မှူး 30

16.2K 937 137
                                    

မှူးလေးပေးတဲ့ အားအင်တွေနဲ့
ကိုယ်က အသက်ဆက်ချင်တာ..... ❤

**********

ညနေရီတရော လေအေးလေးကတဖြူးဖြူး ။

မနက်ဖြန်မနက် ဆေးရုံဆင်းရတော့မည် ဖြစ်တာကြောင့် အိမ်ကိုပြန်ပို့စရာရှိတဲ့ ပစ္စည်းအချို့ကို မေမေ မေငယ်တို့အတူ
သိမ်းဆည်းလာယူလျက် ကားပေါ် တင်နေကြသည်။

မေငယ် -
"ကဲ... ဒါဆိုမေမေတို့သွားဦးမယ် "

သျှား -
"ဟုတ် မေမေ
ဖြေးဖြေးမောင်းသွားနော်
အန်တီဖူးရော "

မှူးမေမေ -
"အင်း သားသျှား
ဒါနဲ့ ညကို နှစ်ယောက်တည်းအဆင်ပြေမှာလား
မှူးက အိပ်ရင်မနိုးတော့ဘူး "

မေငယ် -
"ဟုတ်တယ် မေမေလည်း ဘကျော်က ရွာခဏပြန်သွားလို့သာ အိမ်ပြန်အိပ်ရတာ
အိမ်မှာ စောင့်မယ့်သူမရှိလို့ရယ် "

သျှား-
"အဆင်ပြေပါတယ် မေမေ
မဟုတ်လည်း မနက်စောကျ သားတို့လည်းပြန်လာရတော့မှာကို
ပြီးတော့ မှူးလေးပဲ မနိုးတာမဟုတ်ပါဘူး အန်တီဖူးရဲ့ ကျွန်တော်လည်း အိပ်ရင်မနိုးတော့ဘူးရယ် ဟဲဟဲ "

မေငယ် -
"ဟုတ်ပါပြီ...ဒါဆိုလည်း အထဲဝင်တော့
မှောင်လာပြီ သွား သွား မေမေတို့လည်း သွားတော့မယ် မနက်မှ လာခေါ်မယ် "

သျှား မှူး -
"ဟုတ်... bye bye နော် "

မေမေတို့ကိုနှုတ်ဆက်ပြီး ဆေးရုံဝန်းထဲ ပြန်ဝင်လာခဲ့သည် ။ ခုထိ ထော့နဲ့ထော့နဲ့နဲ့ သွားနေသည့်သျှားကြောင့် လက်မောင်းရင်းကို
သေချာတွဲကိုင်ကာ ဖြေးဖြေးချင်းဝင်လာခဲ့သည်။

"သျှား မင်းခြေထောက်တွေ လက်တွေကလေ
မင်းနဲ့ငါနဲ့ နှစ်ယောက်တည်းရှိနေရင်
ပိုနာနေသလိုပဲနော် "

"အာ အဲဒါလား အဲသလိုပဲပေါ့ ပူတူးလေးရဲ့ "

"ဟွန့်....တကယ်ရော ဟုတ်ရဲ့လားမသိ အဲဒါအကြောင်းပြပြီး သူများကို ခိုင်းလို့ကောင်းနေတာမလား ..."

မှူး ❤Where stories live. Discover now