4(Z/U)*

23.7K 991 103
                                    

Warning- Strong Language and Mature contents

For live streaming scene, I took reference from a FMV.I don't remember  the uploader so I didn't mention

"ကျွန်တော် ဒီရက်ပိုင်းခနနားနေတယ်..မင်းတို့တွေအားလုံးကိုလဲ သတိရတယ်....ဒီထက်မိုက်တဲ့ ဇာတ်ကောင်တွေချပြမှာမို့..စောင့်ကြည့်ပေးပါ...ဟုတ်တယ်..အိမ်မှာပဲ..ငါခေါက်ဆွဲပြုတ်စားချင်ပေမယ့်...ခုတလော လေရှူရင်တောင် မျက်နှာက ဖောင်းလာလို့"

ရှောင်းကျန့်တစ်ယောက် ပျင်းပျင်းနဲ့ xaiofeixia တွေနဲ့စကားပြောရအောင်ဆိုပြီး liveလွှင့်နေခြင်းဖြစ်သည်။ ဖန်တွေနဲ့ မထိတွေ့ရတာကြာပြီဆိုတော့ comment တွေအသေးစိတ်သေချာဖတ်ရင်း replyပြန်နေ၏။

"စာမေးပွဲဖြေတော့မယ်..ဟုတ်လားး ကောင်းကောင်းစာလုပ်...Jianguo လေးက အိပ်နေတယ်..သူနေမကောင်းဘူး..ဆေးခန်းသွားထားတာမို့ စိတ်မပူပါနဲ့.."

Jianguoက သူ့ကြောင်လေးလေ..တချီချီဖြစ်နေလို့ မန်နေဂျာကို ဆေးခန်းပို့ခိုင်းထားရတာ။ အခန်းထောင့်က သူ့အိမ်လေးထဲ ကွေးကွေးလေးအိပ်နေလေရဲ့။

"ဘာ တံခါးခေါက်သံကြားရတယ် ဟုတ်လား...အယ် ငါမကြောက်တတ်ဘူး လာမခြောက်ကြနဲ့"

Comments အများပြားက တံခါးခေါက်သံကြားရသည့်အကြောင်းပြောနေကြသည်။ ရှောင်းကျန့်နားစွင့်ကြည့်သော်လဲ မကြားရ။

"မကြားရပါဘူး...အမ်"

တံခါးခေါက်သံပြင်းပြင်းက ခုမှကြားရသည်။ ဒီချိန်ကြီးဘယ်သူလာတာလဲ...မဟုတ်မှလွဲရော။

ငါသူ့ကို ဒီနေ့အိမ်မှာမရှိဘူး ရိုက်ကွင်းမှာလို့ ပြောထားတာလေ..။

ရှောင်းကျန့် liveကိုပိတ်ရင်နှုတ်ဆက်စကားပြောဖို့အပြင် comment တခုက

"ကျွန်တော်အပြင်မှာရောက်နေတယ် တံခါးမြန်မြန်ဖွင့်"

IDက cooltracer85...!

ရှောင်းကျန့်အရမ်းလန့်သွားသည်..stalker များလားမဟုတ်လောက်ပါဘူး..မျက်နှာမပျက်အောင်ထိန်းရင်း fanတွေကို နှုတ်ဆက်ပြီးချိန်။

"ရှောင်းကျန့်ရေ...ရှောင်းးရှောင်ကျန့်!တံခါးဖွင့်!"

ထိုအသံကိုကြားတော့ဘယ်သူမှန်းသိပြီး ကြက်သီးတွေထသွားသည်။ ဘယ်သူလဲ မေးနေတဲ့ဖန်တွေကို အသိညီလေးလာလည်တာဟုတ်ပြော၍ liveကိုပိတ်လိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: Oct 12, 2020 ⏰

Add this story to your Library to get notified about new parts!

Scandalous And Rendezvous Where stories live. Discover now