BTHC - 38

2.6K 168 60
                                    

(အမုန်းကန့်​လန့်​ကာ၏ ​နောက်​ကွယ်​ အပိုင်း - ၃၈ )

ရိ​ပေါ် Japan ကို ​ရောက်​တာ တစ်​ပတ်​ပြည့်​ပီ ။

ရှောင်းကျန့်​ ရိ​ပေါ် ကို သူသွား​လေ့လာရမယ့်​ 
နေရာ​တွေ ​ခေါ်သွားတယ်​ ။
SaDaKo က​တော့ သူတို့နဲ့ လိုက်​လာခဲ့ပီး
ဓာတ်​ပုံ​တွေ လိုက်​ရိုက်​​ပေးတယ်​ ။

" Xiao Zhan Ge Ge !!!
ဒီဘက်​လှည့်
ရိ​ပေါ်​ကော က အသာ​လေး ဖက်​ထား​ပေး "

" ဟာ အဲ့လိုကြီး ​တောင့်​​တောင့်​ကြီးမ​နေနဲ့​နေ
ပြုံးပြုံး​လေး​နေ "

" ဟုတ်​ပီ သဘာဝကျကျ​လေး "

SaDaKo ​​ပြောပီး ဓာတ်​ပုံ​တွေ ရိုက်​​ပေးတယ်​ ။
သုံး​ယောက်​သား Tokyo အနှံ့လိုက်​သွားပီး
Fields​တွေ ​လေ့လာတယ်​ ။
နေ့လည်​ကျ ထမင်းတူတူစားကြတယ်​ ။

" ရိ​ပေါ် ​ကော ကို ​ပေး မုန်​လာဥ မစားဘူးမလား "

" နံနံပင်​ စားမယ်​ ကျွန်​​တော့်​ကို ​ပေး "

" ခရမ်းသီးကြီး မကြိုက်​ပါဘူး "

" ကျွန်​​တော့်​ကို ​ပေး ကျွန်​​တော်​ စားမယ်​ "
စကားလု​ပြောပြီး တစ်​​ယောက်​မကြိုက်​တဲ့ အစားအစာ ​နောက်​တစ်​​​ယောက်​က ဖယ်​​ပေး​နေတာကို SaDaKo ပြုံးကြည့်​​နေမိတယ်​ ။

" SaDaKo မစားဘူးလား "

" ​တော်​ပီ ​ကော ညီမ ရင်​ပြည့်​​နေသလိုဘဲ
ကောတို့ များများစား "

" အဲ့ဒါဆို အ​အေးဖြစ်​ဖြစ်​ တစ်​ခုခုဖြစ်​ဖြစ်​ ​သောက်​လိုက်​​လေ ​ဆေးလဲ​သောက်​ထားအုံး ​နေမ​ကောင်းဖြစ်​​နေမယ်​ "
ရှောင်းကျန့်​ ​​ပြောပြီး ရိ​ပေါ် ကို ဘဲကင်​ခွံ့​ကျွေး​တော့
နှုတ်ခမ်း ​​ဟ မလာတာ​ကြောင့်​ က​လေး​ပေါက်​ကို ငုံ့ကြည့်​​တော့ သူ့ကို မျက်​​စောင်းထိုးကြည့်​​နေသည်​​လေ ။

" ဘာလို့လဲ "

ရိ​ပေါ် နှုတ်​ခမ်း​ထော်​လိုက်​ပီး
" Ge က သူ့ကိုဘဲ ဂရုစိုက်​​နေတယ်​ ကျွန်​​တော့်​ကိုကျ ဂရုမစိုက်​ဘူး ​တော်​ပြီ
ရိ​ပေါ်​လေး ​နေမ​ကောင်းဖြစ်​သွားပီ "

Behind The Hate Curtain [အမုန်းကန့်​လန့်​ကာ၏ ​နောက်​ကွယ်​][Complete]Donde viven las historias. Descúbrelo ahora