𝚂𝚙𝚎𝚌𝚒𝚊𝚕 𝙿𝚎𝚛𝚜𝚘𝚗 𝙵𝚘𝚛 𝙹𝚄𝙽𝙶𝙶𝚄𝙺

4.2K 435 24
                                    

(Zawgyi)
တစ်ခါတစ်လေတော့လဲ လေးလေးနက်နက်စဉ်းစားမိသား JungGukလို လူကဘာကြောင့်သူ့နောက်ကို အတင်းလိုက်ကပ်နေလဲဆိုတာကို။

ဒါပေမဲ့ ဘယ်လိုဘဲစဉ်းစားစဉ်းစား နောက်ဆုံးရလာတဲ့ အဖြေက သူအရမ်းချောလို့ဆိုတာကလွဲလို့ တစ်ခြားအဖြေထပ်မထွက်လာခဲ့။

JungGukနဲ့အတူရှိနေရင် စိတ်ရှုပ်ပေမဲ့ သဘောကျသည်။ထိုအရာကို ဘယ်တော့မှ ဝန်ခံမှာတော့မဟုတ် အဲ့ဒါက နည်းနည်းရှက်ဖို့ကောင်းတယ်လေ။
ဒီတစ်ခေါက်ကျောင်းခရီးကနေပြန်လာပြီးထဲက နှစ်ရက်ရှိပြီ JungGukအရိပ်ရောင်တောင်မတွေ့သေးဘူး။

သတိရတာမဟုတ်ဘူးနော် အဲ့Byuntae ကောင်ကို သတိရဖို့များဝေးသေး ဒီတိုင်းမတွေ့မိနေလို့။ အရင်ကဆို ကျောင်းပိတ်ရက်တောင် အိမ်အထိအတင်းလာပြီး အပြင်လျှောက်သွားဖို့ လာခေါ်နေကြဆိုတော့။

" Taehyung ထမင်းစားလေ Papaချက်တာမကောင်းလို့လား''

ထမင်းပန်းကန်အား ထိုင်ကြည့်နေပြီး ဟိုတို့ဒီတို့ လုပ်နေတဲ့ သားဖြစ်သူကို မြင်နေရတာ Papa တို့ စိတ်မချမ်းသာ ။ သိပါတယ် ဟိုကလေးမလာလို့ ဖြစ်နေတယ်ဆိုတာ...။

" မဟုတ်ပါဘူး စားလို့ကောင်းပါတယ် ဗိုက်သိပ်မစာသေးလို့''

" ဟင်း...Taeလေး Papaနဲ့ Shopping ထွက်မလား Gucciဝယ်ပေးမယ်လေ''

"တကယ်လား! အင်္ကျီသွားလဲလိုက်တော့မယ်နော် Papa''

Gucciဆိုတဲ့အသံကြားတာနဲ့ သွက်လပ်သွားလိုက်တဲ့ Taehyungမှာဆိုရင် အခုလေးတင် လဒမှိုင်မိုင်နေတဲ့ပုံမဟုတ်တော့...။

ထိုနောက် သူနဲ့ Papa ဟာဆိုရင် Daddy SeoJunရဲ့ Black Card ကြီးကိုကိုင်ပြီး လျှောက်သွားနေပြီဖြစ်သည်။

ရုတ်တရက် Papaဆီမှာ ဖုန်းလာတာမို့ အဝေးထွက်သွားတဲ့ Papaကိုကြည့်ရင်း ရပ်စောင့်နေတုန်း JungGukကို အဝေးမှလှမ်းတွေ့လိုက်ရသည်။
အရင်ဝတ်နေကြ Hoodieတွေနဲ့မဟုတ်ဘဲ အမဲရောင် ရှပ်ကို ဘောင်းဘီ အမဲနဲ့တွဲဖက်ဝတ်ဆင်ထားတဲ့ JungGukက အရင်နေ့တွေကထပ် ပိုပြီးကြည့်ကောင်းနေသရောင်...။

" Taeလေးရေ Papa Daddy SeoJunဆီလိုက်သွားရမယ် အရေးတကြီးခရီးသွားရမှာမို့တဲ့ Taeလေးလိုက်မယ်ဆို Papaနဲ့ပြန်လိုက်ခဲ့လေ''

𝙱𝚢𝚞𝚗𝚝𝚊𝚎 𝙹𝙴𝙾𝙽( Completed )Where stories live. Discover now