Part 28

2.6K 117 0
                                    

သူခင်းသောလမ်း
အပိုင်း(၂၈)
#သူခင်းသောလမ်း

“ဂျွန်  ဆောဒီး..ဆောဒီး..ဆောဒီး..ပါဟာ..နော်..နော်...
နော်...”
ဒီဒီ ဖုန်းကို ယူပြီး ကြည့်နေပေမဲ့ စာဖတ်ြ့ပီး မပြန်တာလည်း သိနေသည်..။
ဒါကိုပဲ ခဏခဏ ကောက်ကြည့်နေမိတာ..ကိုယ့်ကိုယ်လည်း ဒေါသထွက်ရသည်..။
“ဘယ်လိုနေသေးလည်း..ဒီဒီ..” လရိပ်က ဘေးက ခုံမှာ ၀င်ထိုင်ပြီး မေးတော့
“ဟုတ် သက်သာ သွားပါပြီ..”
“ဒါဆို ဘွိုင်းဖရန့်နဲ့ ရန် ဖြစ်ထားလို့ ဖြစ်မယ်..”
“အယ်..”
“မှန်သွားပြီမလား..”
“ဟုတ်..” ဒီဒီ ဆက်မငြင်းချင်လို့ ခေါင်းငြိမ့် ပြလိုက်သည်..။
“ဒီလောက လူတိုင်း ခုလို တွေ ဖြစ်တက်ပါတယ်..ပတ်၀န်းကျင်မတူတော့ နားလည်မပေးနိုင်ကြဘူးလေ..သူတို့လည်း မလွန်ပါဘူး...ကိုယ်ချစ်ရသူကို ကိုယ်ပဲ ပိုင်ဆိုင်ချင်ကြတာလေ..”
“အင်း..အဲလိုမျိုးပဲ အမြဲ စိတ်ကောက်နေတာ..”
“ဟား...ဟား..ဟုတ်တယ်နော်...ချော့ပေါ့ကွာ..သူ နားလည်နိုင်အောင် လည်း ရှင်းပြပေါ့..”
“ရှင်းပြလေ ပိုဆိုးလေဖြစ်နေတာပဲ..”
“အင်း..ကိုယ်တို့ ဘဝတွေက ပင်ပန်းတယ်..သူတို့ကလည်း မတွေ့ကြုံ ရတော့ ဒီဘ၀ လွယ်တယ်..ဆိုပြီး ရစ်ကြပြန်တယ်..ကိုယ်တ်ို့က နှစ်ခါ ပင်ပန်းရတာပေါ့ကွာ..”
“အွန့် အဲလိုမျိုး..”
“ဒီဒီ ရိုက်မယ်..”
“ဟုတ်..”
ဒီဒီ အ၀တ်အစားလဲ ခန်းထဲက ထွက်လြာ့ပီး ရိုက်ဖို့ ပြင်ရသည်..။
“မမေသူ ဒီဒီ ဒီနေ့ စောစော ပြန်ချင်တယ်..”
“အင်း..ရတယ်...တို့ ပြောထားပြီ..နေ့ခင်း ၃ နာရီ နောက်ပိုင်း မရှိတော့ဘူး..”
“ဟုတ်..”
ဒီဒီ အလုပ်ထဲမှာ စိတ်မရှီ ဂျွန် ရဲ့ စိတ်ဆိုးနေတဲ့ မျက်နှာကြီးသာ မြင်ယောင်နေမိသည်..။
.
“ဂျွန်...ဘာတွေ ဖြစ်နေလည်း.”
“ဘာမှ မဖြစ်ဘူး..”
“အော်အေး..မဖြစ်ဘူးနော်..”
သူရ က ရိသဲ့သဲ့ ပြောပြီး အခန်းထဲက ထွက်သွားတော့ ဂျွန် ထပြီး တံခါး လော့ခ် ချ ပစ်လိုက်သည်..။
“တောက်..”
ဖုန်းထဲက စာကို ဖတ်လိုက် ဒေါသတွေ ထွက်လိုက်..။
သူ့ အတွက် စိတ်ပူရတဲ့ စိတ်နဲ့ နေမရထိုင်မရ ဖြစ်နေပေမဲ့ သူက အခုလောက်ဆို အကောင်တွေ နဲ့ ရယ်မောနေလောက်ပါပြီ..။
စိတ်ပူမိတဲ့ ဂျွန်သာ အရူးတွေ ဖြစ်နေရတာ..
ဆေးလည်း သောက်မသွားတော့ ဘယ်အချိန် မူးလဲ တဲ့ ဖုန်း၀င်လာ မလည်းလို့ ဖုန်း၀င်တိုင်း အလန့် တကြား ကိုင်မိသည်..။
ဒီဒီ မာကျောတာ သိပေမဲ့ နေမကောင်းရင်တော့ ဆန့်ကျင်ဘက်လို ဖြစ်သွားတက်တာ..။
“သူရ..ငါ ပြန်အုံးမယ်..”
“.ထမင်းပြန်စားမလို့လား..”
“အေး..”
ထမင်းစားရအောင် အိမ်မှာ ဘာ ရှိမှာမို့လို့လည်း..။
အိမ် အပြန် စျေးထဲ ၀င်ပြီး..လိုအပ်တာတွေ ၀ယ်ရအုံးမည်..။
ကားကိုကွေ့ ပြီး တက်ချိန် ဘုတ်ပေါ်မှာ ဒီဒီ  ပြေးလွှားနေတဲ့ ပုံရီပ်တွေ...။
စျေးထဲ မှာ လိုအပ်တာတွေ အလွှတ်ရနေတဲ့ ဒီဒီ အကြိုက်တွေ ၀ယ်လာလိုက်သည်..။
“ဟလို..”
“သား..”
“မာမီ..”
“အင်း..ဖုန်းမခေါ်လို့ ဘာတွေ ဖြစ်လို့လည်း..”
“ဘာမှ မဖြစ်ပါဘူး.မာမီ”
“ဒီဒီ မွှေ ပြန်ပြီလား..”
“မဟုတ်ပါဘူး.”
ဒီဒီ အကြောင်းတွေ အလုပ်တွေ မသိသေးတာပဲ တော်ပါသေး၏..။
“အင်း အဆင်ပြေရင် ပြီးတာပဲ..”
“ဟုတ်.မာမီတို့ကော အားလုံးနေကောင်းတယ်မလား..”
“အင်း..သားတို့ ရန်မဖြစ်နဲ့နော်..”
“ဟုတ်..မဖြစ်ပါဘူး.”
မာမီနဲ့ ဖုန်းပြောပြီးတော့ စိုးရိမ်စိတ်က အနည်းငယ်လျော့ သွားရသည်..။
ဒီဒီ အတွက် ကြက်ဥ ပြုတ်ပြီး အဆင်သင့် ပြင်ထားလိုကိပြီး ကြက်သားလည်း ထပ် ပြုတ်ထားလိုက်သည်..။
အ၀တ်တွေလျှော်ဖို့ များနေလို့ ယူလျှော်လိုက်တော့ သူ့ အကျီ င်္ တွေက ကျန်ခဲ့ ပြန်သည်..လျှော်စက်ထဲ ပစ်ထည့်ပြီး..ဆပ်ပြာမှုန့် လောင်းထည့်ပြီး..လျှော်ထားလိုက်သည်..။
.
ဒီဒီ လှေကားတွေကို လေးကန်စွာ တက်ရင်း..လက်ထဲက အထုတ်တွေက လေးလာ သလိုလို..
တစ်ချက်တစ်ချက် မိုက်ခနဲ့ ဖြစ်သွားတော့ လှေကား လက်တန်းကို သေချာ ကိုင်ပြီးတက်လာရသည်..။
အခန်းတံခါးဖွင့်ပြီး ၀င်လိုက်တော့ ခုံတွေရွေ့ နေတဲ့ ဂျွန်ကိုတွေ့တော့ အမောပြေသွားရသည်..။
“အချစ်..”
“ဟင်..”ဂျွန် ခုံတွေ ရွေ့ နေချိန် ဒီဒီ အသံကို ရုတ်တရက် ကြား၇တော့ ကြောင်သွားရသည်..။
“ဂျွန် ဆိုးတယ်ကွာ စာတောင် မပြန်ဘူး.”
ငြူတူတူ ပြောပြီး အနားတိုးကပ်လာမှာ သိလို့ အရင်ဆုံး ရှောင်ထွက်လိုက်သည်..။
“ဂျွန်..ဆော်ဒီး..အိုကေ..”
ဂျွန် ဘာမှ မပြောပဲ မီးဖို ခန်းထဲ ၀င်တော့ လိုက်လာပြန်ပြီ..
ဒီဒီ ပါလာတဲ့ အထုတ်တွေကို ခုံပေါ် ပစ်တင်လိုက်ပြီး..ဂျွန် လက်ကို ခိုလိုက်သည်..။
“ဖယ်စမ်း..”
“ဖယ်ဘူး..”
“ဒီဒီ..”
“ဆောဒီးပါဆို..”
“နင်လုပ်ချင်တာ လုပ်နေတာပဲ မလား..သွားစမ်းပါဟာ..”
ဂျွန်က လက်တွေကိုဆွဲဖြုတ်တော့ ဒီဒီ ပိုဆုပ် ဖက်ထားလိုက်သည်..။
“မဟုတ်ပါဘူးဟာ..ငါ မနက်က အရေးကြီးတာတွေ ရိုက်ဖို့ ရှိလို့ပါ.”
“နင့်ကို မလုပ်တော့ဖို့ ငါပြောပြီးပြီနော်..”
“လျော်ရမှာ နင့်ဆီမှာလျော်ဖို့ ရှိလား..”
“ရှိတယ် မရှိလည်း..ရှိတာရောင်းပြီးပေးမယ်..”
ဒီဒီ ဒေါသထွက်လာပြီ..အရင်စိတ် အရင်အကျင့် အတိုင်း..
“နင်က လေ..ငါ အောင်မြင် မှာသေအောင်ကြောက်နေတာ..အရင်အတိုင်းပဲ ..”
“နင် အောင်မြင်တာ စိတ်မ၀င်စားဘူး..နင့်ကို စိတ်ပူနေရတာ ပင်ပန်းတာ..”
“ဘာစိတ်ပူစရာ ရှိလို့လည်း...”ဒီဒီ လက်ကို ခိုပြီး ဆွဲရင်းမေးလိုက်တော့
“ဘယ်နေ့ ဘ၀ပျက်မလည်းလို့လေ...”
“မဟုတ်ဘူး..စိတ်ပူတာ..အကြောင်းပြတာ တကယ်က မနာလိုတာလေ..”
“ဘာ..လွှတ် ထင်ချင်သလို ထင်..’
ဂျွန် မျက်နှာတင်းပြီး ဒီဒီ လက်ကို ဆွဲဖြုတ်ခါ အ၀တ်တွေ ထုတ်လှန်း နေတော့ မနေနိုင်ပြန်ဘူး..။
“စိတ်မပူပါနဲ့ဟာ..ငါ့ ပတ်၀န်းကျင်မှာ ယောင်္ကျားဆိုလို့ ကင်မရာ သမားတွေရယ်..လရောင်ရယ်ပဲ ရှိတာ.”
“မနက်က ဘာစားလည်း..”ဂျွန် ဆက်မပြောချင် ပြောလည်း မရမှာသိတော့ စိတ်ပူနေတဲ့ စိတ်ကြောင့်ပဲလိုအပ်တာ မေးလိုက်သည်..။
“ဘာစားလည်း..အမ်း..မနက်က မမေသူကျွေးတာ..အမ်း..အသုတ်..စားတယ်...ပြီးတော့ မနက် စာက ထမင်းပဲစားလိုက်တယ်...”
“ဆေးလည်း မသောက်ထားဘူး..မူးသေးလား..”
“မူးပါဘူး..”
ဒီဒီ ပြောလိုက်ရင် တစ်ခါ ဆူ အုံးမှာမို့လို့ လိမ် လိုက်ရသည်..။
လရောင်လိုသာ နားလည် မှု ရှိရင် ဂျွန်က ဒီဒီ အတွက် အဖိုးတန် ချစ်ရသူဖြစ်မှာ အခုတော့ ချစ်ပေမဲ့ ဆူတာ နားငြီးသည်..။
“ထိုင်..”
ဂျွန် ဒေါသကို စိုးရိမ်စိတ်က ကျော်သွားတော့ ဒေါသလည်း မထွက်ချင်တော့ပါ..။
မနက်ကတော့ သစ္စာဖောက်ခံရသလို ခံ ပြင်းနေခဲ့ပေမဲ့ ဒီဒီ မျက်နှာတွေ့လိုက်တော့လည်း သနားရပြန်သည်..။
စိတ်တွေ ကစဉ်ကလဲ့ယား ဖြစ်ပြီး ရူးမယ်ဆို ဒီကောင်တော့ သွားပြီ..။
“ဘာလုပ်မို့လည်း..”
လူကို မယုံသင်္ကာ လိုက်ကြည့်နေတဲ့ ဒီဒီ ကိုစောင်ပေပေ ကြည့်လိုက်ြ့ပီးကြက်ဥ ကို ဇွန်းထိပ်လေးနဲ့ ခေါက်လိုက်သည်..။
“ရော့ ခပ်စား..”
“ခွံပေး..”
“မခြံ ဘူး...”
“မစားဘူး.” ဒီဒီ ခုံကို ဆွဲ လှည့်ပြီး ကျောခိုင်းပစ်လိုက်တော့
“ဒီဒီ ..နင့် အပြစ် နင်သိနော်..စား မြန်မြန်..”
ဒီဒီ ပြန်လှည်ြ့့ပီး ကြက်ဥ ခပ်စားလိုက်ရသည်..။
“နင့် အတွက်..ငါးပါလာတယ်..ကြော်ပေးမယ်..စိတ်မဆိုးနဲ့တော့..”
“ဟင်...နင်စျေးထဲမှာ လျှောက်ပတ်နေသေးတာလား..နေပူထဲမှာဒီအတိုင်း..”
“ဟိုး..ရပ်..ရပ်..နေမပူဘူး..အိုးရှင်းမှာ..အိုကေ..”
ဂျွန်က အိတ်ကို ဆွဲ ယူပြီး ရေခဲသေတ္တာ ထဲ ပစ်ထည့်လိုက်တော့ ဒီဒီ စိတ်မကောင်းဖြစ်ရသည်..။
သူ့ အတွက် မမေသူ မသိအောင် ဦးထုတ်တွေ မက်တွေ ၀တ်ပြီး ခက်ခက်ခဲခဲ သွား၀ယ်ပေးခဲ့ရတာကို..ဟွန့်..။
“ဒီနေ့ ဘာမှ မလုပ်နဲ့ ကြားတယ်နော်..”
“အမ်း..”
နှုတ်ခမ်းဆူပြီး ဆိုဖာ မှာ သွားထိုင်နေတော့ မယုံတာနဲ့ ဂျွန် အိမ်သော့ခတ်ပြီး ယူထားလိုက်သည်..။
“ဂျွန်..လာ..မြန်မြန်..”
ဆေးထုတ်ပြီး ရေခတ်နေချိန် အော်ခေါ်တော့ ရေပိုက်တောင် ပြန်မပိတ်ခဲ့ပဲ ပြေးထွက်လာမိတာ..
“ဘာလည်း..ဒီဒီ..ဘာဖြစ်လို့လည်း..”
ဆိုဖာမှာ ခြေတင်ထိုင်နေတဲ့ ဒီဒီ မျက်နှာကိုပဲ စိုးရိမ်တကြီး လိုက်ကြည့်မိသည်..။
“ဟာ..နင်ကလည်း ငါ ဘာမှ ဖြစ်ဘူး..ဟိုမှာ ငါ့ကြော်ငြာ လာနေလို့..”
“ကျွတ်..”ဒီဒီ ခြေထောက်ကို ရိုက်ပြီး ခုံမှာ ၀င်ထိုင်လိုက်ရသည်..။
အသက်ရှုဖို့ လိုနေပြီ...။
“ဟင်..ဒီကောင်..”
“လရောင်လေ..ချောတယ်နော်..”
“ဒီဒီ..”
“နင်ထက် ချောတယ်လေ...ငါက မလိမ်တက်ဘူး..”
“ငါက ကင်း..ငါ့ကို သရုပ်ဆောင်လုပ်ဖို့ လာငှားပေမဲ့ ငြင်းလိုက်တာ..”
ဂျွန် ကြည့်မရ ဖြစ်လို့ ပိုသာပြောပစ်လိုက်သည်..။
“အောင်မလေး..အထင်ကြီးစရာ..”
“ဟာ..နင်တို့ အဲလို ကြီး သရုပ်ဆောင်ထားတာလား..”
“ဘာလည်း..”
“တောက်..”ဂျွန် အကြည့်လွဲ ပြီး ဒေါသကြောင့် တောက်ခတ် မိသည်..။
“ဘာဖြစ်ပြန်ပြီလည်း..ဂျွန်..”ဒီဒီ နားမလည် နိုင်လောက်အောင် ဂျွန် က ချက်ချင်းဒေါသထွက်ပြ ပြန်ပြီ..။
“အခု နမ်းတဲ့ အခန်းပါလာတော့ နောက်ဆို အိပ်တဲ့ အခန်းပါလာတော့မယ်..”
“နင်..”
ဒီဒီ လက်လွဲ လိုက်ပေမဲ့ ဂျွန် ရဲ့ ဒေါသမျက်လုံးကြောင့် မရိုက်ဖြစ်တော့..။
ဂျွန် ဘက်လှည့် ထိုင်လိုက်ပြီး ခေါင်းကို ငိုက်ချလိုက်သည်..ဆံပင်တွေ နဲ့ ကွယ်ပစ်လိုက်ပြီး..မျက်နှာချင်းဆိုင်နေတော့ ဂျွန် ဒေါသက ရင်ခုန်မှု အဖြစ်ပြောင်းရ ပြန်သည်..။
ရှေ့ကို တိုးပြီး နှုတ်ခမ်းချင်း ထိချင်ပေမဲ့ ဒီဒီ က ပြန်ထသွားပြီ...။
“ဟွန့်..အဲဒါ လည်း နမ်းတာပဲ လေ..ရြ့ပီမလား..”
“ဒီဒီ..”
“နင်မသိတဲ့ အရာ တစ်ခုကို မဝေဖန်နဲ့..နင် တခြားမှာ ကျွမ်းကျင်ပေမဲ့ အနုပညာနဲ့ ပတ်သက်ရင်တော့ နားလည်နိုင် လောက်တဲ့ အရည် အချင်း မရှိဘူး..ဂျွန်..”
“ဟင်..”
ပြောပြီး အခန်းထဲ ၀င်သွားတဲ့ ဒီဒီ...
ဂျွန် ပြောခဲ့တဲ့ စကားလုံးတွေနဲ့ ပြန်တိုးနှက်နေတာပဲ..မမေ့သေးဘူးလား..အမှတ်ကြီးလိုက်တာ ဒီဒီရယ်..ငါပြောခဲ့တုန်းက နင့် မခံချင်စိတ်ကို နှိုးဆွဖို့ ငါ့ ရင်ဘတ်တွေ နာကျင်ခဲ့ရတာ..နင်မှာတော့ ကလဲ့စားချေချင်စိတ် တစ်ခုပဲ ရှိတော့တာလား..။
“တီတောင်..”
အတွေးစ ပျက်ပြီး တံခါးဆီ လျှောက်သွားလိုက်သည်..။
“ဟို..ဒီဒီ အိပ်နေလား..”
“မအိပ်ပါဘူး..ရှိတယ်..၀င်လေ..”
မန်နေဂျာ ဆိုတဲ့ တစ်ယောက်ကို ခုံမှာ ထိုင်ခိုင်းပြီးစောင့်နေတော့.. ဂျွန် အခန်းတံခါး..တွန်းဖွင့်လိုက်သည်..။
“ဒီဒီ..နင့် ဧည့်သည်..”
“ဘယ်သူလည်း..”
“မန်နေဂျာ..”
မမေသူမို့ ဒီဒီ ကုတင်ပေါ်က ထလိုက်ရသည်..။ ဆေးသောက်ဖို့ နောက်ကျနေတော့ ခေါင်းက ပြန်မူးလာရပြန်သည်..။
“မူးလို့လား..”
“မဟုတ်ပါဘူး..ဒီတိုင်းလှဲနေတာ..”
ဂျွန် ကြည့်နေမှန်းသိလို့ ဒီဒီ ပုံမှန်ဖြစ်အောင် ကြိုးစား လျှောက်လိုက်သည်..။
“မမေသူ..”
“နေကောင်းရဲ့လား..ကလေး..”
“ဟုတ်..ညနေပိုင်း အလုပ်ပေါ်လာလို့လားဟင်”
‘ဒီဒီကြောင့် နားလိုက်ရတဲ့ ကြော်ငြာတွေ အရေးကြီး နေမှာ ဖြစ်နိုင်တာတွေ တွေးရင်း အားနာမိသည်..။
“ဟုတ်ပါဘူး..နေ့ခင်းက အ၀တ်တွေ ထည့်မပေးမိလို့ ဒီမှာ လာပို့တာ..”
မမေသူက အိတ်ကို လှမ်းပေးတော့ ဒီဒီ ယူပြီး ဘေးမှာချထားလိုက်သည်..။
“ဒီဒီ ပြင်နေပြီတောင် ထင်တာ..တို့ များနောက်ကျနေမလားလို့..”
‘ဘာကိုလည်း..”
“ဟောတော့...လရောင်မွေးနေ့ ပွဲ ဖိတ်ထားတယ်ဆို..”
“အယ်.ဒီနေ့ညလား...”
“ဟော..မေ့နေတာလား..ဒီဒီ တို့များ..မသွားရ မဖြစ်ဘူးပြောပြီး မေ့နေပြန်ပါပြီ..”
ဂျွန် အခန်းထဲက ပြန်မထွက်လာပေမဲ့ စကားတွေ တော့ အတိုင်းသား ကြားနေရပါသည်..။
ဒီမင်းသားရဲ့ မွေးနေ့ ပွဲ သွားအုံးမှာလား..။
ဒီဒီ နဲ့ ဒီလောက်ရင်းနှီးနေတာလား..တွေးရင်း နဖူးက ချွေးပြန်လာသလိုလို ဖြစ်နေပြီ..။
“အင်း..အဆင်မပြေရင် ဖုန်းဆက်လိုက် “
“ဟုတ်ကျေးဇူးတင်ပါတယ် မ..”
တံခါး ပိတ်လိုက်သံ ကြားတာနဲ့ ဂျွန် အခန်းတံခါး တွန်းဖွင့် ပြီး ထွက်လာခဲ့လိုက်သည်..။
ဒီဒီ က မီးဖိုခန်းထဲ ၀င်သွားတော့
“ကျွတ် ရေပိုက်ကြီး ဒီတိုင်းဖွင့်ထားစရာလား..”
ရေပိုက်ဖွင့်လျက်သား ဘယ်လောက်ကြာပြီးလည်း မသိ ကြမ်းပြင်မှာ ရေပြည့်နေပြီ..။
မနေနိုင်လို့ အ၀တ်ယူပြီး လိုက်တိုက်ရပြန်သည်..။
ဂျွန် လှမ်းကြည့်ရင်း အရင်က အလုပ်ဆိုကျော်ခွ သွားတက်သည့် ဒီဒီ ကို မြင်ယောင်မိသည်..။
ဒီဒီ ခေါင်းထဲ ရီဝေ၀ ဖြစ်နေတာ မကြိုက်လို့..
“ဂျွန်...ငါ့ဆေးရော..”
“ခုံပေါ်မှာ..”
“အနီ.တစ်လုံးပဲလား..”
“အမ်း..”
“ဟိုနေ့က သောက်တာ အနီနဲ့ အဝါလေ..”
“အဲတာ ညဆေးမို့လို့..”
ဒီဒီ ဆက်မပြောပဲ ဆေးယူပြီး.ရေနဲ့မျောချလိုက်သည်..။
ဆေးကိုလိုလိုလားလား သူကိုယ်တိုင်ယူသောက်ကတည်းက နေလို့ မကောင်းမှန်း ဂျွန်သိလိုက်သည်..။
မီးဖိုခန်းထဲ လိုက်သွားပြီး..
“ဘာဖြစ်လို့လည်း..”
“ဘာမှ မဖြစ်ပါဘူးဆို..”
ဒီဒီ ဆီက စိတ်မရှည်တဲ့ လေသံ ထွက်လာပေမဲ့ စိတ်ပူနေလို့
“မူးနေတာလား..”
“ဟာ...ဂျွန်...နင်မေးနေတာ ဘယ်နှစ်ခါ ရှိပြီလည်း..”
“ပြီးရော..”
ဂျွန် အိမ်ရှေ့ ခန်း ပြန်ထွက်လာခဲ့ရသည်..။
ဒီဒီ အခန်းထဲ၀င်ပြီး သွားဖို့ ပြင်ဆင်ရသည်..။
ရေမချိုးချင်တာနဲ့ ခြေလက်ဆေးပြီး မိတ်ကပ်ပြင်လိုက်သည်..အ၀တ်အစားလဲခါနီးမှ အိတ်မယူရသေးတာ သိတော့..အခန်းထဲက ပြန်ထွက်လာရသည်..။
ဂျွန် ခုံမှာထိုင်နေတုန်း..ဒီဒီ ထွက်လာပြီး ခုံပေါ်က အထုတ်ကို ယူခါ ပြန် ၀င်သွားသည်..။
သူထွက်လာတဲ့ စက္ကန့်ပိုင်းပေမဲ့ တစ်ခန်းလုံး အမွှေးနံ့က လွမ်းခြုံ သွားရသည်..။
နာမည်ကြီးရေမွှေး အအမျိုးမျိုးကို လက်ဆောင်တွေ ရတက်ပြီး တစ်နေ့ တစ်မျိုး မရိုးရလောက်အောင် တန်ဖိုးကြီး လက်ဆောင်တွေ...။
အရင်က မှန်တစ်ချက်တောင် မထားတက်တဲ့ ဒီဒီ က အခု လက်၀တ်လက်စား ဖန်စီ ပစ္စည်းထည့်ဖို့ အတွက် စာအုပ်ဘီဒို ကို ယူထားလိုက်ရပြီလေ..။
မိတ်ကပ်ပစ္စည်း ဆိုလည်း ကြော်ငြာလိုက်ရလိုက်..တစ်ခါတစ်လေ..ခြင်းတောင်းတွေ နဲ့ သယ်လာတက်သည်..။
“လူတွေက ငါ့ဆို လက်ဆောင် အရမ်းပေးချင်ကြတာ ကြော်ငြာဆိုတော့ သိတယ်မလား..အိမ်လိပ်စာ မပြောထားလို့ ကျေးဇူးတင်”လို့ လည်း တစ်ခါတစ်ခါ ကြိမ်းဝါးတက်သေးသည်...။
ဂျွန် ဖေ့ဘုတ် သုံးရင် သူ့ အကောင့် ၀င်ကြည့်ပြီး ရင်မောရလို့ သုံးတောင် မသုံးရဲတော့ပါ..
ကော်မန့်မှာ လှကြောင်း ကြွေကြောင်းနဲ့ တခြားတခြားသော..ကြောင်တဲ့ ကွန်မန့်တွေက ဂျွန် ကို ဒေါသထွက် အသက်တိုစေသည်..။
“ဟူး..ငါမှားတာ..သူဟာသူ ပေပေတေတေ နေပါစေလား...ဂျွန် ငမိုက်သားရယ်..”
ကိုယ့်ကိုယ်ကို အပြစ်တင်ချိန်  တီဗီကြော်ငြာ၀င်လာတော့လည်း သူ့ ပုံရီပ်တွေချည်းမို့ ပိတ်ထားလိုက်တော့သည်..။
ဒီဒီ အကျီ င်္ အရောင်နဲ့ လိုက်အောင် မျက်နှာကို အနီ ရင့် လေး ထပ်ထည့်ပြီး နှုတ်ခမ်း အနီပြေလေး ဆိုးလိုက်သည်..။
“မွ..ဆက်ဆီ လစ်ပ်..”
နှုတ်ခမ်းစူ ပို့စ်ပေးရင်း ဆယ်လ်ဖီ တစ်ပုံ ဆွဲ လိုက်ပြီး မမေသူကို ပို့ပေးလိုက်သည်..။
စက္ကန့်ပိုင်း အတွင်း မမေသူ သုံးတဲ့ ဒီဒီ ကိုယ်စားပြု အကောင့်ကနေ..ပို့စ်တက်လာသည်..။
“ကို လရောင်မွေးနေ့ သွားမို့ ပြင်ထားတာ အဆင်ပြေရဲ့ လား မဒီ တို့.”.။
စက္ကန့်ပိုင်း အတွင်း ကော်မန့်နဲ့ လိုက်ခ်တွေ ရာချီ သွားတော့သည်..။
ကိုယ်လုံးပေါ် မှန်ထဲ တစ်ပတ်လှည့်ပြီး ကြည့်လိုက်တော့ အဆင်ပြေပြီးမို့..ဖုန်းကို ယူပြီး စာပို့လိုက်သည်..။
မမေသူ စီစဉ်ထားတဲ့ ကား လာခေါ်မှာမို့..ခဏစောင့်ရအုံးမည်..။
အခန်းထဲက ထွက်ပြီး ၀တ်ထားတာ အဆင်ပြေလား ဂျွန် ကိုမေးရအုံးမည်..။
“ဂျွန်..”
ဂျွန် စာအုပ် ဖတ်နေရင်း လှည့် မကြည့်ဖြစ်အောင် ထိန်းထားလိုက်သည်..။
“ဂျွန်..ခေါ်နေတယ်လေ..”
“ဘာလည်း..”
အနီရောင် ပိုးသားပြောင် ဂါ၀န်ရှည်နဲ့ နားဆွဲ ရှည်ရှည်တို့က ဘယ်လောက်တောင် လိုက်ဖက်နေလည်း..
မျက်နှာက လည်း ပြင်နေကျ လို မသိမသာ မဟုတ်ပဲ ဂါ၀န် အနီနဲ့ အတူ လိုက်ရင့်နေတော့ ထင်ပေါ်လွန်းနေသည်..။
“ဘယ်လိုနေလည်း.”
“အမှန် အတိုင်းပြောရမလား..”
“အမ်း.”ဒီဒီ က ဂါ၀န်ရှည်ကို တစ်ပတ်လှည့်ပြပြန်သည်..။
“နင့်ကို ဆွဲပွေ့ ပြီး ကုတင်ပေါ် ခေါ် သွားချင်တယ်..”
“ဘာ..”
“အမှန် အတိုင်းပြောဆို..”
ဂျွန်က ပခုံးတွန့်ပြီးပြောတော့ ဒီဒီ ထုရိုက်ပစ်ချင်တဲ့ စိတ်ကို ထိန်းပြီး
“တောက်...ဂျွန်..နင် ရှာတာ များနေပြီနော်...တော်ပြီ သွားမယ်..”
ဒီဒီ ခြေဆောင့် ပြီး ဒေါက်ဖိနပ်  အနီကို ယူခါ အိမ် တံခါး၀ အရောက် ...
ဘယ်တုန်းကမှ မခပ်ထားဘူးတဲ့ သော့က..နေရာယူထားသည်..။
“ဂျွန်စစ်..ဒါ ဘာလုပ်တာလည်း..”
“သော့ခပ်ထားတာလေ..”
“ဖွင့်ပေး..ငါ သွားမလို့..”
“မသွားရဘူး..”
“သော့ပေးလို့ ပြောနေတယ်နော်..”
ဒီဒီ အသံ မြှင့် အော်လိုက်တော့ ဂျွန် ထိုင်ရာ က ထလာရသည်..။
“နင် နေမကောင်းဘူး..ညနက်မှာ လူရှုပ်မှာ..နင် နားဖို့ လိုအပ်တာလေ..ဘာလို့ သွားမှာလည်း ဒီဒီ ရယ်..နင်မျက်နှာနာရမဲ့ လူတွေလည်း မဟုတ်ဘူး.လိမ်မာပါတယ်ဟာ..လာ..”
“ဂျွန်စစ်..” ဂျွန် ကိုင်လိုက်တဲ့ လက်ကို လှည့်ပြီး ဖြုတ်လိုက်သည်..
ခုံပေါ်မှာ သော့တွေ့လို့ ဒီဒီ ပြေးယူပေမဲ့ ဂျွန် လက်ထဲ ပါသွားတော့
ဂျွန်က သော့ ကို ယူပြီး အကျီ င်္ အိတ်ထဲ ထည့်လိုက်တာ အောင်နိုင်သူ အပြုံး နဲ့..။
“သော့ပေး..”
“မသွားရဘူး..”
“ငါ ရိုက်ဖွင့်မှာနော်..”
ဒီဒီ ပြောလိုက်တော့ ဂျွန် က စိန်ခေါ် သလိုပြန် ကြည့် ပြန်သည်..။
“တောက်..”
ဒီဒီ ဂါ၀န်အနားစ က အောက်မှာ တိုက်နေလိုက် စိတ်မရှည်စွာ လက်နဲ့ မ ပြီး ဘီဒိုထဲက တူကို ဆွဲ ထုတ်လိုက်သည်..။
“ဒုန်း..ဒုန်း..ဒုန်း..”
တူနဲ့ ထုရိုက်နေပေမဲ့ သော့ က ပွင့်လာပါ့မလား မသေချာ..
“နားငြီးတယ်..သူများတွေ ဆဲနေလိမ့်မယ်..”
ဂျွန် ကလေးဆန်စွာ နှုတ်ခမ်းကိုက်ပြီး တူထုနေတဲ့ ဒီဒီ ကို ချစ်စိတ်အပြည့်နဲ့ စိတ်ရှည်လက်ရှည် ပြုံးပြီး ကြည့်နေလိုက်သည်..။
“ဒုန်း..ဒုန်း..”
“မရဘူး..လုပ်မနေနဲ့..”
“ဂျွန်စစ် နင် ဖွင့်ပေးနော်..”
“မဖွင့်ဘူး..မသွားရဘူး..”ဂျွန် ခပ်ဆပ်ဆပ် အော်ပစ်လိုက်တော့ ဒီဒီက သူစိမ်းဆန်စွာ စိုက်ကြည့်ပြီး..
သံတိုင်တွေကို လက်နဲ့ ကိုင်ခါ ပြုံးလိုက်သည့် ဒီဒီ..
တစ်ခုခု ကို သဘောပါက်ချိန် အနားကိုပြေးသွားပြီး ကိုယ်နဲ့ ခံလိုက်ပေမဲ့ ဒီဒီ အရှိန်နဲ့ ဆောင့်လိုက်လို့ ဂျွန် ရင်ဘတ်အောင့် သွားရသည်..။
ဂျွန်သာ ၀င်မခံရင် သံတိုင်နဲ့ ဒီဒီ နဖူး..
တွေးမိတာတောင် ခြောက်ခြားစရာ ကောင်းသည့် လုပ်ရပ် မျိုးကို ဒီဒီ သူ့ရှေ့မှာတင် လတ်တလော လုပ်လိုက်တာ ဂျွန်မယုံနိုင်သေး..။
“နင်..နင်....ရူးနေလား.ဒီဒီ..ရူးနေလားလို့..”
လက်မောင်းနှစ်ဖက်ကို ကိုင်လှုပ်နေတဲ့ ဂျွန်ကို မုန်းတီးစွာ စိုက်ကြည့်နေတာ...ရန်သူတွေ အတိုင်း...
“ငါ သွားဖို့ ဆုံးဖြတ်ပြီး ပြင်ဆင်ထားတာ..နင် မတားနဲ့ ..တားလို့လည်း မရဘူးနော်..အခုသော့ဖွင့်ပေး..”
ဂျွန် စိတ်ပျက်မိပေမဲ့..ဒီဒီိ လုပ်လိုက်တဲ့ ကြောက်စရာ မြင်ကွင်းက မျက်လုံးထဲ ပြေးလွှားနေဆဲ...။
အကျီ င်္ အိတ်ထဲက သော့ကို ထုတ်ပြီး လေးကန်စွာ ဖွင့်ပေးလိုက်သည်..။
ဒီဒီ က လက်ထဲက ဖိနပ်ကို ပစ်ချပြီး သေချာ ၀တ်လိုက်ရင်း ဆံပင်တွေကို သပ်တင်ပြီး..ဂျွန်ကို ပြန်ကြည့်သည်..။
“ငါ့ကို နားလည်ပေးပါဂျွန်..”
“တောက်...” သူကော နားလည်ပေးလို့လား..စိတ်ပူနေတာ..ဒီလူ..
“နားမလည်တာတွေ များလာရင်...သံယောဇဉ် ကြိုးတန်း တွေလည်း ခုတ်ဖြတ်ရလိမ့်မယ်.”
ဂါ၀န် ကို ပိုက်ဆံအိတ် ကိုင်ထားတဲ့ လက်တစ်ဖက်နဲ့ မ ပြီး လှေကားထစ်တွေက ဆင်းသွားတဲ့ ဒီဒီ ကျောပြင်ကို ငေးရင်း ဂျွန် မျက်ရည်စို့လာသည်..။
.
ဒီဒီ စိတ်ထဲ ရှုတ်ခတ်နေပေမဲ့ တိုက်အောက်မှာ အနက်ရောင် ကားကိုတွေ့တော့ တက်လိုက်သည်..။
“အရမ်းလှနေတယ်..မဒီ..”
“ဟင်...ကိုလရောင်..”
ကားရှေ့ခန်းက မောင်းသူ ဘေးမှာ ထိုင်နေတဲ့ သူက ငွေလရောင် ဖြစ်နေတော့ ဒီဒီ အံသြရသည်..။
မွေးနေ့ရှင်က အခုချိန်ု အပြင်ရောက်နေတာလား..။
“ကိုလရောင် က အခုချိန် ကြီး ဒီရောက်နေတယ်..”
“ကိုယ့် အထူးဧည့်သည် နတ်သမီး မို့ လာကြိုတာလေ..မလာမှာ စိုးလို့..”
“အော်..လာရမှာပေါ့..”
“ကိုယ်ရောက်နေတာ ကြာပြီ ဒီဒီ ဆင်းမလာတော့ မလာတော့ဘူးထင်တာ ..ဘွိုင်းဖရန့် က မလွှတ်ဘူးထင်တယ်..”
“အဟင်း..”
ဒီဒီ မ၀န်ခံ ချင်လို့ စကားမဆက်ပဲ ထားလိုက်သည်..။
“ကိုတို့ ဒီည အပြတ်ကဲ ရမှာနော်...ကြိုပြီး ဖုန်းဆက်ထားလိုက်.”
“ရပါတယ်..”ဒီဒီ ပြီးစလွယ်ပြောပြီး လမ်းဘက်ကို ငေးနေလိုက်သည်..။
“ငါ့ကို ခွင့်လွှတ်ပါ ဂျွန်..ငါ တိုးတက်တာကို နင် ဘာလို့ မလိုလားတာလည်း..ဟာ..”
နှလုံးသားထဲက စကားသာ တိုက်ရိုက် အသွား အပြန် ရှိရင် သူ ကြားနိုင်ပါစေ...။
“ဝူး...မင်းသားက သူ့ မဒီ နဲ့လာတာပဲ...”
“ရေး...တို့ ကောင် ကြီး စွန်ပြီကွ..”
ကားထိုးရပ်လိုက်တာနဲ့ အော်ဟစ်နေကြတာကို..ဂရုမစိုက်ပဲ လရောင်က ပြုံးပြီး ကားတံခါး ကိုယ်တိုင် လာဖွင့်ပေးခါ လက်ပါ လှမ်းပေးသည်..။
“ဝူး...”
ဒီဒီ မကောင်းတက်တာနဲ့.. လက်ပြန် ထည့်ပေးလိုက်သည်..။
“ပြုံးထားနော်..မီဒီယာတွေ လည်း ရှိနေလို့..”
“ဟင်..”မီဒီယာ မပါတဲ့ ပွဲမို့ မမေသူက တက်ခိုင်းခဲ့တာ ..အခုက လွဲနေပြီ..။
လူအုပ်က များလာပြီး မေးခွန်းပေါင်းများစွာ..
“ကို တို့ တွဲ နေတာလား..”
“ဘယ်လောက်ကြာပြီလည်း..”
“ဘယ်လို တွေ့ခဲ့တာ မျိုးလည်း..”
“လေစီ တစ်ချက် ဖြေပေးပါ..”
‘လေစီ...အ၀တ်အစား ဘယ်သူ စီစဉ် ပေးတာလည်း..”
‘ခဏ..ခဏ..”
“ကျွန်တော် တို့ သေချာရင် ထုတ်ပြန်ပါမယ်..လေစီ..က အခု ပွဲတက်ပါပဲနော် အားလုံးကို ကျေးဇူးတင်ပါတယ်..”
လူတွေ အရမ်းတိုးနေတော့ လရောင် က ဒီဒီ ကို ကာ ပြီး တွဲ ခေါ်ခဲ့ လို့ တော်ပါသေး၏..။
“မင်းသားက နောက်ကျနေတယ်ကွာ..”
“ဒီဒီ လာလေ..”
ဒီဒိ သိတဲ့ လူ တစ်ယောက်မှ မပါတော့ စိတ်ထဲ တစ်မျိုး ဖြစ်မိသည်..။
အမှန်ဆို အေဂျင်က မော်ဒယ် အားလုံးလိုလို နဲ့ သိပါသည်..အခုက တစ်ယောက်မှ ပါမလာပါ..။
“နောက်မှ ကိတ်ခွဲ မယ်..အခု ကဲ မယ်လေ..”
“ဒီဂျေ..”တီးလုံးသံက ဆူညံ စွာ ထွက်ပေါ် လာပြီး အခန်းက မှောင်ခါ စလိုက် မီးရောင်စုံနဲ့ ဖြစ်သွားသည်..။
“ဒီဒီ မကတက် ဘူးလား..”
“ဟင်..”
“တောင့်တောင့်ကြီး..”
“အော်..ဂါ၀န်နဲ့မို့..”
ဒီဒီ အက သင်တန်းတွေ တက်ထားတာပဲ..ကတက်နေပေမဲ့ တီးလုံး အလိုက်သာ နေလိုက်သည်..။
တစ်ခုခုတော့ လွဲ နေပါပြီ..။
“အင့်..ကော့တေးလောက် ရလား..”
“မရဘူး..ကိုလရောင်...”
“အိုကေ...ဒါဆိုလည်း..ဖျော်ရည်ပဲပေါ့..”
“နေပါစေ..မသောက်တော့ဘူး..မမေသူကို ဖုန်းဆက်မလို့..”
‘အာ..ကိုယ့် မွေးနေ့ကို မန်နေဂျာ မဖိတ်ဘူးနော်...”
လရောင်က ဒီဒီ ဖုန်းကို ဆွဲလုပြီး ကနေတဲ့ ဝိုင်းထဲ ပြန်၀င်သွားပြန်သည်..။
ဒီဒီ ဆေးသောက်ထားပေမဲ့ ခေါင်းက နောက်ကျိကျိ ပြန်ဖြစ်လာသည်..။
ဒီမှာသာ မူးလဲခဲ့ရင် မတွေးရဲ စရာ...။
“အစ်မ ဘာသောက်မလည်း..”
ကောင်လေး ကိုင်ထားတဲ့  အအေးဗန်းထဲက လိမ္မော် ရောင်ခွက်ကို ယူသောက်လိုက်သည်..။
ခုံမှာ ထိုင်နေရင်း ပိူမူး လာသလိုလို...။
“ဒီဒီ..”
“ဂျွန်လား..”
ဂျွန် မျက်နှာ မြင်ယောင်သွားပေမဲ့ ....
“ဘယ်လိုလည်း...မောသွားလို့လား..”
“ အိမ် ပြန်ချင်လို့..”
“ဟာ..စောကြီး ရှိသေးတယ်ကွာ..”
“မူးလို့..”
“မူးလို့လား..ဟာ..ဘေးခန်းမှာ ခဏ ၀င်နားနေနော်..ကိုယ် ကားယူရအုံးမှာမို့လို့..”
“ဟုတ်..”
လရောင်က ဒီဒီ ပခုံးကို မှေးကိုင် ပြီး အခန်းထဲ တွဲ ပို့ပေးသည်..။
အခန်းထဲမှာ ခုံမရှိ...ကင်မရာတွေ ဆင်ထားတဲ့..ကုတင် တစ်လုံးသာ ရှိလို့ ကုတင်ပေါ် မှာ ထိုင်လိုက်ရသည်..။
မျက်လုံးတွေ ဝါးလာလို့ အားယူ ရင်း..
“ကိုလရောင်..ဒီဒီ့ ဖုန်းပေးပါ ..ဂျွန် ကိုပဲ ခေါ်လိုက်တော့မယ်..”
“ဒီဒီ ဖုန်း..အင်း..ဘယ်မှာ ထားမိတယ် မသိဘူး.ကိုယ် ကို့ မှီထားလိုက် သက်သာ သွားလိမ့်မယ်နော်...”
ခေါင်းကို ဆွဲချ မှီခိုင်းပေမဲ့ ဒီဒီ တောင့်ထားလိုက်သည်..။
မျက်လုံးတွေ က မှေးလာပြီး ခေါင်းတွေက ပို မူးနှောက်လာတော့...
မျက်လုံးမှိတ်ကျသွားပေမဲ့ နှလုံးသားထဲက စကားတစ်ခွန်း..
“ဂျွန်.ငါ့ကို .လာခေါ်ပါ..........”။

~~~~~~~~~~~~~~~~~~~~~~

ဆောဒီး ဆောဒီး ဆောဒီး ပါ
စာဖတ်သူတို့ရယ် 🙏🙏🙏🙏
တအားနောက်ကျသွားတယ် 😭😭😭💔💔
စိတ်မဆိုးကြပါနဲ့နော် 😭💪📝❤💔
နော်....နော်......နော်....
..............................

မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
အရေးအသား မကောင်းတော့
ဖတ်ရတာလည်း ကောင်းမှာဟုတ်ပါဘူး 🙏😭
သည်းခံပေးပါနော် 🙏
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤

#စပိုက်ကာ

သူခင်းသောလမ်းWhere stories live. Discover now