{2}

3.1K 278 24
                                    

(Unicode)

"ရှောင်ကျန့်ရေ.. မားကိုလေဦးလေးဆီကငါးတွေသွားယူပေးပါလား"

မီးဖိုချောင်ထဲသန့်ရှင်းရေးလုပ်ရင်းပြောလာတဲ့အမေ့စကားကြောင့် ရှောင်ကျန့် တီဗွီကြည့်ရင်းမုန့်စားနေရာမှနင်ခနဲဖြစ်သွားရတယ်။

"မားကလဲဗျာ.. စောစောစီးစီးအပြင်ကြီးထွက်ရဦးမှာ..ထွက်ချင်ဘူး"

"ဟဲ့! ဘာများပင်ပန်းလို့လဲ..နင်ဟာလေးခိုင်းလိုက်ရင်ဒီအတိုင်းချည်းပဲ..သွားယူစမ်းပါဟယ်..ဘယ့်နှယ့် သားလေးတစ်ယောက်ရှိပါတယ်..အားကိုးရမယ်မရှိဘူး $%&..."

စပြီ။ကြည့်...။ မားရဲ့ဓာတ်ပြားဟောင်းကြီးစပြီ။ တစ်ခါတစ်လေများညည်းညူပြလိုက်တာနဲ့ အတောမသတ်နိုင်တဲ့ဓာတ်ပြားဟောင်းကြီးစဖွင့်ပြီ။ ဘယ်တုန်းကများ သူခိုင်းရင်မလုပ်ပေးဖူးတာကျလို့။ လုပ်ချင်ချင်မလုပ်ချင်ချင်အမြဲလုပ်ပေးရတာပဲဟာ။

"သွားမယ်..သွားမယ်လို့! သားလေးတစ်ယောက်ရှိတာခိုင်းမယ်ဆိုတာချည်းပဲ"

ရှောင်ကျန့်တစ်ယောက် ဆောင့်ကြီးအောင့်ကြီးနဲ့စက်ဘီးကိုယူထုတ်ကာ ကမ်းစပ်ဘက်ထွက်လာခဲ့တယ်။ မားရဲ့"နေပူတယ်..ဦးထုပ်ယူသွား" ဆိုတဲ့စကားကိုလျစ်လျူရှုလိုက်ရင်းနဲ့ပေါ့။

                       ............

ရိပေါ် တစ်ယောက် စာအုပ်တကားကားနဲ့ ပင်လယ်ကမ်းစပ်မှာခေါက်တုံ့ခေါက်ပြန်လျှောက်နေမိတယ်။ တစ်ခြားကြောင့်တော့မဟုတ် မနေ့ညကဖတ်ခဲ့မိတဲ့ ဒိုင်ယာရီပထမစာမျက်နှာကြောင့် ဒီကမ်းစပ်မှာတဝဲတလည်လည်ဖြစ်နေတာ။ မနက်ခင်းအလုပ်ချိန်ကိုဖျက်ပြီးလာရတဲ့အထိ။

ရိပေါ်ဒီမြို့ကိုရောက်နေခြင်းက စုံစမ်းရေးကိစ္စသက်သက်ချည်းတော့မဟုတ်။ ရိပေါ်ရဲ့ အလုပ်ကိစ္စကြောင့်လည်းပါတာပေါ့။ ရိပေါ်က အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်။ ပင်လယ်ပြင်ကြီးကိုလေ့လာစူးစမ်းရတဲ့ လူတစ်ယောက်။ အဓိကကတော့ရိပေါ်က ပင်လယ်သတ္တဝါမျိုးစိတ်တွေလေ့လာရတာ။ Oceanography Biologist တစ်ယောက်ပေါ့။

ဟိုးစစချင်း ရိပေါ်အလုပ်စလုပ်တုန်းကတော့ ငါးပြတိုက်မှာပဲအေးအေးလူလူအလုပ်လုပ်ခဲ့တယ်။ တစ်နေ့တစ်နေ့ ငါးပြတိုက်ထဲလှည့်ပြီးသတ္တဝါတွေရဲ့ အခြေနေတွေကြည့်ရှုမယ်။ သဘောသဘာဝတွေလေ့လာမယ်။ တစ်ခါတစ်ခါကျ ဓာတ်ခွဲခန်းထဲအလုပ်လုပ်မယ်။ ရိပေါ့်အလုပ်က တစ်နေ့တစ်နေ့ဒါပဲ။တကယ့်ကို ပျင်းရိဖို့ကောင်းလှတယ်။

ပင်လယ်ပြာပုံပြင်Where stories live. Discover now