Part 29

3.4K 176 3
                                    

လှိုင်းလိုလူ

အပိုင်း (၂၉)

#လှိုင်းလိုလူ

"အဲ့….အဲ့…..အဲ့….."
"အို…သမီးရယ်…ဘာဖြစ်တာလည်း…"
စံလေး နို့တိုက်လည်း မသောက်ပဲ အသံပျောက်အောင် ငိုနေတော့ စိတ်ပူခါ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေရသည်..။
ချီလျှောက်ပေမဲ့လည်း ငိုနေဆဲမို့ ကြံရာမရ ဖြစ်ခါ လူလည်း ချွေးပြန်ချင်လာပြီ..။
ည ဆယ်နှစ်နာရီကျော်နေပြီ မို့ ဖွားဖွားတို့ ဒေါ်လေးတို့ကိုလည်း အားနာရပါသည်..။
"ညီမလေး.."
"ရှင်.."
"ကလေး ဘာဖြစ်လို့လည်း.."
"မသိဘူး..မမရယ်….ငိုပဲနေတယ်…"
"နို့ဆာလို့လား.."
"တိုက်တာပဲ မသောက်ဘူး…"
"ကြည့်ပါဦး..ဒိုဒိုလေး မောတောင် နေပြီ….တစ်ခုခု များ ဖြစ်လို့လား... မသိဘူး…"
"ကိုယ်တော့ မနွေးပါဘူး…"
"ကလေး ဘာဖြစ်တာလည်း….သမီး.."
"မသိဘူး…ဖွားဖွားရယ်.."
"လေထိုးတာ နေမယ်…"
"လေထိုးရင် အနှီးနဲ့ ခပ်တင်းတင်း ပတ်ထားလိုက် တူမလေး.."
ဒေါ်လေးက အနှီးတစ်ထည်ဖြန့်ပြီး သေချာပတ်ပေးလိုက်တော့ ငိုသံတိတ်သွားခါ နို့ပြန်သောက်တော့သည်..။
ဒေါ်လေး ၊ဖွားဖွား နဲ့ မမ တို့လည်း အပေါ်ကို ပြန်တက်သွားတော့ ညက တစ်နာရီ ထိုးတော့မည်..။
"အဲ့….အဲ…."
"ဟယ်…"
စံလေး အိပ်ယာပေါ် ပြန်ရောက်ပြီး အိပ်တောင် မပျော်သေး သမီးက အသံပျောက်အောင် ထပ်ငိုတော့ ငုတ်တုတ်ထထိုင်ရပြန်သည်..။
ငိုတာ မောလာရင် ခဏရပ်ပြီး ပြန်ငိုနေတာ သူ့ကိုယ်ထဲ ဘာတွေဖြစ်လို့လည်း တွေး၍ စိတ်ပူနေရတာလည်း မသက်သာ..။
"မပြောတက် မဆိုတက်..ဘာဖြစ်တယ် မသိဘူး.."
"ဟင်း….ညကြီးမင်းကြီး…ဆေးခန်းလည်း မရှိဘူး…နင်ဟာလေ…နည်းနည်းမှ အစားမရှောင်ဘူး..အခုတော့ ကလေးမှာ ဒုက္ခရောက်နေပြီ…"
"စံလေးလည်း ဘာမှ မစားမိပါဘူး…ဒေါ်လေးရယ်…."
"ဟဲ့…ညနေတုန်းက ကောက်ညှင်းတွေလည်း စား..အိပ်ခါနီး ထမင်းစားတော့ ခရမ်းသီး လေပွစာ လေ….ပါးစပ် အလို လိုက်လွန်းတယ်.."
"အဲ့…အဲ့…"
ဒေါ်လေးက ဆူနေချိန် သမီး က ထပ်ငိုတော့ စံလေး စိတ်ရှုပ်လို့ မြန်မြန် အိပ်ပျော်သွားအောင် လှုပ်ရမ်းခါ ချီလျှောက်ရသည်..။
"သား ငယ်ငယ် တုန်းက ဖြစ်ဖူးလား.."
"ဟယ်…ဖြစ်တယ်…ဖြစ်တယ်…..အနိုင် လုပ်တက်တယ်…"
"ဘာ…."
"ဟုတ်လား…..သွားခေါ်လိုက်ပါလား…ညီမလေး….ကလေး မောနေပြီ…"
"ဟဲ့…မ်ိငွေ နင် ကပါ ငါ့ကို မခန့်လေးစား အာခံချင်နေတာလား…"
"ရှင်….မဟုတ်ပါဘူး…ဒေါ်လေးရယ်…ကလေး ကို ကြည့်ပါဦး…ငိုလွန်းလို့ မောနေပြီ…အခုချိန် ရန်သူ မိတ်ဆွေ ထက် ကိုယ့်ကလေး သက်သာဖို့ အရေးကြီးတာပါ….စိတ်လျော့ပါ ဒေါ်လေးရယ်…"
"အို…အေ…အဲ့…အယုတ်တမာ နဲ့ မျက်နှာချင်း မဆိုင်ချင်ဘူး…တော်တော်…ဒီအိမ် မှာ ငါကပဲ အနေအစား မတက် နေရာ တကာ ၀င်ပါနေတဲ့ မိန်းမကြမ်းကြီးပေါ့လေ…ဟဲ့…အနေသာကြီး…"
ဒေါ်လေးက ခြေဆောင့်ပြီး အခန်းထဲက ထွက်သွားတော့ သမီးကို မမ လက်ထဲ ပေးခဲ့ခါ မီးဖိုချောင်ကနေ ဆင်းခဲ့ရသည်..။
လမ်းမှာ မှောင်မဲနေတဲ့ သန်းခေါင်ယံကျော် အချိန် ဆိုပေမဲ့ သားသမီးဇောကြောင့် မကြောက်မရွံနိုင်ပဲ ခြေလှမ်းသွက်သွက်ဖြင့် ရဲရဲတင်းတင်း သွားလိုက်သည်..။
"အနိုင်…အနိုင်…"
"………."
"ဟဲ့….အနိုင်…"
ကောင်းရော….သူနဲ့ရတဲ့ သားသမီးတွေကြောင့် စံလေး မှာ ည တစ်နာရီကျော်တဲ့ အထိ မအိပ်နိုင်ပဲ ရင်ပူ စိတ်ပူခါ တစ်ကိုယ်လုံး ချွေးပြန်နေပြီ..။
ဒင်းကတော့ အိပ်မောကျနေတာ ခေါ်မကြား…အော်မကြား…နိုင်တဲ့ အခြေအနေ…။
"ဘုတ်…ဘုတ်…"
"ဟဲ့…အနိုင်…"
"ဟင်…"
"အနိုင်…နိုးပြီလား.."
"စံလား.."
"အေး…"
စံလေး တုန့်ပြန်လိုက်တော့မှ တံခါးကို အကြမ်းပတမ်း ဆွဲဖွင့်ခါ မျက်လုံးပြူးဖြင့် တစ်ကိုယ်လုံးကို လိုက်ကြည့်နေသည်..။
ဒေါသထွက်လို့ လက်မောင်းကို ရိုက်လိုက်ပြီး လက်ဆွဲခါ ခေါ်ခဲ့လိုက်မိသည်..။
"ဘာ…ဘာဖြစ်တာလည်း.."
"တော်တော် အိပ်ပျော်နေနိုင်တယ်နော်…"
"အင်း..ညနေ က အုန်းထမင်းကျွေးတာကိုး.."
"ကောင်းလိုက်တဲ့ ဘ၀…"
"နေပါဦး..ဘာဖြစ်တာလည်း…ငါတို့ ပြန်ပြေးရတော့မှာလား.."
"အိုး…လျှာရှည်လိုက်တာ.."
စံလေး မီးဖိုချောင်မှာ ဖိနပ်ချွတ်ပြီး အိမ်ပေါ်တက်တော့ ဒင်းက ပါမလာလို့ တစ်ခါ ထပ်ခေါ်ရသည်..။
ဖိနပ်ချွတ်ပြီး တွန့်ဆုတ်ဆုတ် ဖြင့် အိမ်ပေါ်ရောက်လာချိန် သမီး ငိုသံကြားမှ မျက်လုံးပြူးဖြင့် စံလေး ကိုထားခဲ့တော့သည်..။
အခန်းထဲကို သူအရင်ရောက်သွားတော့ နောက်က ကပျာကယာ ပြေးလိုက်ရသည်..။
"အိုး..သမီးလေး…ဘာဖြစ်တာလည်း…"
"မသိပါဘူး…မောင်လေးရယ်….ငိုပဲနေတယ်..ဖွားဖွားကတော့ လေထိုးတာပြောတာပဲ…"
"ဟာ..သမီးက ငါးလရောက်နေပြီပဲ….လေထိုးသေးလား…."
"အမလေး…နေ့တိုင်း ငါ ချီလျှောက်ရတာလေ…အရင်နေ့တွေတုန်းက တစ်နာရီလောက်ပဲ ငိုတာ ဒီနေ့မှ မိုးချုပ်ကတည်းက ငိုတာ ခုထိ မတိတ်သေးဘူး…"
"အိုး…ဒါကို ဆေးခန်း ခေါ်မသွားဘူး…"
"ဘယ်သိမလည်း.."
"ကဲ့…ကဲ…ရန်ဖြစ်တာ နောက်မှ ဖြစ်ကြ…ဘာလုပ်ကြမှာလည်း…"
"မမ သွားအိပ်လိုက်ပါ…မနက် ခရီးသွားရဦးမယ်မလား…"
"နင် တို့ သတ်မနေကြနဲ့နော်…ကလေး ကို ကြည့်…"
"ဟုတ်.."
သမီး ကို စံလေး ပြောင်းချီပြီး ပြောလိုက်တော့မှ မမ က ခေါင်းညိတ်ပြီး အပေါ် ကို ပြန်တက် သွားတော့သည်..။
ပခုံးပေါ်တင်ပြီး လှုပ်လျှောက်နေတာ သမီးက ခေါင်းမမူးပေမဲ့ စံလေး က ခေါင်းမူးနေပြီ..။
"အဲလို မလုပ်နဲ့လေ.."
"ဒါမှ မူးပြီး မြန်မြန်အိပ်မှာ.."
"ဟင်း…ပေး…ပေး…ငါချီမယ်…"
"သား ကို နင် လုပ်သလို လေထုတ်ပေးလိုက်ပါလား…"
"နေဦး…ဘာဖြစ်လို့ ငိုတာလည်း မသေချာဘူး…အသားလည်း မနွေးပါဘူး…"
"ငါ အစား သောင်းကျန်းမိလို့လား မသိဘူး…ညနက်တော့မှ ဗိုက်ဆာလို့ ထမင်းစားမိတယ်…"
"မဆိုင်ပါဘူး…ကလေးလေနာတာက တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပါပဲ…အို…အို….တိတ်ပါ…သမီးရယ်…"
သမီး ကို ချီပြီး ထိုင်ချခါ ဗိုက်ကလေးကို ပွတ်ပေးနေပေမဲ့ သမီးကတော့ဇွဲမလျော့ပဲ ငိုကောင်းနေဆဲပါပဲ…။
အနားမှာ ချထားတဲ့ ဓာတ်မီးအသေးလေး ယူပြီး နားထဲ ထိုးကြည့်နေတော့ စံလေးလည်း စိတ်ပူပြီး လိုက်ကြည့်မိသည်..။
"ဘာဖြစ်လို့လည်း.."
"ဟင့်အင်း…အနှီးဘာလို့ ပတ်ထားတာလည်း…"
"ဒေါ်လေး ပတ်ပေးထားတာ.."
အနိုင် က သမီး ရင်ခေါင်းမှာ ချီထားတဲ့ အနှီးကို ဖြည်ပြီး ဘေးကို လွင့်ပစ်တော့ စံလေး မျက်မှောင်ကြုတ်ခါ ကြည့်နေမိသည်..။
"ကြည့်ဦး..နီရဲနေပြီ…အဲလို တင်းကြပ်နေအောင် မစီးရဘူး…အသက်ရှုမရရင် ဘယ်လိုလုပ်မလည်း…အဲလို လုပ်လည်း လေထိုးတာ မပျောက်ဘူး…ဟူး…"
"နင် တက်နေရင် နင်လုပ်ပါလား…သူကျတော့ အိပ်နေပြီး…"
"ငါ ဘယ်လောက် အနားမှာ နေချင်လည်း နင် သိပါတယ်..စံရယ်….."
စံလေး ကို မော့ကြည့်ပြီး ခပ်ညီးညီး ပြောတော့ ပြန်ပြောစရာ စကား မရှိလို့ ငိုနေတဲ့ သမီးကိုပဲ ကြည့်ခါ သက်ပြင်းချမိသည်..။
"ကောင်းသွားမယ်နော်…ဖေား…သိပ်ပေးမယ်…အိပ်နော်…."
ပခုံးပေါ် ပြန်တင်ပြီး ဖွဖွဖက်ခါ လျှောက်နေတော့ စံလေး လည်း ဘာမှ လုပ်စရာ မရှိပေမဲ့ သမီး မျက်နှာကို ကြည့်ရင်း လိုက်လျှောက်နေရသည်..။
"နေမင်းကွယ်ညိုးရင်….မိုးည မှောင်ရိပ်၀ယ်….အိုမေရယ်🎼….အနမ်းဝြေဖာမယ်….ကြယ်လေးတွေကို ရှက်ရင် ထွေးပိုက်လို့ထားမယ်…ကြောက်စိတ်တွေ ဖယ်ထားကွယ်…. နေမင်းကွယ်ညိုးရင်….မိုးည မှောင်ရိပ်၀ယ်….အိုမေရယ်….အနမ်းဝြေဖာမယ်…🎼.ကြယ်လေးတွေကို ရှက်ရင် ထွေးပိုက်လို့ထားမယ်…အို..မေရယ်….အိပ်တော့ကွယ်….ရင်ခွင်မှာ နွဲ့ကာ အားကိုးတဲ့ သူရယ်…နွေးနွေးထွေးထွေး….ရင်ခုန်တယ်…မှေးစက်နော် အသည်း၀ယ် မောပန်းလို့ နွမ်းရင် ..မောင်လေ…ချော့ကာ သိပ်ပါ့မယ်…အေး…အေး…အေး….အို….မေရယ်…အိပ်တော့ကွယ်🎼…"
ညတစ်နာရီခွဲမှာ သူ့ဟာသူ့ လမ်းလျှောက်ရင်း သီချင်းတိုးတိုးလေး ညီးဆိုနေတာ စံလေးက အလိုလို မျက်လုံးစင်းလာသည်..။
သမီးက သိပ်မငိုတော့ပဲ တဖြည်းဖြည်း ငြိမ်လာတော့ စိတ်သက်သာရာ ရပေမဲ့…။
"ဒုတ်.."
"အ…"
"ဟာ..ဘာဖြစ်တာလည်း…"
စံလေးမှာ သီချင်းနားထောင်ရင်း မျက်လုံးတွေ မှေးခါ  နောက်က လျှောက်လိုက်နေတာ သစ်သားတန်းကို ဆောင့်မိတော့မှ နာလို့ မျက်လုံးကျယ်သွားရသည်..။
"နင့်ကြောင့်…"
"ဟင်…"
"ဘာလို့ သီချင်းဆိုနေတာလည်း.."
"သမီးကို သိပ်နေတာလေ…."
"သီချင်းကို ဘာဖြစ်လို့ လေးတွဲပြီး ဆိုနေမှန်းကို မသိဘူး…သမီး မအိပ်ချင်ပေမဲ့ ငါ အိပ်ပျော်တော့မယ်…"
"ဟား…ဟား…"
"အပြင်မှာ လျှောက်မလား.."
အခန်းက ကျဉ်းတာရယ်…ဖွားဖွားအိပ်တဲ့ ခုတင်နေရာလေးကို ရှောင်ပြီး လျှောက်နေရသလို စံလေး တို့ မိသားစု အိပ်တဲ့ အိပ်ယာလည်း ရှိတာမို့ လွတ်လပ်အောင် ပြောလိုက်တာ ခေါင်းရမ်း ငြင်းဆန်သည်..။
"ဒေါ်လေးတို့ အားလုံး အပေါ်မှာ အိပ်တာပါ….လျှောက်လို့ ရတယ်…"
'သမီးလည်း တိတ်နေပါပြီ…..နောက်တစ်ခေါက်ဆို အိပ်သွားလိမ့်မယ်…"
"……….."
စံလေး သက်ပြင်းချပြီး သူ့နောက်ကို တစ်ခါ လျှောက်လိုက်နေရတာ ဘယ်သုမှ မခိုင်းပါပဲ ကိုယ့်ကိုယ်ကို ပေးထားတဲ့ မိခင် တာ၀န်အရသာ..။
သား ငယ်ငယ်တုန်းက အာဗြဲအောင် ငိုလည်း သူချည်းပဲ လျှောက်နေကျမိ်ု့ စံလေးက ဘေးမှာ အိပ်ပျော်ပါသည်..။
အခုတော့ သမီးကို ကိုယ်ပဲ ချီလျှောက်နေရတာကြောင့် သမီးငိုသံကြားရင် ကိုယ်လည်း လိုက်ငိုချင်သည်..။
သမီး အိပ်မပျော်မချင်း ကိုယ်လည်း အိပ်ချင်နေရင်တောင် အိပ်ပျော်မယ် မထင်ပါဘူး..။
" ကြယ်လေးတွေကို ရှက်ရင်🎼 ထွေးပိုက်လို့ထားမယ်…အို..မေရယ်….အိပ်တော့ကွယ်….ရင်ခွင်မှာ နွဲ့ကာ အားကိုးတဲ့ သူရယ်…နွေးနွေးထွေးထွေး….ရင်ခုန်တယ်…မှေးစက်နော် အသည်း၀ယ် မောပန်းလို့ နွမ်းရင် 🎼..မောင်လေ…ချော့ကာ သိပ်ပါ့မယ်…အေး…အေး…အေး….အို….မေရယ်…အိပ်တော့ကွယ်…"
"………"
ဘယ်လိုဖြစ်ပြီး လူအိပ်ချင်အောင် ဆိုတက်တာပါလိမ့်…။
လူကို အိပ်မွေ့ချပြီး ခိုးသွားတဲ့ သူက ဒါလည်း ကျွမ်းကျင်မှာပေါ့လေ..။
"ရင်ခွင်မှာ နွဲ့ကာ အားကိုးတဲ့ သူရယ်…နွေးနွေးထွေးထွေး….ရင်ခုန်တယ်…မှေးစက်မောင် အသည်း၀ယ် မောပန်းလို့ နွမ်းရင်🎼 ..မောင်လေ…ချော့ကာ သိပ်ပါ့မယ်…အေး…အေး…အေး….အို….မေရယ်…အိပ်တော့ကွယ်…
"ရင်ခွင်မှာ နွဲ့ကာ အားကိုးတဲ့ သူရယ်…နွေးနွေးထွေးထွေး….ရင်ခုန်တယ်🎼…"
"အ…."
သူ့နောက်က လိုက်လျှောက်နေရင်း ၀င်တိုက်မိပြီး မျက်လုံး ဖွင့်ကြည့်တော့ သူ့ရင်ဘတ်နား မျက်နှာကပ်နေသည်.။
"အိပ်လိုက်တော့လေ…အရမ်း အိပ်ချင်နေပြီမလား…"
"သမီး အိပ်တော့မှ အိပ်မယ်…နင်ကလည်း…တခြား သီချင်း ဆိုစမ်းပါ…."
"နင်လည်း အိပ်ချင်လို့လား…အချစ်ည ရင်ခုန်သံ….နားထောင်ပြီး….အိပ်လိုက်ပါ….မောင်လေ ချော့ခါ  သိပ်ပါ့မယ်...... အေး…အေး…အေး…အို……စံရယ် အိပ်တော့ကွယ်…"
"အရူး…"
စံလေး မျက်စောင်းထိုးပြီး  ငြိမ်နေပေမဲ့ အီနေတဲ့ သမီးလေးရဲ့ နဖူးကို စမ်းကြည့်လိုက်တော့ ချွေးလေးတွေ စို့နေသည်..။
ဘယ်လောက်တောင် ခံစားနေရလည်း မသိပါဘူး..။
သမီး က ငိုလေ….စံလေး မြန်မြန် အိပ်အောင် အတင်းလှုပ်လေလုပ်တော့ပိုဆိုး ကုန်တာများလား မသိပါဘူး..။
"ငြိမ်သွားပြီ…ငါ ပြန်ရတော့မလား…"
"ဟင်…"
သူပြန်မယ်ဆိုတော့ စံလေး မျက်လုံးပြူးရင်းမော့ကြည့်မိသည်..။
သမီး ပြန်ငိုမှာကို စံလေး အတော်ကြောက်နေပြီလေ…။
"ဒေါ်လေး သိရင်…"
"သိပါတယ်…မပြန်နဲ့လေ…ဒီမှာပဲ အိပ်…."
"ဟင်…."
"ဒီမှာ…ဒီမှာ ဆိုတာ…ကလေး ငိုရင် ငါ ဘာလုပ်ရမှန်း မသိဘူး…ပြီးတော့ သားဘေးမှာ အိပ်…ဟိုဘက်လှည့်အိပ်…"
အကြောင်းအချက် များစွာကို လျှာခလုတ်တိုက်မတက် ရှင်းပြတော့မှ ရယ်ရင်း ခေါင်းညိတ်ပြသည်..။
"ကျေးဇူး"
စံလေး ခေါင်းညိတ်ပြီး သူနဲ့ အတူတူ လမ်းလိုက်လျှောက်နေတော့ ရပ်တန့်လိုက်ခါ အိပ်ယာကို မေးငေါ့ပြသည်.။
"နို့တိုက်ရမယ်…"
"အိပ်သွားပြီ.."
လေသံနဲ့ ပြောပြီး ဆက်လျှောက်နေတော့ စံလေး မယုံသင်္ကာံဖြင့် နောက်ကို ကြည့်တာ သမီးလေးက ခေါင်းစောင်းပြီး အိပ်ပျော်နေပြီ..။
စံလေး တာ၀န်မကျေသလို ခံစားရပေမဲ့ မျက်လုံးတွေက အရမ်းစပ်နေပြီမို့ အိပ်ယာပေါ် လှဲအိပ်လိုက်ချိန် အကြည့် တစ်ချက် ရောက်သွားရသည်..။
သမီးရဲ့ ကျောကို ဖြည်းဖြည်းပုတ်ရင်း သီချင်းညီးနေတုန်းမို့ စံလေး သက်ပြင်းချခါ ကျောပေး၍ အိပ်လိုက်သည်..။
တစ်နေ့ကုန် ပင်ပန်းထားတာရယ်….ညနက်နေတာရယ် ကြောင့် တစ်ခဏအတွင်း မျက်လုံးတွေက ဖွင့်မရအောင် ဖြစ်ခါ အရာအားလုံးနဲ့ ဝေးကွာ ငြိမ်သက်သွားတော့သည်..။
.
"ဖဲ့ဖဲ့…"
"………."
"ဖဲ့…"
"…………"
အနိုင် အိပ်ပျော်နေတုန်း သား က ရင်ဘတ်ကို ရိုက်ပြီး ခေါ်တော့ အိပ်မှုန်စုံ၀ါးဖြင့် ဘယ်ရောက်နေတာလည်း တွေးမိသည်..။
မျက်လုံးကို သေချာ ဖွင့်ကြည့်တော့မှ သားမျက်နှာကို မြင်လိုက်တော့ ည က ဒီမှာ အိပ်တာ ကို သတိရသည်..။
"ဖဲ့ဖဲ့…"
"ရှူး….မယ့် အိပ်နေတယ်နော်….တိုးတိုး…လာ…."
သားက ကပျာကယာ ထထိုင်ပြီး သူ့စောင်လေးကို ယူ၍ အနိုင့် ကိုယ်ပေါ်ကို လိုက်ခြုံပေးတော့ ပြုံးရင်း လက်ကလေးကို ဆွဲခေါ်ခါ ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်သည်..။
"………"
"ဖဲ့ဖဲ့ရီး.."
"ပျော်နေတာလား…ဟင်…"
သားက ရယ်လိုက် ပြုံးလိုက်ဖြင့် မျက်နှာကိုဖက်ပြီး ရင်ဘတ်ထဲ တိုး၀င်ခါ ခေါင်းနဲ့ ဆောင့်တိုက်နေတော့ အနိုင်ရယ်ရင်း ခေါင်းကို ပွတ်သပ်ပေးနေရသည်.။
စံလေး ပြောသလို ဘာဖြစ်လို့ အနိုင့်ကို ဒီလို ချစ်နေတာလည်း အြေ့ဖမရှိပါဘူး..။
အနိုင့်ရဲ့ အဖေ တောင့်တတဲ့ သွေးတွေ သားဆီကိုများ ရောက်သွားလို့လား မသိ…။
သားက အနိုင့်ကို တွေ့တာနဲ့ အလိုလို ပြုံးသွားတက်တာ သတိထားမိသည်..။
ထို အပြုံးလေးကြောင့်ပဲ သူများသား ဆိုတာတောင် လျစ်လျူရှုလို့ မရနိုင်ခဲ့တာလေ..။
"ဖဲ့ဖဲ့…"
"အင်း…"
"….…"
"မန်မန်လေး ဗိုက်ဆာလို့လား…"
"ပိုက်ချာပီ.."
"ဟား..ဟား…တက်လိုက်တာကွာ…..လာ..ဖေား နဲ့ သွားမယ်…"
အနိုင် အိပ်နေရာက ထပြိး သားကို ချီခါ အခန်းထဲက ထွက်လာလိုက်သည်..။
ရေချိုးခန်းထဲ ခေါ်သွားပြီး အိမ်သာခုံလေးပေါ်တင်ပေးခါ ပုံမှန် အတိုင်း လှုပ်ရှားနေပြီးခါမှ လူကြီးတွေကို သတိရတော့ ဘာလုပ်ရမှန်း မသိဖြစ်သွားမိသည်..။
"သြော်…မမငွေ…နိုးပြီလား…သား က ဗိုက်ဆာလို့တဲ့…ခုပဲ နိုးတာလေ…"
"မျက်နှာသစ် သွားတိုက်ပါဦး..ဟဲ့..ဟဲ့…ဘယ်လည်း.."
"ပြန်မယ်လေ.."
အနိုင် ဖိနပ်စီးပြီး ထွက်လာတော့ မမငွေ က လှမ်းအော်လို့ ရပ်ပြီး လက်ညွန်ပြရင်း ပြောလိုက်ရသည်.။
မမငွေ က နှုတ်ခမ်းမဲ့ ပြီး လက်ပြခေါ်တော့ အနားကို ပြန်ရောက်သွားရပြန်သည်..။
"မမငွေက ကားဂိတ်သွားရမှာ…အနိုင်ရဲ့….သားကို မောင်လေးပဲ မုန့်ကျွေးလိုက်နော်…ဒီမှာ….နို့ နဲ့ မုန့်.."
"ဟို…လူကြီးတွေက…"
"အမလေး..ခေါင်းထဲ ထည့်မနေနဲ့ အခန်းထဲ လာမှာ မဟုတ်ဘူး…"
မမငွေက လက်ထဲကို နို့ခွက်တွေ မုန့်ထုတ်တွေ ထည့်ပေးပြီး ထွက်သွားတော့ အနိုင် သား အနားကို ရောက်သွားခါ မျက်နှာသစ်ပေးဖို့ ပြင်ရသည်..။
ရေချိုးခန်းထဲမှာ ထည့်ထားတဲ့ သူ့ အိမ်သာခုံလေးမှာ ထိုင်ရင်း လက်လှုပ်ဆော့ပြနေတော့ ရယ်မိသည်..။
တော်ပါသေးရဲ့ဒီကိစ္စကို ပြောတက်ဆိုတက်အောင် အနိုင် မနည်း အကျင့်လုပ်ထားရတာလေ..။
နော်လဲ့ က အလိုလိုက်ချင်ပေမဲ့  ခုံလေး မှာပဲ ကိစ္စရှင်းတက်အောင် အကျင့်လုပ်ပေးရသည်..။
အခုတော့ လူကြီးကော  ကလေးကော အဆင်ပြေနေပါပြီ..။
"ပေး..ပေး…ဖဲ့ဖဲ့…"
"ကဲရော့… ခွံကျွေးတာ မကြိုက်ဘူးလား…"
"အွင့်…"
ခေါင်းညိတ်ပြီး လက်ထဲက ခွက်လေးကို ကိုင်မော့သောက်ခါ နို့စိမ်ထားတဲ့ မုန့်ကိုလည်း ဇွန်းနဲ့ ခပ်စားသေးသည်.။
လူကြီး တစ်ယောက်လို သောက်လိုက် စားလိုက် လုပ်နေတဲ့ သားရဲ့ ခေါင်းလေး ကို နမ်းခါ ဘေးနားမှာ အိပ်နေတဲ့ သမီးလေးဆီကို အကြည့်ရွေ့သွားသည်..။
ညတုန်းက ငိုရလွန်းလို့ မောပြီး အိပ်ပျော်သွားတာ…အခုချိန်ထိ တစ်ချက်မှ ကို နိုးမလာတော့ဘူး…။
သမီးရဲ့ဘေးက စိုးရိမ်တက်တဲ့ အမေ ဖြစ်သူကတော့ တစ်ချက်မတွန့်ပဲကို တစ်ညလုံး အိပ်နိုင်သည်လေ..။
သား ကို မုန့်ကျွေးပြီးတော့ လက်ဆေးပါးစပ်ဆေးပေးခါ အနိုင့်အခန်းကို ပြန်ခေါ်သွားချင်ပေမဲ့ ပျောက်လို့ လိုက်ရှာနေရမှ ပိုဆိုးဦးမည်..။
သား ငယ်ငယ် တုန်းက သူ့မပြောပဲ ခေါ်သွားလို့ အရူး တစ်ပိုင်း ဖြစ်ခဲ့သေးသည်လေ..။
"မဲ့.."
"ဟာ…မယ့်က အိပ်ပျော်နေတယ်…သားရဲ့…သနားပါတယ်…မနှိုးနဲ့နော်…"
"……."
"မယ့် က ချစ်ဖို့ကောင်းလား.."
"...."
"ညီမလေးနဲ့ တူတယ်တွေ့လား…မယ့်လည်း မျက်တောင်ရှည်တယ်နော်…ညီမလေးလိုပဲ နှုတ်ခမ်းလုံးလုံးလေး….အဟွင်း.."
သမီး နဲ့ ယှဉ်အိပ်နေတဲ့ စံလေး ကို ငေးရင်း သမီးနဲ့ အမေ အတော် ရုပ်ဆင်နေတာကို သဘောကျစွာဖြင့် ငေးကြည့်နေမိသည်..။
သားက အိပ်ပျော်နေတဲ့ သူ့ညီမလေး လက်ကလေးတွေကို တို့ကြည့်လိုက် ပါးကို ကိုင်ကြည့်လိုက်ဖြင့် အလုပ်များနေသည်..။
"ဖဲ့ဖဲ့…"
"အင်း…ချစ်လား…"
"……"
"ခေါင်းမညိတ်နဲ့ ချစ်ပါတယ်လို့ ပြောကြည့်…"
"ရှစ် ပါရယ်…"
"ဟား..ဟား…တော်တယ်…"
"ဟော…မယ့်နိ်ုးလာတော့မယ်…အာဘွားပေးလိုက်…"
သားကို ချီရွေ့ပေးလိုက်တော့ မျက်နှာလေးကို ငုံ့ခါ ပါးကိုလည်း နမ်း နှာခေါင်းကိုလည်း နမ်းဖြင့် မျက်နှာ အနှံကို လျှောက်နမ်းနေတော့သည်..။
"အင်…"
"မယ့်…"
"သားသား…နိုးပြီလား…"
"……."
"မဲ့…မှာ…ဖဲ့ဖဲ့..ဟီ…ဟီ….ဖဲ့ဖဲ့…မှာ…"
သားက စံလေး ဘေးက ထပြီး သူ့အဖေ မျက်နှာကို ကိုင်ရင်း ရယ်ပြီး ပြနေတော့ စိတ်မကောင်းဖြစ်ပေမဲ့ ခေါ်င်းညိတ်ပြလိုက်ရသည်…။
"ဖဲ့ဖဲ့….ရောက်နေတာလား…"
"အွင့်…ဖဲ့ဖဲ့…အိပ်ရယ်…"
အစွန်းက ခေါင်းအုံးကို ယူပြပြီး သူ့အဖေ လက်ထဲ ထိုးပေးခါ အိပ်ခိုင်းနေပြန်သည်..။
မိသားစု အတူတူ အိပ်တာ သား အတွက် အထူးအဆန်းဖြစ်နေခါ သူ့အဖေကို အခန်းထဲမှာ တွေ့တာ သူ့အတွက် တော်တော် ပျော်စရာဖြစ်နေသည်..။
"သားတော့ မုန့်စားပြီးပြီ.."
"ဟုတ်လား…နင် မအိပ်ဘူးလား.."
"အိပ်တယ်လေ…"
"ညက အိပ်ရေးပျက်ထားတာ ဘာလို့ ပြန်ထနေတာလည်း…"
"သားက နိုးနေတာကိုး…နင် ဘာစားမလည်း…ငါ ယူပေးရမလား.."
"နေ..နေ….နင့်ကို မီးဖိုခန်းမှာ ဒေါ်လေး တွေ့သွားရင် သတိလစ်သွားလိမ့်မယ်…"
"အင်း….ငါ ပြန်တော့မယ်…"
"………."
စံလေး မတားဆီးရဲသူ မို့ ဘာမှ ပြန်မပြောပဲ ငြိမ်နေလိုက်ရသည်..။
သားကို ပေါင်ပေါ်က ချပြီး သမီးလေးကို နမ်းခါ ထထွက်သွားတော့ စံလေး မနက်စောစော ကြည်နူးသာယာနေတဲ့ စိတ်ကလေးတွေ ပျောက်ကုန်သည်..။
"ဖဲ့ဖဲ့…"
သားက ထိုင်နေရာက ပြေးလိုက်သွားတော့ ပြန်လည်း မခေါ်မိတော့ပါဘူး..။
သူ့အဖေ နဲ့ ခွဲလို့မရတာမို့ စံလေး သက်ပြင်းချရင်း သမီးလေးကို ကြည့်မိသည်..။
ညတုန်းက သောင်းကျန်းလိုက်တာ....ခုကျတော့လည်း အိပ်ပျော်နေတာ သနားစရာလေး..။
ညက စံလေး အိပ်ပျော်သွားပေမဲ့ သူ ဘယ်အချိန်မှ အိပ်ရလည်း မသိ…ဘယ်မှာ အိပ်လည်း မသိ…။
တစ်ရေးတောင် မနိုးပဲ အိပ်ပျော်သွားတာလေ..။
သားယူပြတဲ့ ခေါင်းအုံးအသေးကို ကြည့်ရင်း ရင်ထဲ မောလျနေမိသည်.။
သားလေးက ခါတိုင်းနေ့တွေလို အိပ်ရာထစ ဂျစ်တိုက် အော်ငိုတာမျိုး မဟုတ်ပဲ ပျော်နေတဲ့ မျက်နှာလေး ကို တွေ့ရသည်မို့ ဒီမနက်က သာယာပါသည်…။
ကလေးတွေက စိတ်ညစ်ရင် ဆိုးသွမ်းလာတက်တယ်ဆိုတာ သား မှာတော့ တကယ်လက်တွေ့ပါပဲ..။
မနက် အိပ်ရာထရင် အပြေးအလွှား သားကို ကိုယ်လက်သန့်စင်ပေး..မုန့်ကျွေးပေးတဲ့ တာ၀န်တွေ မရှိတော့ စံလေးလည်း အိပ်ယာထတာ အေးဆေးနေသည်..။
နေ့တိုင်းသာ ဒီလိုလေး ဆို ဘယ်လောက်ကောင်းမလည်း..။
သမီး အိပ်နေတုန်း အိပ်ယာသိမ်းခါ စောင်တွေခေါက်ပြီး သန့်ရှင်းရေး လုပ်လိုက်သည်..။
အိမ်ရှေ့ခန်းကို တံမြတ်စည်းလှဲပေးဖို့ ထွက်လာတော့ ဒေါ်လေးက စျေးသွားဖို့ ပြင်ဆင်နေပြီ..။
"တူမလေး…"
"ရှင်.."
"ဒေါ်လေး စျေးသွားဦးမယ် ဘာစားချင်လည်း.."
"ဟို ဒေါ်လေး ကြိုက်တာပဲ ၀ယ်ခဲ့လေ…"
"အေး..အေး…ညတုန်းက ကလေး မနေတော့ ပင်ပန်းနေမှာပဲ…ဒေါ်လေး အိုဗာတင်းနဲ့ မုန့်လုပ်ထားတယ်…စားပြီး ပြန်လှဲနေ.."
"ဟုတ်…ဟုတ်ကဲ့…"
စံလေးမှာ ခေါင်းမဖော်နိုင်အောင် ခေါင်းငုံ့ထားရင်း ညတုန်းက အနိုင့်ကိုခေါ်မိတာ  ဒေါ်လေးကို သစ္စာဖောက်မိသလို ခံစားရသည်..။
ဟူး…စံလေး အပေါ် အရမ်းကောင်းပြီး အလိုလိုက်လွန်းတာကြောင့် အနိုင်ကိုတော့ အမြဲကြည့်မရဖြစ်နေတာ သိပါသည်.။
စျေးထွက်သွားတဲ့ ဒေါ်လေးကို ကြည့်ရင်း သက်ပြင်းချမိသည်..။
ဒေါ်လေးရယ်…စံလေးကို ချစ်သလို အနိုင့်ကို လည်း ကြည်ဖြူရင် ဘယ်လောက်ကောင်းလိုက်မလည်း…။

လှိုင်းလိုလူWhere stories live. Discover now