Next pg_3

529 46 0
                                    

မျက်လုံးဖွင့်လိုက်ပေမဲ့ စူးရှတဲ့ အလင်းရောင်ကြောင့် ချက်ချင်း ပြန်ပိတ်လိုက်ရတယ်။

"သခင်လေး နိုးလာပြီ သခင်ကြီးကို  တစ်ယောက်ယောက် သွားခေါ်ကြပါအုံး"

"ဆေးဆရာ ဆေးဆရာ သွားခေါ်"

"ဝမ်းသာလိုက်တာ သခင်လေး သတိရလာပြီ"

အိမ်တော်ကြီး တစ်ခုလုံး လှုပ်ရှား သက်ဝင်ကာ ပြေးလွှားနေကြလေသည်။

တစ်ယောက် တစ်ခွန်း ပြောနေသံတွေကို ရှင်းရှင်းလင်းလင်း ကြားရပေမဲ့ ကိုယ်ရောက်နေရာ နေရာကို အတိအကျမသိသေး။

ကိုကို!!!ကိုကိုရော...အ ငါ့ခြေထောက် ရွေ့လို့လည်း မရပါလား။

ဒါ ဒါ ဘယ်နေရာလဲ၊ ငါကရော ဘာလို့ ဒီရောက်နေတာလဲ၊ သူတို့ကရော ဘယ်သူတွေလဲ။

ကုတင်ပတ်ပတ်လည်မှာ အလှတပ်ဆင်ထားတဲ့ ဇာအနီရောင် ခြင်ထောင်စက လူကိုဇဝေဇဝါ ၊ ဒါ့အပြင် အခန်းလုံးပြည့် တပ်ဆင်ထားတဲ့ ဖဲပြားကြိုးအနီရောင် ပန်းပွင့်ကြီးတွေက မင်္ဂလာဆောင်တွေမှာ ပြင်ဆင်တဲ့အခါ သုံးတဲ့အပြင်ဆင်မျိုး။

ပြီးတော့ ကျွန်တော်နားမှာ ဝိုင်းနေကြတဲ့ လူအုပ်ကြီးက ရှေးခေတ်ကလို အဝတ်အစားတွေနဲ့။

ကျွန်တော် ခေါင်းကဆံပင်ရှည် တစ်ချို့ကို စမ်းမိတော့ လန့်သွားတယ်။

ငါတစ်ကယ်ကြီး ရှေ့ခေတ်ကို ရောက်နေတာပဲ။

"ဖယ် ဖယ် သမားတော်ကြီးလာပြီ"

ရှဲသွားတဲ့ လူအုပ်ကြားထဲမှ ဖြူဖြူသွယ်သွယ်နဲ့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို သေသေသပ်သပ် ချည်နှောင်ထားတဲ့ လူရွယ်တစ်ယောက် ရောက်လာတယ်၊ သူ့နောက်ပါးမှာ လေးထောင့် ဆေးသေတ္တာကြီး သယ်လာတဲ့ ဆေးအကူလေး ပါလာတယ်။

သမားတော်ဆိုတာ သိုင်းကားတွေထဲမှာ အဖြူရောင် ဝတ်ကြတာ မဟုတ်ဘူးလား။

"လူနာက ဘယ်တုန်းက သတိရတာလဲ"

ဒီအသံ.....!!အမြင်အာရုံ ဝေဝါးနေတာမို့ မျက်တောင်ကို အကြိမ်ကြိမ် ပုတ်ခတ်လိုက်တယ်။

လက်ကို လာစမ်းတဲ့ အထိအတွေ့က ဇဝေဇဝါပေမဲ့  တစ်စုံတစ်ယောက်မှန်း သိသာစေတယ်။

နောက်တစ်မျက်နှာ(နောက်တစ်မျက်နှာ)( HIATUS)Where stories live. Discover now