{1}

8.5K 396 16
                                    

(Unicode)

သာသာယာယာရှိလှတဲ့နေ့တစ်နေ့မှာ ရှောင်ကျန့်တစ်ယောက် ပန်းချီဆွဲဖို့ပစ္စည်းကိရိယာအစုံအလင်ယူပြီးအိမ်မှစက်ဘီးတစ်စီးနဲ့ထွက်လာခဲ့တယ်။

ရာသီဥတုကသာယာလွန်းလှသည်မို့ ရှောင်ကျန့်တစ်ယောက်သီချင်းတညည်းညည်းနဲ့ ပင်လယ်ကမ်းစပ်ထိရောက်အောင်စက်ဘီးစီးလာခဲ့တယ်။ ညနေ့ဘက်ရောက်ပြီးမို့ လမ်းတစ်လျှောက်မှာ အပျင်းပြေလမ်းလျှောက်နေကြတဲ့မိသားစုတွေ၊ ပြီးတော့အလုပ်မှ၊ကျောင်းမှပြန်လာကြတဲ့လူတွေရယ်နဲ့ သက်ဝင်လှုပ်ရှားနေတယ်။

ရှောင်ကျန့်နေတဲ့'ချောင်'မြို့လေးကတကယ့်ကိုပဲ အေးအေးချမ်းချမ်းရှိလှတယ်။ ပင်လယ်ကမ်းစပ်မြို့ဖြစ်တာ​ကြောင့် ပယ်လယ်ပြင်ရဲ့လက်ဆက်တဲ့ရနံက မြို့လေးကိုလွှမ်းခြုံနေတယ်။ မိုးမျှော်အဆောက်အအုံတွေနဲ့ ခမ်းနားတဲ့မြို့ကြီးပြကြီးတွေလို့မဟုတ်ပေမယ့်ခပ်သေးသေးမြို့တစ်ခုတော့မဟုတ်ပါ။ အကျယ်ဝန်းတစ်ခုရှိပြီး သာယာလှတဲ့ပင်လယ်ပြင်ကြောင့် လာရောက်အပန်းဖြေသူများရှိတဲ့မြို့တစ်မြို့။ ပင်လယ်လုပ်ငန်းတွေအကြီးကျယ်လုပ်ကိုင်ကြပြီး စီးပွားရေးလည်ပက်မှုအားကောင်းတာကြောင့်လည်း အတော့်ကို တိုးတက်တဲ့မြို့တစ်မြို့သာ။

ရှောင်ကျန့်တစ်ယောက် စက်ဘီးကိုအေးဆေးနင်းနေရာကနေ ပင်လယ်ကမ်းစပ်ရောက်ခါနီးမှာအရှိန်မြှင့်လိုက်တယ်။ ကမ်းစပ်နားတိုက်နေတဲ့လေထုကြားထိုးဖောက်လိုက်ရတဲ့ ဒီလိုအရသာမျိုးကိုရှောင်ကျန့်ကြိုက်တယ်။ပြီးတော့ ကမ်းစပ်ဘက်ကိုကျော်ဖြတ်ရင်း ခပ်မြင့်မြင့်တစ်နေရာဆီရှောင်ကျန့်ဉီးတည်လိုက်တယ်။

ကမ်းစပ်ကိုကောင်းကောင်းမြင်ရတဲ့ကုန်းမြင့် တစ်နေရာမှာရှောင်ကျန့်စက်ဘီးကိုအသာရပ်လိုက်ပြီး ပန်းချီဆွဲဖို့စပြင်တော့တယ်။ညနေစောင်းခါနီးမို့ နေလုံးကြီးကပင်လယ်ပြင်အောက်နစ်မြှပ်စပြုနေပြီ။

ကမ်းစပ် သေင်္ဘောဆိပ်မှာတော့ ရေလုပ်သားအချို့ရယ်၊ တစ်ခါမှမမြင်ဖူးတဲ့လူတစ်စုရယ်။ ထိုလူတစ်စုထဲမှာပဲရှောင်ကျန့်ရဲ့စိတ်အစုံကို လူတစ်ယောက်ကဖမ်းစားသွားတယ်။ ချောမောတဲ့မျက်နှာပုံစံနဲ့ တည်တည်တံ့တံ့လူတစ်ယောက်ဟာ ရှောင်ကျန့်ကိုငေးမောနိုင်စေတယ်။

ပင်လယ်ပြာပုံပြင်Where stories live. Discover now