုက်​တယ်​ ။

" သူ...သူက လက်​​ရော ကိုင်​သေးတယ်​ "
ရှောင်းကျန့်​ လက်​ဖြူဖြူ​ဖောင်း​​ဖောင်း​လေး​တွေကို
အသာဆွဲယူပီး လက်​ဖမိုး​လေး​တွေ ရွှတ်​ခနဲ
နမ်းလိုက်​ပြန်​တယ်​ ။

Behind The Hate Curtain [အမုန်းကန့်​လန့်​ကာ၏ ​နောက်​ကွယ်​][Complete]Donde viven las historias. Descúbrelo ahora