Baek တို့ ထိုရွာလေးကို လှည့်ပတ်ကြည့်
ရင်းနဲ့ အချိန်အတော်ပင်ကြာသွားလေသည်
ထိုရွာလေးက မိုးခေါင်မှုကြောင့် မြေထုများ
ကအလွန်ပင် ခြောက်သွေ့နေသည်ကိုတွေ့ရသည်
မိုးခေါင်ရင် စပါးက အဘယ်သို့ ဖြစ်ထွန်းမည်နည်းနေဝင်လုလုအချိန်ရောက်တော့ ရွာကလူ
အချို့ ပြန်လာကြပြီဖြစ်သည် baek တို့လည်း
နားခိုဖို့ရန် နေရာရှာကြတော့ နေ့လယ်က
လူကြီးမင်း ရဲ့ ဖိတ်ခေါ်မှုကို သတိရကာ
တောင်ပေါ်သို့တက်ရန် ခြေလှမ်းပြင်လိုက်ကြ
သည် ရုတ်တရက်ဆိုသလိုပင် ကောင်းကင်ကြီး
မည်းမှောင်ကာ တဂျိန်းဂျိန်းနဲ့မိုးချုန်းပြီး
သည်းကြီး မည်းကြီးရွာချလာလေ တော့သည်ရွာသူရွာသားများကတော့ မိုးရည်ထဲတွင်
ကခုန်ကာနေလေရဲ့" နောက်ဆုံးတော့မိုးရွာခဲ့ပြီ ''
" မိုးနတ်မင်းက ငါတို့ကို ပစ်မထားပါဘူး ''
" ဒီနှစ်တော့ စပါးအထွက်ကောင်းတော့မယ် ''
တစ်ယောက် တစ်ပေါက်ပြောရင်း ကခုန်နေ
ကြသည်ကို baek တို့လည်း မိုးရည်ထဲတွင်
ရပ်ကာ ကြည့်နေသည် ထိုစဉ်အသံတစ်သံ
ထွက်ပေါ်လာသည်...." ဒါ ကြင်ယာတော်က ငါတို့ရဲ့ အနာဂတ်နန်း
ဦးလောင်းလျာကို ကိုယ်ဝန်ဆောင်ထား
တာကြောင့် ဖြစ်လိမ့်မယ် ''" မင်းကြီး နဲ့ ကြင်ယာတော် သက်တော်ရာကျော်
ရှည်ပါစေ ''ရွာသားတွေရဲ့ဆုတောင်းသံတွေ ကြောင့်
Baek ပြုံးမိလေသည်Baek '' ငါတောင် မနာလိုဖြစ်လာပြီ ''
Kris '' ဘာပြောလိုက်တယ် ကျနော်သေချာ
မကြာလိုက်ဘူး ''Baek '' တောင်ပေါ် တက်ရအောင်လို့ ပြော
တာပါ ''..........................
မာရီ '' မင်း!! ... တော်တော်ခေါင်းမာတာပဲ
ငြိမ်ငြိမ်လှဲနေဖို့ ပြောထားရက်နဲ့ အခုတော့
ကောင်းနေတဲ့ လက်ပါကျိုးတော့မယ် ''Kai '' အခုထိ ကောင်းနေသေးတာပဲမလား ''
မာရီ '' ငါဘယ်လိုလူမျိုးကို ကယ်မိတာ
ပါလိမ့်... ဒီမှာ မင်းကျိုးပဲ့တာ ကိစ္စမရှိဘူး
ငါ့ဆေးမြစ်တွေ အလကားကုန်တယ် ''