3(Z/U)

13.6K 960 42
                                    

ရှောင်းကျန့် တဒီးဒီးနဲ့ ငှက်ဆိုးထိုးသလို တုန်ခါနေတဲ့ဖုန်းကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

ဒီဝမ်ရိပေါ်..တကယ်ပဲ ဘာဖြစ်ချင်နေရတာလဲ။

ဖုန်းအသံတိတ်သွားတော့ message တစ်စောင်ဝင်လာသည်။

"ဒီညတွေ့မယ် မတွေ့ရင်..ဘာဖြစ်မယ်ဆိုတာသိတယ်မလား"

Fuck you ဝမ်ရိပေါ်..ငါ့ဖန်တွေရဲ့ လက်ခလယ်တွေငှားပြီး မင်းဖင်ထဲထည့်ထားလိုက်ချင်ပါပေ့။

အတိတ်က အတိုင်း ဒီကောင်လေးက ဂျစ်ကန်ကန်ဆန်လွန်းသည်...ခေါင်းမာလွန်းသည်။ မှတ်မိသလောက် ရိပေါ်နဲ့ လွန်ခဲ့တဲ့ ၆နှစ်က မတ်မွန်ပန်းတွေပွင့်တဲ့ရာသီမှာတွေ့တာနေမည်။ အဲ့တုန်းက သူ့အသက် ၂၁နှစ်..ရိပေါ်က ၁၇နှစ်ဖြစ်မည်ထင်သည်။ အထက်တန်း ဒုတိယနှစ်ဆိုတော့။ သူ ရိပေါ်တို့ကျောင်းတွင် အချိန်ပိုင်းဆရာဝင်လုပ်ရင်းက သိနေခဲ့ခြင်း
ပင်။ ရိပေါ်ကို အဲ့တုန်းက သိပ်သတိမထားမိသေး။ တစုံတယောက်ကို အာရုံအထူးစိုက်မိနေလို့လဲ ပါပါလိမ့်မည်။ ဟုတ်တယ် ရိပေါ် အကြောင်းတွေးရင် သူ့အကြောင်းပါ ရစ်တွယ်လာမည်မို့ အတွေးစတွေကို ရပ်တန်းကရပ်ပစ်သည်။

ဝမ်ရိပေါ်...သူနဲ့တော့ ကိစ္စတွေအမြန်ပြတ်အောင် လုပ်ပြီး ကင်းကင်းရှင်းရှင်းနေတော့မည်။ ဆက်ပက်သက်စရာအကြောင်းမရှိ။ သူ့အကြောင်းတွေးရင် ခုထိ ခါးကိုက်ပြီး ထိုင်တဲ့နေရာက ကျိန်းနေတုန်း။

မန်နေဂျာလှမ်းပို့လိုက်သည့် အချိန်စာရင်းကိုတချက်စစ်ပြီး လုပ်စရာရှိတာလုပ်နေလိုက်သည်။ နောက်ထပ်ရိုက်မည့် dramaအတွက် ကောင်းကောင်းအနားယူပြီး ပြင်ဆင်ဖို့ ကုမ္ပဏီက အားလပ်ရက်ပေးကာမှ မဖြစ်ချင်တာတွေဖြစ်နေရတယ်။

မနေ့က နာနာပို့လိုက်သည့်အထုပ်ကို ခုထိ မဖြေရသေး၍ ဓားသေးသေးလေးယူရင်း တိတ်အထပ်ထပ်ပတ်ထားသည့် ပါဆယ်ထုပ်ကို ဖြေလိုက်သည်။ အထဲတွင်တော့ ရွှေကနုတ်လေးများထွင်းထားသည့် အမဲရောင်ကတ်လေးတစ်ခု နှင့် မျက်နှာဖုံးတစ်ခုပင်။ V.I.Pဆိုသော စာလုံးကို ရွှေရောင်နှင့်ထွင်းထားပြီး လိပ်ပြာကနုတ်များကဖောင်းကြွနေသည်။ မျက်နှာဖုံးကလဲ လိပ်ပြာတွေ ပန်းနွယ်တွေနဲ့ ထွင်းထားသော ရွှေအိုရောင် မျက်နှာဖုံးလေးပင်။ ဘူးထဲခံထည့်ထားသော ပိုးစကို လှန်လိုက်သောအခါ ဖန်ဘူးတောင့်ထဲထည့်ထားသော လက်မအရွယ်သာရှိသည့် ဆေးရည်ပုလင်းလေး။ ထိုဆေးရည်ကိုမြင်တိုင်း အသားတဆက်ဆက်တုန်သည်။ သူ့ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တဲ့ဟာမို့။ ရှောင်းကျန့် တစ်ယောက် ထိုပုလင်းကို မျက်စောင်းထိုးရင်း အနားက ပန်းအိုးထဲလွှင့်ပစ်လိုက်သည်။

Scandalous And Rendezvous Where stories live. Discover now