အမုန်းသင့် အိပ်မက် Part.5

2.6K 82 13
                                    

  အမုန်းသင့် အိပ်မက်

     Part.5

Writer - SaungAngel ( Author _ M )

            သစ္စာရှင် အိမ်တော်

၁၉၉၉ ဒီဇင်ဘာ ၂၆

* ကိုနေ ဘယ်ဆီကိုများရောက်နေလဲ
ခ ဒီလောက်မှာလျက်နဲ့ ပြန်မလာတာ
ခကြောင့်လား ကိုနေ
ခမျက်နှာမမြင်ချင်လောက်တဲ့အထိ ကိုနေ
ခကိုမချစ်ခဲ့တာလား
အဲဒီလိုသာဆို ကိုနေ့ဘက်က ခကိုချစ်တယ်လို့
စမပြောခဲ့ပါနဲ့တော့လား
အခုတော့ ခကအရူးကြီးကိုဖြစ်လို့
ကိုနေများ ပြန်လာလေမလားအတွေးနဲ့ ခလေ နေ့တိုင်းခြံတံခါးဝမှာထိုင်စောင့်နေရတာ လေးရက်ကြီးများတောင်ရှိနေပြီ
ဒါပေမယ့်
ကိုနေကတော့ အသည်းမာစွာ ပြန်မလာခဲ့ဘူးနော်*

အိမ်တော်ခြံတံခါးအနားမှာ ထိုင်ခုံလေးချကာထိုင်ရင်း
အပြင်ကိုပဲ ငေးမျှော်ကြည့်နေတဲ့
1999ဒီနှစ်နွေမှာပင် အသက်နှစ်ဆယ့်တစ်နှစ်
ပြည့်ထားတဲ့ ရှိန်းမင်းခ…

* ကိုနေ့ကို ခနှုတ်ကနေသာ မုန်းတယ်လို့ပြောရင်ပြောမိလိမ့်မယ်
ခနှလုံးသားကတော့ ခသေမှ
ကိုနေ့ကိုမုန်းတယ်လို့ပြောထွက်လာမယ်ထင်တယ်
မဟုတ်ဘူး ခသေရင်တောင်
ခနှလုံးသားလေးက ကိုနေ့ကိုချစ်တယ်လို့ အော်ပြော
နေမလားမသိတော့ပါဘူးဗျာ
အခု  ခငိုနေတယ် ကိုနေ
ခမျက်ရည်ကိုသုတ်ပေးမယ့်လက်ပိုင်ရှင်က ခကို
ထားသွားလို့လေ*

ကျလာတဲ့သူ့မျက်ရည်တွေကိုမသုတ်ဘဲ ခြံအပြင်
ဘက်ကိုသာ မျက်စိဝေ့ဝိုက်ကာကြည့်ရင်း
ချစ်ရသူများပြန်လာလေမလား ငေးမျှော်နေမိတဲ့

   “ သား…ခလေး…”

     “ မား…ဘာဖြစ်တာလဲ…”
     “ ဘာဖြစ်လို့ငိုနေတာလဲ…”

အိမ်တော်ထဲကနေ သူ့ဆီကိုငိုရင်းပြေးလာတဲ့
မားကြောင့်
သူ့ရင်တွေအတိုင်းအဆမရှိပူလို့နေပေပြီ။

     “ ခလေး…သားနေ…”
     “ သားနေကိုရှာတွေ့ပြီတဲ့…”

* ကိုနေ့ကိုရှာတွေ့ပြီတဲ့ ခနားကြားမမှားပါဘူးနော်
နတ်ကောင်းနတ်မြတ်တွေက ခဆုတောင်းသံကို
ကြားသားပဲ*

     “ မားရယ်…ကိုနေ့ကိုရှာတွေ့တာများငိုနေရတယ်လို့…”
     “ ခ…လန့်သွားတာပဲ…”

အမုန်းသင့် အိပ်မက် ( Z+U)Where stories live. Discover now