Intro

2.4K 136 20
                                    

Plastic Memories





ကျွန်တော်၏မှတ်ဉာဏ်











%%%%%%%%%%%%%%%%%%%


Plastic Memories

ပလပ်စတစ် မှတ်ဉာဏ် (Plastic Memories)

ပလပ်စတစ် ဆိုတဲ့အရာဟာ လွှင့်ပစ်လိုက်ရင်တောင် နှစ်ပေါင်းအများကြီးဆက်လက်တည်ရှိနေတဲ့အရာမျိုး မြေကြီးထဲထိဝင်သွားရင်တောင်မပျက်စီးပဲ တည်ရှိနေတဲ့အရာမျိုး.

သူနဲ့ပတ်သတ်၍ကျွန်တော်၏နှလုံးသားမှတ်ဉာဏ်လဲမည်သည့်အခါမှပျက်စီးမည်မဟုတ်..

သူသည်ကျွန်တော်မှတ်ဉာဏ်၏အစ ကျွန်တော်မှတ်ဉာဏ်၏အဆုံး..

သူသည်ကျွန်တော်၏ Plastic Memories
တစ်နည်း ကျွန်တော်မေ့ဖျောက်လို့မရတော့တဲ့
ကျွန်တော်၏မှတ်ဉာဏ်

ဖြစ်တည်မှု၏အရင်းခံမြစ်ဖျားသည်သူ.

နှလုံးသားခုန်နှုန်း၏အဓိကတရားခံသည်သူူူ.

သခင်နှင့်တွေ့လို့မနာခံတော့တဲ့ကျွန်တော်နှလုံးသားအားအပြစ်မတင်ရက်..

သူသည်ကျွန်တော်နှလုံးသားကိုးကွယ်ရာသခင်

မျက်တောင်စိပ်စိပ်လေးများသည်
ကျွန်တော်၏မြတ်နိုးရာ.

ပါးမို့မို့လေးများသည်ကျွန်တော်၏တွယ်တာရာ..

မှဲ့နက်လေးများသည်ကျွန်တော်၏မြတ်နိုးရာ..

မချစ်လို့မဟုတ်ချစ်လွန်းလို့သာ..

သူသည်ကျွန်တော်၏နားခိုရာ

ပိုးစုန်းကြူးတို့၏ခိုနားရာ.......

%%%%%%%%%%%%%%%%%%%

ဟီး အသစ်လေးနော် Taekookပါနော် အသဲတို့ နက်ဖြန် အပိုင်း(၁)နော် ဒါလေးလဲဖတ်ပေးကြပါဦးနော်😭

Plastic MemoriesWhere stories live. Discover now