Next Pg_9

265 20 6
                                    

စားပွဲပေါ်က သေရည်ခွက်ကို ယူကာ တစ်ဦးနှင့်တစ်ဦး အရိုအသေပြုပြီး မင်္ဂလာအရက်ကို သောက်လိုက်သည်။

ဟင်းတို့ကို ဦးစွာ ထည့်ပေးလိုက်ပြီး တူကိုကိုင်ကာ မစားသေးဘဲ ကိုကို့ကို ကြည့်လိုက်သည်။

ဝက်သားတုံးလေးကို ပါးစောင်အပြည့် ဝါးနေသော ကိုကိုက အရသာ တွေ့သည်ထင် ပန်းကန်ထဲက ဝက်သားနှပ်ကို လှမ်းနှိုက်နေလေသည်။

ခေါင်းမဖော်တမ်း စားနေသည်ကို ထိုင်ကြည့်နေလိုက်ပြီးနောက်

"ကိုကို ကောင်းလား"

"အွန် အွန်းးးဝေါင်းဒယ်(ကောင်းတယ်)"

ပါးစုန့်လေးတွေ ဖောင်းနေတဲ့အထိ တမြုံ့မြုံ့ ဝါးနေကာ ပြန်ဖြေလိုက်သံက အသည်းယားစဖွယ် ဖြစ်လေသည်။

"Wangသခင်လေးလည်း စားလေ၊ ဗိုက်ဆာနေမှာပေါ့"

အစာဝါးနေခြင်း မရှိဘဲ ပြောတော့မှ ပီသတဲ့အသံ ထွက်လာလေသည်။

"အင်း ဗိုက်ဆာတယ်၊ ဒါတွေစားယုံနဲ့ မပြည့်ဘူး"

"ဟင်၊ မလောက်လို့လား၊ စားဖိုဆောင်ကို ထပ်ပြီး ဟင်းတွေပို့ခိုင်းလိုက်မယ်လေ"

တူကိုချကာ ထရပ်လိုက်တဲ့ ကိုကို့ကို လှမ်းဆွဲကာ ထိုင်စေပြီး လက်နွေးနွေးလေးကို လက်နှစ်ဖက်ဖြင့် ထွေးဆုပ်ထားလိုက်သည်။

"မသွားပါနဲ့ကိုကို၊ ခြေညောင်းနေပါ့မယ်၊ တစ်နေကုန်လည်း ပင်ပန်းပြီးပြီ"

"ဒါဆို Wangသခင်လေး ဗိုက်မဝတာက ဘယ်လိုလုပ်မလဲ၊ ကျွန်တော်က တော်တော်များများကို စားလိုက်လို့ကုန်ပြီလေ"

"အဟင်းးးး၊ စားမရာ မရှိဘူးလို့ ဘယ်သူပြောလဲ"

"ရှိသေးလား"

မျက်လုံးတောက်တောက်လေးတွေက နောက်ထပ်စားစရာ ရှိသေးတယ် ထင်သွားမှန်း သိသာလေသည်။

"စားစရာက ဒီမှာလေ"

"ဗျာ....!!!!"

လက်ညှိုးက အနှီယုန်ဖြူကို ထိုးလေတော့ စတော်ဘယ်ရီသီးလေးလို ရဲရဲနီတဲ့ ယုန်နီလေးအဖြစ် ပြောင်းသွားလေတော့သည်။

နောက်တစ်မျက်နှာ(နောက်တစ်မျက်နှာ)( HIATUS)Where stories live. Discover now