Valentine's Day

4.4K 526 12
                                    

Valentine’s Day

Indoor dateဆိုသည့်အတိုင်း ဘာပကာသနမှမရှိ။ 

ဆေးရုံအတွင်းရှိ အမှောင်ချထားသည့် အခန်းလေးတစ်ခန်းထဲတွင် Wedding Dayက ပုံလေးများကို projectorတစ်လုံးထောက်ကာဖြင့် ပျော်ရွှင်စွာ ကြည့်နေကြသော သောလျှံခနှင့် ဂျူနိုလေး...။ ဖယောင်းတိုင်မီးလေးတွေ ထွန်းထားတာကြောင့် အရမ်းမမှောင်ဘဲ လင်းပြပြလေးဖြစ်နေသည်။

ဂျူနိုသည် သောလျှံခရင်ခွင်ထဲတွင် ဝင်ထိုင်နေသည်။ သူတို့နှစ်ယောက်၏ဘေးတွင် ကော်ဖီဖျော်ထည့်ထားသည့် အဖြူရောင်mugခွက်လေးနှစ်ခွက်ကလည်း နေရာယူထားသည်။ ထိုကော်ဖီခွက်လေး၂ခွက်သည် ယခုမှ စဖျော်ထားမှန်းသိသာအောင် အငွေ့များ လှိုင်လှိုင်ထွက်နေလျက်...။

"ဒါကိုဘယ်လိုစီစဉ်လိုက်တာတုန်း"

"လက်ထပ်ပွဲတုန်းကလာတဲ့ ကိုယ့်သူငယ်ချင်း ကိုရဲလေ...သူ့ကို အကူညီတောင်းထားတာ"

"သြော်...သူကသိပ်သဘောကောင်းတာပဲ...အရမ်းသဘောကျတယ်လို့ပြောပေးဦးနော်"

"ဟုတ်ကဲ့ပါ"

"အဲ....နေဦး"

ဂျူနိုသည် သောလျှံခ ရင်ခွင်ထဲမှ ထွက်လိုက်ကာ ကုတင်ရှိရာသို့ သွားလိုက်သည်။ ထို့နောက် ခေါင်းအုံးအောက်တွင်ရှိနေသည့် အရာတစ်ခုကို ဆွဲယူပြီး သောလျှံခဆီပြန်ရောက်လာသည်။

"ခ' လက်ဖြန့်"

ဂျူနိုခိုင်းသည့်အတိုင်း သောလျှံခ လက်ဖြန့်ပေးလိုက်သည်။ ထို့နောက် သူ့လက်ပေါ်ရောက်လာသည့် အရာလေးက ပြာလဲ့လဲ့အရာလေးတစ်ခု....ကျောက်တုံးအသေးစားလေးတစ်ခုလို့ပြောလို့ရသည်။ ကြိုးအနက်ရောင်လေးနှင့် ရစ်ပတ်ထားသည်။

"လှလိုက်တာ....ဘာလေးလဲ"

သောလျှံခ အံ့သြပြုံးရွှင်သည့်စိတ်နှင့်အတူ ပြန်မေးမိသည်။

"အဲ့ဒါကို 'ဝံသဝဏ်' ကျောက်လို့ခေါ်တယ်...အချစ်နတ်ဘုရားမ ဗီးနပ်စ်ကို ရည်ညွန်းတယ်တဲ့...ဒီကျောက်တုံးလေးက ချစ်ခြင်းတရားကို နှစ်ပေါင်း ၅ထောင်တိုင်အောင် တည်မြဲစေတယ်လို့ အယူအဆရှိတယ်...အခု 'ခ'အတွက် ကျွန်တော်က ဒီကျောက်တုံးလေးကိုပေးတာဆိုတော့ နောင်နှစ်ပေါင်း၅ထောင်ထိ 'ခ'အတွက် ကျွန်တော့်ချစ်ခြင်းတွေ တည်နေပေးမယ်လို့ပြောတာ"

ထာဝရ၏ ခြောက်စက္ကန့်စာ(Six Seconds Of Forever)Where stories live. Discover now