𝙳𝚘𝚗'𝚝 𝙲𝚊𝚕𝚕 𝙼𝚎 𝙱𝚊𝚋𝚎! 𝙹𝚎𝚘𝚗 𝙹𝚞𝚗𝚐𝙺𝚘𝚘𝚔!!

18.3K 872 165
                                    

(Zawgyi)

နံနက်​ခင်းတစ်​ခုရဲ့ အလှကို ​အိပ်​ရာ​ပေါ်တွင်​ ​စောင်​​ဖြင့်​လုံးကာ အိပ်​​မောကျ​နေ​သော Taehyung ​သည်​ ​ကောင်းစွာ ခံစား​နေစဉ်​...။

" Tae Hyung !! မထ​သေးဖူးလား ​ကျောင်းသွားရမယ်​​ ​ကျောင်း​နောက်​ကျ​တော့မှ မနိုးဘူးမလုပ်​နဲ့ အခုထ!"

ထိုအသံ​ကြောင့်​ Taehyung ​ကောင်းစွာမခံစားနိုင်​​တော့ဘဲ ထ​ရ​​တော့သည်​။ ထိုကဲ့သို့ Papa သည်​ အသံ​ကောင်းလွန်းလှပါသည်​။

!!!!!!!!!!!

အခန်းတခါးထံမှ မြည်​လာ​သော အသံ​ကြောင့်​ papa အခန်း​ရှေ့​ရောက်​​နေပြီဆိုတာ သိလိုက်​သည်​။

" Taehyung ! မထ​သေးဘူးလား!"

" ထပြီ ထပြီ papaရဲ့ တံခါးကို ​ဖြေး​ဖြေးထုပါ တံခါးလဲ ကျိုးကျအုံးမယ်​"

အိပ်​ရာထဲမှပြန်​​အော်​လိုက်​ရင်း ကုန်း​ရုန်းကာထကာတံခါးသွားဖွင့်​လိုက်​သည်​။
အခန်းထဲဝင်​လာတာနဲ့ ဆူ​ပူကာ ဖွထား​သောပစ္စည်းများအား သိမ်းဆည်း​နေရင်းပါးစပ်မှလဲ ပွသိပွစိဖြင့် ။

" တံခါးက ငါထုရုံနဲ့ ကျိုးကျစရာလား! "

"အင်းပါ သိပါတယ်​ စကားအဖြစ်​​ပြောတာပါ papaရဲ့ "

"​ရေမိုးချိုးပြီး​အောက်​ဆင်းလာ​တော့ မနက်​စာစားဖို့ Appa​စောင့်​​နေတယ်​"

" ဟုတ်​ကဲ့"

ရေမိုးချိုးပြီးကာ အဝတ်​စားလဲရန်​ အဝတ်​ဘီဒိုအား ကြည့်​လိုက်​ကာ မိန့်​မိန့်​ကြီး ပြုံးမိပြန်​သည်​ ဘီဒိုတစ်​ခုလုံ Gucci ​တွေနဲ့ ပြည့်​​နေသည်​မှာ စိတ်​ချမ်းသာစရာအလွန်​​ကောင်း​နေသည်​။ ထိုအဝတ်များထဲမှ အမိုက်​ဆုံးဖြစ်​မယ်​ထင်​တဲ့ ... ။
ရိုးရိုးအဖြူ​ရောင်​Hodieတစ်​ထည်​​ကောက်​ဝတ်​လိုက်​သည်​။
ဘာဝတ်​ဝတ်​သူက​ချောပြီးသားမို့ ဒါ​တွေမလိုပါဘူး...။

________________Byuntae JEON____________

အတန်းထဲ​ရောက်​​တော့လူကအသက်​မထွက်​ရုံတစ်​မယ်​ဖြစ်​​နေတာမို့ အ​နောက်​တန်းက Jihoonဆီက​ရေ​တောင်း​သောက်​ရသည်​ ဘာလို့လဲဆို...
အိမ်​မှထွက်​လာမှနာရီကြည့်​မိပြီး ​ကျောင်း​နောက်​ကျ​နေပြီဆိုတဲ့ အသိနဲ့​​ကျောင်းကို အသည်းအသန်​​ပြေးရတာကို ထုတ်​လာသမျှရှိုး​တေအကုန်​ ကြက်​​ပျောက်​ငှက်​​ပျောက်​ကိုဖြစ်​​ရော...။
လမ်းမှာလဲတွေ့သမျှ အကုန်ဝင်တိုက်ခဲ့တာမို့ သူ့နောက်မှာ ကျန်ခဲ့တဲ့သူတွေလဲ ရစရာမရှိ။

𝙱𝚢𝚞𝚗𝚝𝚊𝚎 𝙹𝙴𝙾𝙽( Completed )Where stories live. Discover now