Part 2

2.4K 336 68
                                    

(Zawgyi)

နှိုးစက်မြည်တာနဲ့ ကျွန်တော်အိပ်ယာပေါ်ကနေ ဝုန်းခနဲထကာ ဘာဘာညာညာအချိန်ဆွဲမနေတော့ဘဲ အလုပ်သွားဖို့ပြင်တာ ဟိုတစ်နေ့ကကိစ္စ ဖြစ်ပြီးကတည်းကပါ...။ ဒါဟာတိုးတက်လာတဲ့ ပြောင်းလဲမှုလို့ပဲ သတ်မှတ်လိုက်တော့တယ်...။ Omma ကတောင် စစချင်းမှာတအံ့တဩဖြစ်နေသေးရဲ့...။

တစ်ပါတ်လောက်ကြာလာတော့ ခုလိုအနေအထားကို ကျွန်တော်သဘောကျလာတယ်...။ ရေးကြီးသုတ်ပျာဖြစ်မနေတော့ မနက်စာလည်း ကောင်းကောင်းစားရတယ်...။ အလုပ်နောက်ကျမှာလည်း မပူရဘူး...။

စိတ်ကောင်းရှိတဲ့ ကျွန်တော်ဟာ အဲ့နေ့ကတွေ့ခဲ့တဲ့ လူရမ်းကားကောင်ကိုပဲ ကျိတ်ပြီးကျေးဇူးတင်လိုက်တယ်...။ အဲ... အနမ်းခံလိုက်ရတာကိုတော့ ထည့်မတွက်တော့ပါဘူးလေ...။ အသားပဲ့ပါသွားတာမှ မဟုတ်တာဘဲ...။

ဒါပေမဲ့လည်း ထိုအကြောင်းကို Omma ကိုတော့ မပြောဖြစ်ခဲ့...။ အနည်းငယ်တော့ ရှက်စရာကောင်းတယ်မလား...။ မိန်းကလေးဆိုလည်း တော်သေးတယ်...။ ယောင်္ကျားလေးချင်းအနမ်းခံရတာကိုတော့ သားအမိချင်းပေမယ့် ပြောပြမနေချင်တော့...။

"သား Seokjin ဒီနေ့ဘယ်သွားစရာရှိလဲ...??"

အလုပ်ပိတ်ရက်မို့ အေးအေးဆေးဆေး သတင်းစာလေးဖတ်ကာ ကော်ဖီထိုင်သောက်နေတဲ့ ကျွန်တော့်ကို Omma က လှမ်းမေးတယ်...။ စဉ်းစားကြည့်တော့ သူငယ်ချင်းအပေါင်းအသင်း များများစားစားမရှိတဲ့ကျွန်တော်ဟာ အလုပ်ပိတ်ရက်မှာလည်း လျှောက်လည်စရာနေရာမရှိခဲ့...။ ရှိတဲ့သူငယ်ချင်းတွေကလည်း သူတို့အလုပ်နဲ့သူတို့ မအားကြဘူးလေ...။

"ဘယ်မှမသွားဘူး Omma... ဘာလို့လဲ...??"

"အော်.. အဲဒါဆို Omma ကို ဈေးလေးနည်းနည်းလောက် ဝယ်ပေးမလားဟင်... အိမ်အတွက်လိုအပ်တဲ့ တစ်ပါတ်စာကုန်ခြောက်လေးတွေလေ"

ဈေးဝယ်တာလောက်က အပန်းမကြီးတာကြောင့် ကျွန်တော်လည်း ကူညီလိုက်ဖို့ဆုံးဖြတ်လိုက်တယ်...။ အရင်ကလည်း Omma မအားရင် ကျွန်တော်ပဲ သွားပေးနေကြကိုး...။

"ရတယ်လေ Omma.. စာရင်းစာရွက်သာပေး"

ဒီလိုနဲ့ Omma ပေးတဲ့စာရင်းစာရွက်ကိုယူကာ အိမ်နှင့် မနီးမဝေးမှာရှိတဲ့ super market ဆီကို ထွက်လာခဲ့လိုက်တယ်...။ ဈေးစာရင်းအတိုင်း လိုအပ်တာတွေလိုက်ဝယ်အပြီးမှာတော့ ကျွန်တော့်အတွက်လည်း မုန့်အနည်းငယ်လောက်ဝယ်ဖို့ စဉ်းစားလိုက်တယ်...။

As Long As You Love Me (Completed) Where stories live. Discover now