ဝေ့ရင်းက ဝမ့်ကျီးဟာ ~ 8

3.7K 354 27
                                    

Unicode ver....

ဗန့် ဗန့် ဗန့်~~~

"အင့်!!"

မီးရှူးမီးဗန်းသံကြောင့်
တုန်တက်သွားတဲ့ ပေါက်စန
လန်ပီစိ

"နိုးပြီလား"
"ဟီး"

သူ့ကိုမိန့်မိန့်ကြီးကြည့်နေတဲ့
ဝေ့ရင်းကြောင့် လန်ကျန့် သွား
32ချောင်းပေါ်အောင် ဖီးပြရင်း
ကုန်းရုံးထပြီး

"နိုးပါပြီ ဘာသံလည်း သိဘူးနော်
ဗန့် ဗန့် ဗန့် နဲ့ ဟဲဟဲ"
"---"

အမလေး ငါနော်
ဆိုင်ရှင် အတိတ်မေ့ဆေးများ
မှားထည့်ထားတာလား

"ဝေ လန်သခင်လေးက
ဘာသံမသိဘူး ဆိုပါတော့"
"ဟုတ်"

အမလေး ခေါင်းညိတ်ပြပုံကိုက
ငါကိုက်ဆွဲရမလားပြော

(ထိုင်း fan meetingတုန်းက
ခေါင်းညိတ်ပုံလေး သတိရပါ)

"ခုမှ မွေးတာလား"
"ဟုတ်တယ် ခုဏကပဲ မင်းရင်ခွင်
ထဲကနေ မွေးထွက်လာတာ"
"ဟမ်!!"

လန်ကျန့် စကားကြောင့်
ဝေ့ရင်း ဘာပြောရမှန်းမသိ
ဆွံ့အ

လန်ကျန့် ဝေ့ရင်းကို ငှေ့ကြည့်တော့
ကိုယ်တော်က ငြိမ်နေတော့

ဗန့် ဗန့် ဗန့် ~~~

အာ လန်ကျန့် မနေနိုင်တော့

"အ့ ဝေ့ရင်းရေ!!"

အမလေး မသိရင် မီးရှူးမီးဗန်း
ကိုကြောက်လွန်းတဲ့ ယုန်သူငယ်လို
ဝေ့ရင်းကို ခုန်အုပ် အပေါ်ကနေ ခွတက်ထားတာကတော့ ကျားပေါက်စလေးလိုပဲ

"ဒါက ဘာဖြစ်တာလဲ
ကြောက်တာလား အသားယူတာလား"
"ဆိုပါတော့ နှစ်ခုစလုံးပဲ"
"အဟက် အဆိုးလေး"
"ဟင့် သိဘူး ဝေ့ရင်းရေ ~~~~"

သူ့ကို ချွဲခန်းစတော့မဲ့ သဘောကို
ဝေ့ရင်းသိသိနဲ့

"ပြော ဘာလဲလို့"
"ကျန့်လေးသိချင်နေတာ မြို့ထဲ ဘာရှိလဲဟင်"
"ပွဲတော်"
"သူတို့တွေ ဘာလုပ်ကြလဲဟင်"
"လည်ပတ်တာ"
"ဟို ကျန့်ကျန့်လေ~~"
"အင်း ပြော"
"သွားချင်တယ်"

အဟက် ကိုယ်တွေ သိသားပဲ

"မသွားတော့ဘူး 9နာရီထိုးတော့မယ်
ဘာလဲ စည်းကမ္းထပ်ဖောက်မလို့လား"
"ဟင့်"

Wai Yin is mine (​ဝေ့ရင်းက ဝမ့်​ကျီးဟာ)(complete)Where stories live. Discover now