When we meet again

145 13 12
                                    

အချစ်ဦး နဲ့ ပြန်ဆုံတွေ့တဲ့အခါ
အချစ်ဦးနဲ့ ပြန်တွေ့ခဲ့မယ် ဆိုရင် ဆိုပြီး စိတ်ကူးယဉ်ကြည့်ထားတာ အများကြီး ရှိတယ် ။

အကြာကြီးလွမ်းနေခဲ့ရတာ ဝက်ပုတ်လေးရဲ့ဆိုပြီး
သူ့ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ချင်တယ်
ဒါမှမဟုတ် ရင်ခွင်ထဲ ထည့်ပြီးဖက်ထားရမလား
နောက်တစ်ခေါက် ထပ်ထွက်မသွားအောင် ခပ်တင်းတင်းလေး

ပိုပြီးအရေးကြီးတာ တစ်ခုကျန်သေးတယ်
ကျွန်တော် သူ့ကို ချစ်တယ်လို့ ဖွင့်ပြောရမယ် ။

ဟ .. ဟ ဟုတ်တယ်ဗျ
ကျွန်တော် အချစ်ဦး ဘာညာ ဆိုပြီးသာ feel နေတာ
သူ့နဲ့ ကျွန်တော်က တရားဝင်ချစ်သူတွေလည်း မဟုတ်ခဲ့
ဒီအတိုင်း အချစ်ဦးပဲ ဆိုပါတော့

နားရှုပ်သွားလား .ကျွန်တော်တို့ဇာတ်လမ်းလေးက. ဒီလိုဗျ

ကျွန်တော်တို့အိမ်ဘေးက အန်တီကြီးနဲ့ မားနဲ့ ခင်သွားရာက သူနဲ့ ကျွန်တော် စသိတာပဲ ။
စသိတုန်းက ကျွန်တော်က ၆ နှစ်သား သူက ၄ နှစ်သား

"Hyung "

"ဘာလဲ ပြော "

Jaebeom ဂိမ်းဆော့နေရင်း မို့
ဘေးအိမ်က အလည်လာတဲ့ မိန်းမကြီးရဲ့ သားဖြစ်သူ
ဝက်ပေါက်လေး ကို အရေးမစိုက်နိုင်
စကားပြန်မပြောရင်လည်း မား က ဆူမှာမို့
လှည့်မကြည့်ပဲ ထူးလိုက်တော့
အကောင်ပေါက်က သူ့ဂိမ်းစက်ကို လာလုလေသည် ။

"Yah !!! Choi Youngjae !! "

မှေးစင်းနေတဲ့ မျက်လုံးကိုအသားကုန်ပြူး
အံကြိတ်ပြီး အသားကုန် စွတ်အော်လိုက်တော့
ငိုလေတော့သည် ပါးစပ်ကလည်း အော်နေသေးတာ

"မာမား .. Hyung က အော်တယ်
Hyung က သားကို အနိုင်ကျင့်တယ်
Hyung အကျင့်ပုတ်တယ် အီးဟီးဟီး "

လူကောင်သာ ပုတုတု ဝတုတ်ကလေး ဖြစ်နေတာ
အော်ငိုတဲ့အသံက ကျွန်တော့်နားပါပိတ်ထားရတယ်

"Im Jaebeom ညီလေး ကိုဘာလို့အနိုင်ကျင့်တာလဲ"

အဲ့နေ့က မားဆီကနေ ကျွန်တော်အဆူခံရသည်
တကယ် အနိုင်ကျင့်ခံရတာက သူလား ကျွန်တော်လား
တကယ် မသိခဲ့တာပါ ။

2Jae One Shot Collection 💚حيث تعيش القصص. اكتشف الآن