Our days

91 8 0
                                    

ပျားပန်းခပ်မျှ သွားလာနေကြသော 
လမ်းမကြီး တစ်ခုပေါ်တွင် လူတန်းစားပေါင်းစုံ အရွယ်ပေါင်းစုံ လူမျိုးပေါင်းစုံ သက်ဝင်လှုပ်ရှားနေကြသည် ။

သူတို့နှစ်ယောက်လည်း ထိုလူတွေထဲမှာ ပါဝင်နေတဲ့
သာမာန်လူသားနှစ်ယောက်မျှသာ ဖြစ်သည် ။
ထူးခြားတာက အေးစက်သော December လပင်
ဖြစ်လင့်ကစား သူတို့ရဲ့ လက်တွေက နွေးထွေးနေခြင်းပင်ဖြစ်သည် ။ Long Coat အထူကြီးရဲ့ အိပ်ကပ်ထဲ မှာ
နွေးထွေးစွာ ဆုပ်ကိုင်ထားကြသော သူတို့ရဲ့ လက်လေးတွေမှတဆင့် နှလုံးသားဆီဖြန့်ကျက်ပြီး နွေးထွေးတယ်ထင်ရသည်။

"ဒီမှာ ထိုင်ရအောင် "

ဟန်မြစ်ကမ်းဘေးမှာ ထိုင်ပြီး ချိန်းတွေ့နေကြသော
စုံတွဲတွေအများကြီးကိုလည်း တွေ့ရသည် ။ သူတို့လည်း
ထိုစုံတွဲတွေထဲက သာမာန် စုံတွဲ တစ်တွဲမျှသာ ဖြစ်လေသည် ။ အဲ အနည်းငယ်တော့ သာမာန် မဟုတ်ဘူးပေါ့လေ ။

"နှစ် တစ်နှစ်တောင် ကုန်တော့မယ် "

မြစ်ပြင်ကြီးကို ငေးကြည့်ရင်း ပြောတော့
ခုနကအထိ မြစ်ပြင်ကို ငေးကြည့်နေတဲ့ လူကြီးက
သူ့ဘက်ကို လှည့်ကြည့်လာမှန်း ရိပ်မိပေမယ့် ပြန်မကြည့်ဖြစ်

"Jae မှတ်မိသေးလား "

"အွန်း မှတ်မိတယ် မှတ်မိတယ် "

ဘာဆိုတာ ပြောစရာမလိုပဲ ချက်ချင်း နားလည်လိုက်ကာ
အကြည့်ချင်းဆုံပြီး ပြိုင်တူရယ်မောမိကြသည် ။
ပြီးနောက် လွန်ခဲ့တဲ့ ၆ နှစ် သူတို့ ချစ်သူဖြစ်ကာစ
အချိန်ကို ပြန်ပြီး သတိရသွားကာ နှစ်ယောက်လုံး ပြုံးနေမိသည် ။

"Hyung ကျွန်တော် နဲ့ တွဲရအောင် " ဆိုပြီး
စဖွင့်ပြောခဲ့တဲ့ ကောင်လေးက မျက်နှာကြီး နီရဲပြီး ရှက်နေခဲ့တာကိုလည်း ရာသီဥတုအေးလို့ မျက်နှာနီရဲနေတယ်ထင်ပြီး လက်ဖဝါးနှစ်ဖက်နဲ့ ပါးဖောင်းဖောင်းလေး တွေကို
အပူပေးခဲ့ဖူးတာကိုလည်း မှတ်မိသည် ။
ဘယ်မှာ Date ရမလဲ မသိ၍လည်း New Year ပြီးသည်အထိ လမ်းမပေါ်မှာ လမ်းလျှောက်နေခဲ့ကြသည် ။
နဲနဲတော့ အူကြောင်ကြောင်နိုင်ပေမယ့် နွေးထွေးပါသည်။

2Jae One Shot Collection 💚Where stories live. Discover now