Part 2

4.4K 163 1
                                    

သူခင်းသောလမ်း
အပိုင်း(၂)
#သူခင်းသောလမ်း

ကျောင်းဆင်းချိန်မှ မိုးက လုပ်ပြီ..ပြသာနာပဲ…
မိုးရာသီမှာ မိုးရွာတာ မဆန်းပေမဲ့ ဒီဒီ အတွက်တော့ ထူးဆန်းနေပြီ…
ထီးကို လွယ်အိတ်ထဲက ဆွဲထုတ်တော့ ထီကိုင်းတွေ အကုန်လုံး ကျိုးနေသည်
မနက်က ထည့်လာတော့ အကောင်းကြီး ပါ..ဘယ်လို ဖြစ်တာလည်း..စဉ်းစားမရ..
“ဒီဒီ..ထီးမပါဘူးလား..” စုဝြေဖိုးက မင်းသမီးလို တစ်လှမ်းချင်း လှေကားက ဆင်းလာရင်းလှမ်းမေးသည်..။
“အေးဟ..”
ဒီဒီ ထီးကို အမြန်ပြန်ထိုးထည့်လိုက်ပြီး လိမ်လိုက်သည်..။
“ငါ နဲ့ တူတူ သွားမယ်လေ..နင့် အကို ဂျွန်စစ်လည်း တူတူ ပြန်မလား ဟိဟိ..”
စုဝြေဖိုးက သူ့ရုပ်မှ မသမျော ဂျွန်စစ် ကို အသေရရ အရှင်ရရ လိုချင်နေတော့တာ…
၅တန်းနှစ် ကတည်းမေးသမျှ ဂျွန်စစ် အကြောင်းချည်း..
၈တန်းရောက်လာပြီ သူ့မှာ မေးစရာ မကုန်နိုင်သေးဘူး..။
“နင်မှာလည်း နင်က ချောချောလှလှ လေး..ဟိုက တေလေဂျပိုးနှာချေးပဲထူ ရုပ်ကို မက်နေသေးတယ်..”
“အဟက် ငါက တကယ်လှတာလားဟ..”
“လှတာပေါ့..ငါသဘောမတူနိုင်ဘူး..”
“နင်ကလည်း..”စုဝြေဖိုးက လက်လိမ်နေတာ မပြီးနိုင် သူ့ ထီးကပ်ဆောင်း ရမှာမို့လို့..ပိုပိုသာသာ ပြောပေးရတာ..ဟူး..။
ဂျွန်စစ်က မိုးကာ ၀တ်ရင်း လှေကားက ပြေးဆင်းလာသည်..။ အနားရောက်တော့..
“ညီမလေး….ထီးပါဘူးလား..” ရုပ်ကိုက စပ်ဖြဲဖြဲ..သိလိုက်ပါပြီ..ထီးက သူ့ဟာသူ ကျိုးတာမဟုတ်…မနက်  ခဏ ကိုင်ခိုင်းလိုက်တုန်း အကုန်ချိုးပစ်တာ…
“မသာလေး..မပါဘူး..ဟ…”
“ဟဲ့..ဒီဒီ ရဲ့ ကိုယ့် အကို အဲလို ပြောရဘူးလေ..”
“ကန်တော့ပါရဲ့…”ဒီဒီ ခေါင်းတစ်ခြမ်းစောင်း လက်အုပ်ချီသလိုလုပ်ပြီး ပြောလိုက်သည်..။
“ဟဲ့..ပိုဆိုးပြီ..”
“ပြောမနေပါနဲ့ စုဝေ ရာ ဒီအမိုက်မလေး ကို ငါ ပွေ မယူပါဘူး..”
“အကို ဂျွန်က သဘောကောင်းတယ်နော်..အဲဒါကြောင့် ချောနေတာ ဟီးဟီး..”
အကို ဂျွန် တဲ့ တစ်တန်းထဲ တက်နေပြီး သောက်မြင်ကပ်စရာ..
“စုဝေ ဆုပေးပွဲ မှာ နင် က ပါလား..အရမ်းလှမှာ..သလား..”
“ဟိ..တကယ်လား..”
“အေးပေါ့..”
ဘေးက စုဝြေဖိုး က တဟီးဟီးနဲ့ လုပ်နေတာ..မိုးရွာထဲ လျှောက်နေရတာ လူကလည်း မငြိမ် ထီးကလည်း မငြိမ်မို့ ဒီဒီ တစ်ကိုယ်လုံး စိုကုန်ပြီ..။
ဒီတိုင်းတော့ ဘယ်ထားလိုက်မလည်း..
“ငါသွားပြီ…”
“ဟဲ့..ဒိဒီ မိုးစိုကုန်မယ်လေ..”
ဒီဒီက ကျောပိုးအိတ်ကို ပိုက်ပြီးပြေးတော့..ခဏတော့ ဂျွန်ကြောင်သွားသည်..
“ဟာ…”
“ငါ သွားပြီစုဝေ..”
“နေအုံးလေ..ကြည့်စမ်း ညီမ ကို ချစ်တက်လိုက်တာ…”
စုဝြေဖိုး တစ်ယောက်တည်း ထင်ရာတွေ ပြောပြီး ကျန်ခဲ့တာ ဂျွန်စစ်ကတော့ ပြေးတာ ကျောင်းထိပ်ရောက်နေပြီလေ…။
“ဟတ်ချိုး…အဟွတ်..ဟွတ်..”
“ကျွတ်..ဂျွန်စစ် နင်ဟာလေ..”
ဟိုဟာမလေး..တစ်ခါ နှာချေ ချောင်းဆိုးတိုင်း မေမေ က ဂျွန်ကို ဆူနေတော့သည်..။
“သား မိုးကာပေးတော့ သားက ဘယ်လိုပြန်မလည်း မေမေ ရဲ့..”
“ဟဲ့ နင်က ယောင်္ကျားလေးလေ..မိန်းကလေး ဦးစားပေးရမှာ မသိဘူးလား..”
ဂျွန်စိတ်မရှည်တာနဲ့..
“မိန်းကလေး ဦးစားပေးကြေးဆို ကျောင်းထိပ်က ပြောင်းဖူးပြုတ်ရောင်းတဲ့ အဖွားကြီးလည်း မိုးရွာထဲ ငုတ်တုတ်ကြီး ဂျွန်က မိုးကာ တစ်ထည်တည်း ရှိတာ ဒီဒီ ပေးရမလား..ပြောင်းဖူးသည် ပေးရမလား..”
“စကားကို ကပ်ပြောပြန်ပြီ..”
မေမေ လက်က ဂျွန်ခေါင်းပေါ်ကျရောက်လာသည်..။
“သမီးလေး..ချမ်းနမှာပဲကွယ်..လာလာ မေမေ ဖက်ထားမယ်..”
မေမေ ရင်ခွင်ထဲကနေပြီး..ဒီဒီမ က မျက်လုံးမေးပြီး မျက်ခုံးပင့်ပြနေတာ အောင်နိုင်သူရုပ်နဲ့ တွေ့မယ်..လုပ်ထား…။
“ဒီဒီမ နင် မဟုတ်ဘူးနော်..ငါ လက်ညောင်းလာပြီ..မိတ္တူ သွားဆွဲပေးမယ်..”
“အဟွတ်..ဟွတ် ဆရာမ က မကြိုက်ဘူး..ဟွတ်..”
“ခွေးမ..နင်လုပ်ထား..”အသံကြိတ်ပြောပြီး စာကူးပေးနေရတာ တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ်..ကျောင်းမတက်တာ ၇ရက် ရှိပြီ…။
ကျောင်းတက်ချိန်ဆို အဖျားပြန်တက်လာလို့ မာမီ ကော မေမေ ကော ပျာယာခတ် နေကြသည်..။
ဒင်းညစ်တာ ဘယ်သူမှ မသိ..တစ်ယောက်တည်း ကျောင်းဆင်းကျောင်းတက်ရလို့ အေးဆေး ဖြစ်နေတာ ကြိုက်ပေမဲ့..အခုလိုနေ့တိုင်းစာကူးပေးနေရတာ မသက်သာဘူး..ဒင်းကတော့ ကုတင်ပေါ်မှာ ဇိမ်နဲ့နှပ်ပြီး စားချင်တာပြောလိုက် လုပ်ကျွေးရင် စားလိုက်နဲ့ ဟုတ်နေတာ…
တွေ့မယ် မနက်ဖြန်ကျရင်တော့ ဖော်ပြီလေ…။
“ဒီ သက်သာ ရဲ့လား..”
“သာမီးကျောင်းကို လွမ်းလိုက်တာ..သာမီးတော့ ဒီ တစ်သက်ကျောင်းမတက်နိုင်တော့ဘူးထင်ပါတယ်မေရယ်..အဟွတ်…”
“ဟယ်..မပြောကောင်း မဆိုကောင်း..ဆရာ၀န်ပြောတယ်လေ..သမီးက အဖျားမရှိတော့ဘူးတဲ့..”
“မေမေ မသိပါဘူး..အဟွတ်…TV နဲ့အဲကွန်း ရောဖြစ်နေတာ ဟတ်ချူး…”
မိုးမိုးလည်း ဒီဒီ ပြောတဲ့ ရောဂါမျိုး မကြားဘူးပါ..သူဇာက လည်း သေချာရပ်ပြီး စဉ်းစားနေသည်..။
“တီဘီချောင်းဆိုးနဲ့..ငှက်ဖျားက အဲကွန်းလို ချမ်းတာလေ..”
“အော်…ဒီဒီရယ်..သနားပါတယ်…”
“ကဲ သမီး မာမီတို့တွေတော့ ရောဂါ မကျွမ်းကျင်ဘူး..အဲတော့ ဆေးရုံ သွားကြမယ်…”
“ဟီး..သွားဘူး..သွားဘူး..သာမီး အခြေအနေ သာမီး သိပါတယ် မီမီ ရယ်…အဟွတ်…”
ဂျွန် အခန်း၀က ရပ်ကြည့်နေရင်း ဒါ ကိုရီးယားကားထဲက ဒိုင်ယာလော့တွေဆိုတာ သိနေသည်..။
“ဟာ..ဒီဒီ မရစ်နဲ့တော့ မာမီတို့ ဘယ်လောက်စိတ်ပူရသလည်း..ဆေးထိုးလိုက်ရင် ကောင်းသွားမယ့်ကိစ္စကို အခုကြာနေပြီ..ဖျားတာ ရက်ကြာရင် မကောင်းဘူး..”
ဆေးဘယ်ထိုးမလည်းဆေးပဲသောက်တာ ပါးစပ်ထဲငုံထားပြီး ပြန်ထွေးနေတာ တွေ ဂျွန်သိလည်း မပြောဘူး..မေမေ က မဟုတ်တာပြောလို့ ဆိုပြီး ရီုက်နေအုံးမည်..။
“တော်ြ့ပီ.ထတော့ အိပ်ယာမှာနေတာ ကြာနေပြီ…”
မာမီ ဆွဲထူလိုက်တော့..ကြက်သွန်ဥနှစ်လုံးက ပြုတ်ကျသွားသည်..။
ဒီ အမြန် ခုန်ဆင်းလိုက်ပြီး ကြက်သွန်ကို ကုတင်အောက်ရောက်အောင်ကန်လိုက်သည်..
ဟုတ်ပြီး..ဟုတ်ပြီ..ဆက်သွား…ကုတင်အောက်၀င်ခါနီးမှ ခြေထောက်တစ်ခုက ခံနေသည်..
“မာမီ ကြက်သွန်တွေက ဒီဒီကိုယ်ထဲ ဘာလို့ထွက်ကျလာတာလည်း သိဘူး..”
“အေး..ဘာလည်း…ဒီဒီ…”
“ဒီဒီမ…နင် ငါကို သတ်နေတာလား ဟင်..”
မာမီ က ဒီဒီ ရဲ့ ဗိုက်ခေါက်လိမ်တာကော ခေါင်းခေါက်တာကော  လက်နှစ်ဖက်နဲ့ တစ်ပြိုင်တည်း လုပ်သည်..။
“အ..အ…သေပါပြီ..မေမေ…လုပ်ပါအုံး..”
“တော်ပါတော့ သူဇာရယ်…ကလေးက ဖျားပြီးခါစကို…”
“ဖျားပြီးခါစ..သူလုပ်လို့တို့နှစ်ယောက် ဘယ်လောက်စိတ်ပူရသလည်း..”
“ဟုတ်ပါပြီ မိုး ဆုံးမလိုက်ပါမယ်…”
မိုးမိုးက ကာထားလို့ လုပ်ချင်သလို လုပ်မရ..
“ဒီဒီမ ..နင်တော့လေ…”မာမီက နှုတ်ခမ်းကိုက်ပြီး ကျိန်းပြတော့ ဒီဒီ လည်း အားကျမခံ…
“ဂျွန်စစ် နင်နဲ့ ငါ တွေ့မယ်…”
“အေး..တွေ့မယ်လေ..ကျောင်းသွားဖို့ အရင်လုပ်..”
“အား…..”ဒီဒီ ခုန်ပေါက်ပြီး အခန်းထဲကထွက်သွားတော့ ဂျွန် အချိန်ဇယားတိုက်ပြီး စာအုပ်ထည့်နေလိုက်သည်..။
  “ဒီဒီ..ကျောင်းသွားရင် ဂျွန် နဲ့ ရန်မဖြစ်နေနဲ့နာ်..မာမီပြောတာကြားလား..”
“အမ်း..”ဒီဒီ အ၀တ်လဲရင်း ဂျွန်ကို ဘယ်လို ကလဲ့စားချေရမလည်း တွေးနေမိသည်..။
“ဒီဒီ နင်ကျောင်းပြန်တက်ပလား…”
“အင်း…”
“ငါတို့ နင်ကို စိတ်ပူနေတာ…နင် အခုလာတော့ အောက်က ဘာခံ ၀တ်လာလည်း “ယုယ က အထူး အဆန်းတွေလာမေးပြန်သည်..။
“ဘောင်းဘီပေါ့ဟ ဘာလို့လည်း...”
“ဂျွန်စစ် ငါတို့ကို ပြောတာ နင် ၀မ်းသွားနေလို့ လမ်းလျှောက်လို့တောင် မရဘူးတဲ့..ဒိုင်ဘာတောင် ခံထားရတယ်ဆို..”
“မသာ..တေချင်းဆိုး..”ဒီဒီ ခုံကနေ ဝုန်းကနဲ့ ထလိုက်ချိန်..
“အတန်းထ….နှုတ်ဆက်…”
“မင်္ဂလာပါ…ဆရာမ…”
“ထိုင်…အော်..ဒီဒီ လည်း ကျောင်းလာပြီပဲ..ကဲ နင်တို့လည်း ဒီဒီ ဆီက နမူနာ ယူ မုန့်စျေးတန်းက တွေ့ ကရာ ၀ယ်မစားကြနဲ့နော်…”
“ထိုင်…ထိုင်…”
“ကျွတ်…ဆရာမကလည်း မုန့်စျေးတန်း ကြော်ငြာမှာ ငါ က ဘာကိစ္စ ပါရပါလိမ့်..”
“ယင်နားစာ မစားရ ၀မ်းပျက်တက်သည်လို့ ပြောလည်း ပြီးတာကို ဟာ..” စာအုပ်တွေ ထုတ်ပြီး ခုံပေါ်တင်လိုက်သည်..။
“ဟီးဟီး…လူတစ်ယောက်လုံး စံပြ ထားတော့ မှတ်မိတာပေါ့ ဟာ…”
“နင်လည်း ပိတ်ထား ငါ ဒေါသထွက်နေတာ..”ဒီဒီ ဒေါသထွက်သမျှ အနောက်ခုံက စိမ်းမြ ကိုသာ ဖိပြောလိုက်သည်..။
ကျောင်းဆင်းချိန် မုန့်စျေးတန်းဘက် သွားပြီး.ပီကေ ၅ဗူး ၀ယ်လိုက်သည်..၂ရက်စာ မုန့်ဖိုးကုန်သွားပေမဲ့ ဒီအကြံ အစည် သာ အောင်မြင်ရင် တန်နေပါပြီ..။
အဆောင်နောက်က သစ်ပင်အောက်မှာ ထိုင်ပြီး ပီကေ တစ်ဗူးလုံး ဖောက်ဝါးလိုက် ဘေးပုံ ထားလိုက်နဲ့ ၅ ဗူး စလုံးကုန်သွားတော့ ပါးတွေ ညောင်းနေပြီ…ဘယ်သူမှ မတွေ့အောင် ဝါးပြီး သား ပီကေ ကို လုံးပြီး ယူလာလိုက်သည်..။
“ဟေ့..အောင်စိုး..ငါ ကျောင်းမတက်တာ ကြာသွားတော့ နင်တောင် ၀လာသလာလို့..”
“ဟေ..ဟုတ်လား..ငါ ကို ၀က်လို့ ပြောနေတာလား..”
“မဟုတ်ပါဘူး..”
ဒီဒီ လက်ထဲက စာအုပ်ကို ဂျွန်စစ် ထိုင်ခုံမှာ တင်လိုက်ပြီး..အောင်စိုးခုံနား သွားရပ်နေလိုက်သည်…။
ထင်တဲ့ အတိုင်း ကျောင်းခေါင်းလောင်းထိုးမှ ဂျွန်စစ် အပြေးအလွှား ၀င်လာသည်..။
“ဟဲ့..ဒီဒီ..နင် ငါ့နေရာ ဘာလာ လုပ်တာလည်း..”
“ဘာလည်း အောင်စိုးနဲ့ စကားပြောနေတာ မယုံရင်မေးကြည့်..”ဂျွန် က မယုံသင်္ကာ ဖြင့် အောင်စိုး ဘက်ကို လှည့်ပြီး..
“အောင်စိုး..ဒီဒီ ငါ့ ခုံကို လာသေးလား..”
“မလာပါဘူး ကွ သူ ဒီနောက်မှာပဲ..”ထိုစဉ်…
“အတန်းထ နှုတ်ဆက်..”
“ဂွတ်အဖ်တာနွန်း…တီချယ်…”
“ဟဲ့..ဒီဒီ..နင်က ဘာကိစ္စ ယောင်္ကျားလေး ဘက်ရောက်နေတာလည်း..”
“ဟီး..စာအုပ်လာငှားတာ တီချယ်..”
“သွား ကိုယ့်နေရာကိုယ်..”
“ဟုတ်..”
ဂျွန်စစ် ထိုင်ခုံက စာအုပ်ကို ဆွဲယူပြီး နေရာပြန်ပြေးလာလိုက်သည်..။
“အ…ဘာကြီးလည်း..ဟ..”
ဂျွန် ခုံမှာ ထိုင်ပြီးပြီးချင်း ပြန်ထလိုက်ရသည်..။
ဘာတွေမှန်း မသိသေး..
“ဟား..ဟား….ကုန်ပြီ..ပီကေ..တွေ ..မင်း..ဘယ်တောတိုးလာခဲ့တာလည်း..ဟား..ဟား…”
အောင်စိုးက ရယ်ရင်း ဂျွန်အနောက်ကနေ ပီကေတွေကို ဆွဲခွာပေးသည်..။
“မခွါ နဲ့ ငါ့ ဟာ့ငါ လုပ်မယ်..”
ဘောလုံးကန်ပြီး အုတ်ခုံထိုင်တုန်းက ကပ်ကုန်တာလား..
ဘယ်သကောင့်သားက လာကပ်သွားလည်း မသိဘူးကွာ..တောက်..စိတ်ထဲက ကျိန်ဆဲရင်း နောက်လှည့်ကြည့်တော့ မမြင် ပုဆိုး လှည့် ၀တ်လိုက်တော့..
အိုး..အိုး…နည်းတာ မဟုတ်ဘူး..ဘယ်ကောင်က ဒီလောက်ပီကေ ဝါးနိုင်မှာလည်း…
ဂျွန် ကြိုးစား ခွါ ကြည့်ပေမဲ့ နည်းနည်း ပဲ ရတော့သည်..။
“ဟဲ့ ဂျွန်စစ် ထိုင်တော့လေ…”
“ဟုတ်..ဟိုဟာ..တီချယ်..အပြင်ထွက်ခွင့်ပြုပါ..”
“အခုမှ ကျောင်းခေါ်တာလေ..”
“ဟီး..သား..မေ့သွားလို့..”
“သွား..မြန်မြန်…”
“သင့်ခ်ယူ တီချယ်..”
အိမ်သာရောက်မှ ပုဆိုးချွတ်ပြီး ဒူးကျဘောင်းဘီနဲ့ ထိုင်ခါ အေးဆေး ခွါရသည်..။
ဘယ်ကောင် ဝါးထားတာတွေလည်း မသိဘူး ရွံ့လိုက်တာ…
“ဒီလောက် ဝါးနိုင်တဲ့ ပါးစပ် နူဝဲ စွဲ ပြီး ရေယုန် ပေါက်ပါစေ…
သွားအကုန် ကျိုးပြီး ထမင်း မစားနိုင် ဖြစ်ပါစေ..ဆယ်တန်း ကောင်တွေ သောက်ပါးစပ် တော်တော် အားနေတာ..”
“ဟေ့ကောင် မင်း ဘယ်သူ့ ပြောတာလည်း…” ဘေးနားဘယ်တုန်းက ရောက်နေမှန်း မသိသည့် မဲကြီး
“အယ်..ကိုကြီး..ဒီကို ဘာလာလုပ်တာလည်း...”
“အိမ်သာရောက်နေတာမှတော့ ချီးပါဖို့ပေါ့ကွာ..မင်းစောနက ဘယ်သူပြောတာလည်း..”
“ကိုကြီးကို မဟုတ်ပါဘူး..အေခန်းက ကောင်တွေ စာကြီုးစားတော့လေ..ကျွန်တော်တို့က ဆူချည်း ခံနေရလို့..”
“ဟုတ်တယ်.ကျောင်းသား ဘ၀ နှစ်ခါမရဘူး..စာကြိုးစားတယ်ဆိုတာ တစ်သက်လုံး လုပ်လို့ရတယ်..”
“အဲဒါ..”
ဂျွန်လက်ထဲက ပုဆိုးမှာ ပီကေ တွေ တော်တော် လျော့သွားတော့ မှ အမြန်ကောက်၀တ်ပြီး ထွက်လာရသည်…။
ဆယ်တန်း l ခန်းက နာမည်ကြီး မဲမဲကြီး တစ္ဆေကြီး..နွားကြီး..ခွေးကြီး…
ဒေါသထွက်ထွက်နဲ့ အခန်းပြန်တဲ့လမ်းတစ်လျှောက် မဲမဲကြီးကို ချည်း ကျိန်ဆဲ လာခဲ့လိုက်သည်..။
အခန်းဝရောက်တော့ မိန်းကလေး ဘက်က အရင်..
ေ၇ှ့က ၀င်သွားရင် ဆရာမ ကတွေ့ပြီး ပွမ်မှာ စိုးလို့..
နောက်တံခါးက ၀င်လိုက်တော့..နောက်ဆုံးခုံက ဒီဒီ မ နဲ့ တွေ့ရပြီ..
“ဟဲဟဲ..တော်တော် ခွါ ခဲ့ရလား..”
“ဟင်..”ဒါ ဒီဒီ မ လက်ချက်ပဲ..
“နင်…”
“ဂျွန်စစ် ဘယ်သဝေးထိုးနေလို့ ဒီလောက်ကြာနေတာလည်း..မြန်မြန်လာထိုင်..”
“ဟုတ်ကဲ့..”
“နင်…တွေ့မယ်…” ကျိန်းပြီး နေရာ ပြန်ရောက်တဲ့ အထိ လျှာထုတ်ပြနေတုန်း..ပြေးထုချင်တာ စိတ်ထိန်းထားရင်း အင်္ဂလိပ်ဖတ်စာအုပ်ကို ခုံပေါ်ပစ်တင်လိုက်ရသည်..။
“.ဒီနေ့ နင်တို့ကို လက်မှတ်ထိုးနည်း အရင်သင်ပေးရမယ်တဲ့ စာသင်ချိန်က နောက်ကျ အုံးမယ်..”
“..စာရွက် အကြမ်းတွေ ထုတ်…”
လွယ်အိတ်ထဲက အကြမ်းစာအုပ်ကို ထုတ်နေပေမဲ့ ဒီဒီ ကို ကျိန်ဆဲနေမိသည်..။
“ဒီမှာ ကြည့် လက်ရေးကို ဆက်လိုက်..ပြီး ရင် ဒီလို…ဒီလို..တွေ့တယ်နော်..”
ဆရာမ က ကျောက်သင်ပုန်းမှာ Hla ကို ရေးပြသည်..။
“သေချာကြည့် ..ဒီလို စမယ်…ဒီလို..ဟုတ်ပလား…ရေးပြီး ရင် လာပြ..”
ဆရာမ က ခုံမှာ ပြန်ထိုင်ပြီး အင်္ဂလိပ်စာအုပ်ထုတ်ကြည့်နေသည်..။
ဂျွန်လည်း ဟို ခြစ် ဒီကုတ် ပြီး သွားပြလိုက်သည်..။
“ဟုတ်ပြီ..”
“အောင်စိုး ဆိုင်းက အလှဆုံးပဲ တော်တယ်..”
“ဟီး..သား.အဖေ သင်ပေးတာပါ ဆရာမ..”အောင်စိုးက အတန်းထဲမှာ အမြဲ အရိုက်ခံရသူပီပီ..ဆရာမ ရဲ့ ချီးကျူးသံစကားတစ်ခွန်းက သူ့ အတွက် နဂါးနိုင်ဓား ကောက်ရသလိုလို ပါးစပ် က နား တက်ချိတ်နေသည်..။
“အာကာ မိန်းကလေးတွေ ဘာကို အကြောက်ဆုံးလည်း..”
“အင်း..တီကောင်တိ်ု့ ကြွက်တို့ ကြောက်တယ်…”
အဲဒါတွေ  ကို ဒီဒီ မ ကြောက်တက်တာ ဂျွန် အတွက် မကောင်းပါ..
“တပြင်ဟာ..ဘာကြောက်သေးလည်း..မိဘတွေ သိရင် အဆူခံ ရမဲ့ဟာမျိုး..”
“ဟား..ဟား…ရည်းစားစာ ပေါ့ကွာ…ငွေမှုံ ဆိုရင်  ကျောင်းတောင် ထုတ်ခံရတယ်…”
“ဂွတ်..အိုင်တီယာ..အာကာ..အာဘွား..”
“ခွေးမကြီး..ပလုပ်တုတ်..ဟာကွာ ရွံ့ လပ်တာ..”
“ဖြီုးဝေ ဆီ သွားလိုက်အုံးမယ်…”
“ကြွ..” ဂျွန် အောင်စိုးနဲ့ နေရာလဲပြီး ထိုင်လိုက်သည်..။
“ဖြိုးဝေ…”
“ပြော ဘာကိစ္စ..”
“ငါ့ဘက်မလှည့်နဲ့ စာအုပ်ပဲ ကြည့်နေ ဆရာမ ကြည့်နေတယ်...”
“အိုကေ..”
နှစ်ယောက်သား စာအုပ်ကို ငုံ့ကြည့်နေပြီး..
“ငါ့ကို ရည်းစားစာ တစ်စောင် လောက်ရေးပေးစမ်းပါ..”
“ဟဲဟဲ…ရတယ်လေ..၅၀၀ရာ…:”
“စျေးကြီးလိုက်တာကွာ…”
“မကြိုက်ရင် မရေးနဲ့..ငါ့လည်း ၀တ္ထုစာအုပ်တွေကို အလကားဖတ်ထားရတာ မဟုတ်ဘူးကွ..”
ဒီဒီ တောင်မှ ပိုက်ဆံအကုန်ခံ ပါးစပ်အညောင်းခံ ပြီး ဒုက္ခ ပေးသေးတာပဲ ဂျွန်က ပိုက်ဆံ ပဲ ကုန်မှာ..
“ဟူး..ပြီးရောကွာ ရေးပေး ညနေ ကျောင်းမဆင်းခင် လိုချင်တာနော်..…”
“ဒီအင်္ဂလိပ်အချိန်ပြီးတာနဲ့ ရစေရမယ်..”
“အက်ဆေးပြီးအောင်ရေးထားနော်…”
“ဟုတ်ကဲ့ပါ…”
ဖြိုးဝေတို့လည်း ကုန်းရေးနေပါပြီ အက်ဆေးတော့ အက်ဆေး…
“ရော့ ရပြီ..နာမည် ကိုယ့်ဟာကို ရေး…”
“အင့် ၅၀၀..”
၅ရာ သမျော ပေမဲ့ အောင်စိုး ခုံကို ပြေးရပြန်သည်..။
“အောင်စိုး..မင်း..ဒီဒီ ကို ကြိုက်တယ်မလား..”
“မကြိုက်ပါဘူး..”
“ကြိုက်လိုက်စမ်းပါကွာ..သူက မင်းကို ကြိုက်နေတာ..”
“မဟုတ်ဘူးထင်တယ်…”
အောင်စိုးတို့ အဲလို ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတာ…။
“အားလုံး အဆင်ပြေစေရမယ်..မင်း လက်မှတ်လေး တစ်ချက်ပဲ လိုတာ မင်းလက်မှတ်ကလှတော့ သူ သိမ်း ထားချင်မှာပါ..”
“ဟီး..ဟီး..”မုန့်ခိုးစားထားတဲ့ ပါးစပ်နဲ့ ဖြဲ ပြနေတာ …
“ဟီး..မင်းသားလက်မှတ် တောင်းတာ ကျနေတာပဲ...ပေး မြန်မြန်..”
ဂျွန် ၅၀၀တန်တဲ့ စာရွက်ကို မဖြန့်ပေးပဲ စာရွက် အောက်နားကို ဆိုင်းထိုးခိုင်းလိုက်သည်..။
“ဟား..ဟား..အင်္ဂလိပ်ကားတွေ ကြည့်ထားတာ အလကားမှတ်လို့ ဒီဒီ ရေ နင်သေပီ မှတ်..”
ဂျွန် တစ်ယောက် ရှေ့ ခုံ သွားလိုက် နောက်ခုံ သွားလိုက်နဲ့ ဘာတွေ ကြံစည်နေလည်း မသိပေမဲ့.ဒီဒီ ကတော့ ကြည့် ပြီး မျက်ခုံးလှုပ်နေသည်..။
အနားကပ်လာရင် သတိထားဖို့ အဆင်သင့်ပြင်ထားပေမဲ့..ကျောင်းဆင်းတဲ့ အထိ အနားမလာတော့ ဒီဒီ အသက်ရှု လိုက်တိုင်း အန္တရာယ် အနံ့ တွေ ရနေသည်..။
“ဒီဒီ..ပြန်မယ်လေ..”
“နင် ရှေ့က သွား..”
“ဘာဖြစ်လို့လည်း..”
“နင့်ကို မယုံလို့…”
“ဟား..ဟား..သူများ မကောင်းကြံ ပြီး တွေးကြောက်နေပြီမလား..ကောင်းတယ်..”
ဂျွန် ရှေ့က ထွက်သွားတော့မှ ဒီဒီ နောက်က လိုက်လာရသည်..။
“ဟော..ပြန်လာကြပလား..”
“ဟုတ်..”
“ဟူး..ပင်ပန်းလိုက်တာ..”
ဂျွန် လွယ်အိတ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး..ဆိုဖာ မှာ ပစ်ထိုင်လိုက်သည်..
မေမေ က ပခုံးကို ရိုက်ပြီး..
“အောင်မလေး..မသိရင်..ကူလီထမ်းပြီး ပြန်လာကျနေရောပဲ..ထ မြန်မြန် ရေသွားချိုး..”
“ဂျွန် ဒီနေ့ ဘောလုံးကန်လာလို့ ပြီးမှ ချိုးမယ်..”
“တော်တယ်..မသိရင် စာကျက်လို့ပဲ ပင်ပန်းလာသလိုလို “
“သမီး..ဒီ ရေ…ရေချိုး လိုက်နော်…”
“ဟုတ်ကဲ့ မေမေ…”
ဒီဒီ အခန်းထဲက ထွက်လာတော့ ကျောင်းစိမ်း မလဲသေးပဲ ဆိုဖာမှာ ထိုင်ပြီး တီဗီ ကြည့်နေတဲ့ ဂျွန်..
ကျွတ်..စိတ်ထဲ တစ်မျိုးတော့ တစ်မျိုးပဲ…
ဒီဒီ ရေချိုးခန်းထဲ ၀င်သွားတော့ သူ့ အခန်းထဲ ပြေး၀င်လိုက်ပြီး…လွယ်အိတ်ကို ရှာ ရသည်..
“ကျွတ်..ဘယ်မှာ ဖွတ်ထားခဲ့တာလည်း..”
တွေ့ပါပြီ..ငယ်ငယ် ကတည်းက အတူတူ နေလာတော့ ဒီဒီ  တွေးသမျှ တပ်အပ် သိသည်..။
အခုလည်း ထဘီစင်အောက်မှာ ဝှက်ထားခဲ့တာ..ဘုန်းနိမ့် အုံးမယ်..နိမ့်ပလေစေ..
ထဘီစင်အောက် ခေါင်းတိုး၀င်ပြီး လွယ်အိတ်ထဲက စာအုပ် ဆွဲ ထုတ်လိုက်တော့ သင်္ချာ ပုံနှိပ် ပါလာသည်..။
အရေးကြီးပါတယ် ဆိုကာမှ..အဂ်လိပ်စာအုပ်ပြန်ရှာရသည်..မာမီက ဒီဒီ ကို အဂ်လိပ်စာ အရင် ကြည့်ပေးတာ ဂျွန်သိနေတယ်လေ…။
အခန်းထဲ က အပြင်ရောက်တော့ ဟန်မပျက် တီဗီထိုင်ကြည့်နေလိုက်သည်..။
ဒီဒီ အခန်းထဲ ပြန်၀င်ခါနီး ပေစောင်းစောင်း ကြည့်သွားတာကို မသိချင်ယောင်ဆောင်ပြီး ကြွက်နဲ့ကြောင်ကြည့်ရင်း ရယ်နေလိုက်သည်..။
“သားဂျွန်..ရေချိုးဖို့..”
“ဟုတ်..မာမီ..”
ဂျွန် အ၀တ်အစားလဲပြီး ရေချိုးန်းထဲ ၀င်ဖို့ လုပ်ပြီးခါမှ..
“မာမီ.ဒီနေ့ ကျောင်းမှာ အက်ဆေး ရေးရတာလေ..မှားလို့ အကုန်အရိုက်ခံရတယ်..လက်တွေတောင် စပ်နေတုန်းပဲ..”
“ဟယ်..မြန်မြန်ချိုး..သားပြီး ရင် မာမီ ပြပေးမယ်..”
“ဟုတ်..”
ဂျွန် ရေချိုးခန်းထဲ ၀င် ပြီး ခွီးနေမိသည်..။

~~~~~~~~~~~~~~~~~~~~~~~~

မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
အရေးအသား မကောင်းတော့
ဖတ်ရတာလည်း ကောင်းမှာဟုတ်ပါဘူး 🙏😭
သည်းခံပေးပါနော် 🙏
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all

#စပိုက်ကာ

သူခင်းသောလမ်းWhere stories live. Discover now