မှူး 1

46K 2.3K 219
                                    

မိုးစင်စင်လင်းပြီ လင်းကြက်တွန်သံကြားရပြီ
ဟော မူလတန်းတုန်းက သင်ခဲ့ဖူးတဲ့အတိုင်း
အိမ်ရဲ့ ဟိုးဘက်တစ်လမ်းက ကြက်တွန်သံ ကြားရပြီ ဒီနေ့ကြမှ တွန်နေတာမရပ်တော့ဘူး
မထချင်တဲ့နေ့ ဘာနေ့လဲဆိုတော့ ဇွန်လ ၂ ရက်နေ့
တစ်နိုင်ငံလုံးက အစိုးရကျောင်းတွေစဖွင့်တဲ့နေ့
ထို့အပြင် တက်ရမယ့်အတန်းကလည်း တက္ကသိုလ်ဝင်တန်းတဲ့ စိတ်တွေညစ်လွန်းလို့
အခုမှစဖွင့်ပေမယ့် နောင်စာမေးပွဲဖြေသည်အထိ
စောစောထရတော့မယ်ဆိုတာ ကြိုတွေးပြီး
ငိုချင်လာပြီ တစ်နှစ်လုံးကျော်သွားလို့ရရင် ဘယ်လောက်ကောင်းမလဲ

"သားရေ သျှားမင်းပိုင် သား ထတော့
ဒီနေ့ကျောင်းစဖွင့်ပြီနော် သိရဲ့လား
စဖွင့်ရက်လေး စောစောသွားလို့ရအောင်
ထတော့ "

မေမေလာများနိုးပါ့မလားလို့ စိတ်ပူနေတာ
ခုနက မေမေခေါ်လိုက်တဲ့အတိုင်းပဲ ကျွန်တော့်နာမည်က သျှားမင်းပိုင်
တစ်ဦးတည်းသောသား စဉ်းစားကြည့်ပါ
ကျွန်တော်ကိုဘယ်လောက်တောင်ချစ်ကြမလဲ
အခုတော့ အိမ်မှာမေမေပဲရှိတယ် ဖေဖေက thailand မှာ သူ့အလုပ်နဲ့သူ တစ်လတစ်ခါတော့
ပြန်လာတယ် ပြောရရင် ပျော်ပျော်နေတတ်တဲ့ ပျော်ရွှင်စရာ မိသားစုလေးပါ

ပြီးတော့ ကျွန်တော်က လူချစ်လူခင်ပေါတယ်ဗျ
ကျောင်းမှာဆိုလည်း ဆရာတွေရော ဆရာမတွေရော သား သား နဲ့နေတာ
နာမည်လည်း ကြီးသလားမမေးနဲ့
စာတော်လို့ နာမည်ကြီးတာမဟုတ်ဘူး
ရုပ်ချောလွန်းလို့ နာမည်ကြီးတာ ဒါကြောင့်
သျှားမင်းပိုင်ဆိုရင် မသိတဲ့လူက ခပ်ရှားရှား
ကျွန်တော့်ရုပ်ရည်ကို ပြောရရင် လူမျိုးစုံစပ်ထားသလား အောက်မေ့ရတယ်
ဘာလို့ဆို အရပ်အမောင်းက Korea မင်းသား တွေလိုမျိုး ၆ပေကျော်ကျော် ၊ အသားအရေလား
Thai မင်းသား chinese မင်းသား အတိုင်းပဲ
မျက်လုံး မျက်ခုံး bollywood မင်းသားတွေလိုပဲ နှာတံ နဲ့ နှုတ်ခမ်းပါးပါးက မေမေနဲ့ဖေဖေတူတာ ကိုယ့်ဟာကိုယ်မြင်ကြည့်ကြ ကျွန်တော် ဘယ်လောက်ချောလဲဆိုတာ

ခုနက စာမတော်ဘူးပြောခဲ့တယ်နော်
ဒါပေမယ့် ကျွန်တော်အရမ်းကြီးလည်းမညံ့ပါဘူး
ဘာသာစုံ ၄၀ ကျော်နဲ့ အတန်းတိုင်းအောင်ခဲ့တယ်
တစ်နှစ်မှမကျခဲ့ဘူး ပြောရရင် အဓိကက ပျင်းတာ
စာမကျက်ချင်တာ သင်လိုက်တဲ့ဟာကို နားလည်အောင်ဖတ်ပြီး မေးတာတွေကို ကိုယ်နားလည်သလို ပြန်ရေးလိုက်ပလိုက်တာ
၉တန်းအောင်သည်အထိ ဒီနည်းအတိုင်း လုပ်လာတာပဲ အခု ၁၀ တန်းတော့မရလောက်ဘူး
စာကျက်ရမှာတွေရော ထရမှာတွေရော တွေးရင်းစိတ်ညစ် ဟူး...

မှူး ❤Where stories live. Discover now