[unicode]
" မင်းသား ညနေစောင်းနေပြီ နန်းတော်ထဲဝင်တော့မလား "
ဖန်ရှင်းက မေးနေသော်လည်း ဝမ်ရီပေါ်မဖြေနိုင်။ ဆယ်နှစ်သားလေး ဝမ်ရီပေါ် ရှောင်ကျန့်ဆီ ပထမဆုံးသွားသလိုပင်။
သူ့ကိုတွေ့ရင် ကျန့်ကော ဘယ်လိုတုံ့ပြန်မလဲ
ကျန့်ကောက သူ့ကို မုန်းနေမှာလား
ကျန့်ကောက သူ့ကို သတိရနေမှာလား
ကျန့်ကောနဲ့သူ့ရဲ့ကလေးလေးကရော ဘယ်အရွယ်လောက်ရှိလောက်မလဲ
ကျန့်ကောက ဘယ်လိုပုံသဏ္ဌာန်လေးဖြစ်နေမလဲဝမ်ရီပေါ်တစ်ယောက် အတွေးတွေနဲ့ ချာချာလည်နေသည်။
" ရီပေါ် ဒီနေ့တစ်ရက်တော့နားလိုက်ပါအုံး နောက်နေ့မှ ကြင်ယာတော် ဘယ်မှာရှိလဲ စုံစမ်းပြီး သွားတွေ့ကြရအောင် "
" အင်း "
လီချုံးနင်ပြောတဲ့ အကြံကိုလက်ခံလိုက်ကာ မြို့တွင်းမှ တည်းခိုဆောင်မှာ ညအိပ်ခဲ့ကြသည်။
မနက်လင်းတော့ ဖန်ရှင်းကို နန်းတော်ထဲ ခဏလွှတ်ကာ ကျန့်ကော ဘယ်မှာရှိလဲ စုံစမ်းခိုင်းသည်။
ဝမ်ရီပေါ်တို့ သူငယ်ချင်းသုံးယောက်ကတော့ လက်ဖက်ရည်ဆိုင်က ထိုင်စောင့်နေသည်။ သုံး လေး နာရီလောက်အကြာမှာ ဖန်ရှင်း လက်ဖက်ရည်ဆိုင်ထဲသို့ ပြန်ရောက်လာသည်။
" ဖန်ရှင်း ကျန့်ကော သတင်းရခဲ့လား "
" တောင်းပန်ပါတယ် မင်းသား ကြင်ယာတော်က နန်းတော်ထဲမှာမရှိဘူးလို့ပြောပါတယ် "
" နန်းတော်ထဲမှာမရှိဘူး? ကျန့်ကောက တထန်ပြန်သွားတာလေ နန်းတော်ထဲမှာ မရှိဘူးဆိုတော့ "
ဝမ်ရီပေါ် အတော်ပင်စိတ်ပူသွားသည်။ ဒီခြောက်လအတွင်း ကျန့်ကောက တထန်မှာ လုံလုံခြုံခြုံရှိလို့ စိတ်အေးခဲ့ရပမယ့် အခု လုံခြုံတဲ့နန်းတော်မှာမရှိဘဲ ဘယ်ရောက်နေတာလဲ။
" ဝမ်နိုင်ငံက ကျန့်ကောနဲ့အတူထည့်ပေးလိုက်တဲ့ စစ်သည်သုံးရာရော "
" သူတို့က နယ်စပ်မှာ တိုက်ပွဲဝင်နေပါတယ် အသေအပျောက်နည်းပြီး အနိုင်ရေနပါတယ်တဲ့ "
YOU ARE READING
Xiao Fei(yizhan)
FanfictionBoth Unicode and Zawgyi ( Rated Mature ) ဤဇာတ်လမ်းလေးသည် ဘာသာပြန်ဆိုထားခြင်း လုံးဝ လုံးဝ မဟုတ်ပါ။ No translation My Wangfei is a man ဇာတ်လမ်းလေးကို အရမ်းကိုသဘောကျလို့သာ (yizhan) အနေနဲ့အသစ်ပြန် ရေးသားထားခြင်းဖြစ်ပါသည် Novel နှင့်လည်း လုံးဝ လုံးဝ တစ်ထ...