Xiao Fei (5)

7.8K 667 14
                                    

[unicode]

" ကာ မ အား တိုး ဆေး "

မင်းကြီးလည်း လန့်ဖြန့်ကာ ပလ္လင်ပေါ်ကနေ ပြုတ်ကျရသည်။ ဝမ်ရီပေါ်လည်း ပလ္လင်ပေါ်မှ ဆင်းကာ မင်းကြီးဘေးဆောင့်ကြောင့်ထိုင်လိုက်သည်။

" မင်း...မင်း အတိတ်မေ့နေတာကော ဟုတ်ရဲ့လား "

" မင်းကြီးက ကျွန်တော့်အကိုတော်ဆို "

" ဟုတ်တယ်လေ မင်းတကယ်ကြီး ‌. . . "

" ကျွန်တော်တို့ လက်ဆက်ထားတာ ရှစ်နှစ်တောင်ရှိပြီ အခုထိ ကိုယ့်မိန်းမကိုကိုယ်မပွေ့ရသေးတာ အရှက်ရစရာပဲ ဟုတ်တယ်မလား မင်းကြီး "

မင်းကြီးလည်း ကြောင်တောင်တောင်နဲ့ခေါင်းငြိမ့်လိုက်ရသည်။ ဟုတ်တာပေါ့ အိမ်ထောင်သက်က ရှစ်နှစ်တောင်ရှိပြီဟာကို။ ဒါပမယ့် မဟုတ်သေးဘူးလေ

မင်းကြီးလည်း ဝမ်ရီပေါ်ရဲ့ နားရွက်ကိုဆွဲလိမ်ကာ ပလ္လင်ပေါ်ပြန်ထိုင်လိုက်သည်။

" အား အာ့ အား နာတယ် မင်းကြီး "

" အတိတ်သာမေ့တာ ဒီစိတ်တွေက မပျောက်ဘူး မင်းမနေ့တစ်နေ့ကမှ ဆယ့်ရှစ်နှစ်ပြည့်ပြီးတာ မဟုတ်လား "

" မင်းကြီးဆီမှာမရှိဘူးလား နေဟွိုက်ဆန်းတို့က မင်းကြီးဆီမှာ ရှိတယ်ဆိုလို့ လာတောင်းတာ မရှိရင်ပြန်မယ် "

ဝမ်ရီပေါ်တို့က ပြတ်ပြတ်သားသားပင်ပြောလိုက်သည်။ အစက မင်းကြီးဆိုတော့ကြောက်လိုက်ရတာ မင်းကြီးက တကယ်တော့ အနိုင်ကျင့်လို့အရမ်းကောင်း။

" အဲ့ဒီ့ နေးစစ်သူကြီးရဲ့ ညီ လာပလေ့စေဦး လည်လှီးပစ်မယ် "

" အပို‌တွေပြောမနေနဲ့ ရှိလားမရှိဘူးလားပဲ ဖြေ "

အတိတ်မေ့နေတာတောင် အကိုဖြစ်သူကို ဘယ်လိုနိုင်စားရမှန်းသိနေသောကြောင့် မင်းကြီး ကိုယ်တိုင်အလျှော့ပေးလိုက်ရသည်။ ပြီးတော့ ဝမ်ရီပေါ်က ကြင်ယာတော်ရှောင်ကို အကိုတစ်ယောက်ထက်ပိုနေသည်ကိုလည်း မင်းကြီးက ရိပ်မိပြီးသားဖြစ်သည်။

" ရှိတော့ရှိတယ် ဒါပမယ့် "

ရှိတယ်စကားကြားတာနဲ့ မျက်လုံးကလေးတွေလက်လာသော ဝမ်ရီပေါ်။ အဲ့လောက်တောင် ဘူးရလား အိမ်ရှေ့မင်းသားရယ်။

Xiao Fei(yizhan)Where stories live. Discover now