Part 4

2.3K 313 29
                                    

(Zawgyi)

Date ကြရအောင်ဆိုတဲ့ သူ့ရဲ့ message ကြောင့် ကျွန်တော့်မှာအပြေးအလွှား မျက်နှာပေါင်းတင်ရသေးတယ်...။ first dating ဆိုတော့ ရင်ခုန်မိတာတော့အမှန်...။

ခုအရွယ်ထိရည်းစားမထားဖူးတာကြောင့် dating နဲ့ပတ်သတ်ပြီး အတွေ့အကြုံကလည်းမရှိ...။ အဲလိုကျတော့ သူ့ဘက်ကရော ကျွန်တော်က ဘယ်နှယောက်မြောက်လဲဆိုတာ သိချင်လာပြန်ရော...။

တကယ်ဆို သူနဲ့ပတ်သတ်ပြီး ကျွန်တော်သိတာဘာမှမရှိ...။ ညတိုင်းဖုန်းပြောဖြစ်ကြပေမယ့် သူ့အကြောင်းမေးလိုက်တိုင်း ဒီအတိုင်းသူ့တစ်ယောက်တည်းကိုပဲ ကြည့်ပေးပါဆိုတဲ့စကားကြောင့် ကျွန်တော်ထပ်မမေးဖြစ်ခဲ့...။ ဘာပဲဖြစ်ဖြစ် သူနဲ့ကျွန်တော်ကြားက အခုလိုမျိုးဆက်ဆံရေးကို တကယ်သဘောကျပါတယ်...။

"Omma ရေ... အပြင်သွားလိုက်ဦးမယ်"

အလုပ်ပိတ်ရက်ဆို အိမ်မှာပဲနေတဲ့ကျွန်တော်က ခုမှပြင်ဆင်ပြီး အပြင်ထွက်တော့ ဟင်းချက်နေတဲ့ Omma လည်း ဇွန်းခွက်ကြီးကိုင်ကာ ပြေးထွက်လာတယ်...။

"ဟဲ့...ဒါကဘယ်သွားမှာလဲ...?? ဝတ်စားထားတာကလည်း ကျော့မော့လို့... ရေမွှေးပုလင်းကရော ကိုယ်ပေါ်မှောက်ကျလာတာလား...??"

Omma ရဲ့အပြောကြောင့် ကျွန်တော်ရှက်ကိုးရှက်ကန်းနဲ့ လည်ပင်းကိုပွတ်ရင်း ရယ်လိုက်မိတယ်...။ တကယ်ပဲ Omma ကို ဘယ်တော့မှညာလို့မရဘူး...။

"Date မလို့လေ... အဟီး..."

"အံမယ်... ဘာလိုလိုနဲ့ ငါ့သားငယ်တောင်စွံပြီပေါ့... ဝမ်းသာပါတယ်ကွယ်.. သားရဲ့ချစ်သူကို တစ်ရက်လောက်တော့ အိမ်ခေါ်ခဲ့ဦးလေ"

"ဟုတ်ကဲ့ Omma.. ခုတော့သွားပြီနော်"

Omma ကိုနှုတ်ဆက်ပြီး ကျွန်တော်လည်း သူနဲ့ချိန်းထားတဲ့ဆီကို ထွက်လာခဲ့လိုက်တယ်...။ လက်ကနာရီကို မြှောက်ကြည့်လိုက်တော့ ချိန်းထားတဲ့အချိန်ထက် အနည်းငယ်တောင်ကျော်နေလေပြီ...။ အကြောင်းမှာ သင့်တော်မယ့်အဝတ်အစားကို လွယ်လွယ်နဲ့ရှာမတွေ့သောကြောင့်ပင်...။

တအားကြီးရိုးသွားမလား...?? ကလေးကလားဆန်သွားမလား...?? မိန်းမဆန်သွားမလား...?? စသည်ဖြင့်အမျိုးမျိုးတွေးတောကာ အချိန်အကြာကြီးရွေးချယ်ခဲ့ရခြင်းပင်...။ ခုတော့လည်း ရှပ်အင်္ကျီလက်ရှည်နဲ့ style pant နဲ့သာ အဆုံးသတ်သွားခဲ့တယ်...။ ရိုးပေမယ့်လည်း နဂိုချောတဲ့သူမို့ ကြည့်ကောင်းပါတယ်လေ...။

As Long As You Love Me (Completed) Where stories live. Discover now