" ဈာန်ခန့်မင်းနိုင် ဆိုတဲ့ကောင်လွတ်သွားတာ တကယ်ခံပြင်းဖို့ကောင်းတယ်ဗျ မဝါဝါ ... မဆု သာရှိနေသေးရင် ဒီကောင်လုံးဝလွတ်မှာမဟုတ်ဘူး ... "
ဆု တို့ဌာနက လုပ်ဖော်ကိုင်ဖက် ဂျူနီယာမောင်လေးဖြစ်သည့် ကောင်းဆက် ကပြောတော့ မျက်နှာချင်းဆိုင်စားပွဲမှာထိုင်နေသည့် ဝါဝါ က
" ဆု ရှိလဲပဲ သက်သေထောက်ပြစရာက ကြီးကြီးမားမားရှာမတွေ့ထားတော့ ဒီ case ကလွတ်ဖို့များမှာပဲလေ ကောင်းဆက် .. ဆု ရဲ့ကိုယ်စား အမလဲတတ်နိုင်သလောက်တော့ အစွမ်းကုန်ကြိုးစားခဲ့တာ ငါ့မောင်လဲအသိပဲမို့လား .... "
ခနဲ့သလိုလေသံမျိုးနဲ့ ဝါဝါခိုင် ပြောလိုက်တော့ ကောင်းဆက် သည်လည်ဂုတ်ကိုလက်ဖဝါးဖြင့်ပွတ်သပ်လို့နေသည် ။
" ဟို ကျွန်တော်က အဲ့လိုသဘောမျိုးနဲ့ပြောတာ မဟုတ်ပါဘူး မဝါဝါရယ် ... မဝါဝါ ဘယ်လောက်ထိကြိုးစားခဲ့လဲဆိုတာ အားလုံးသိပါတယ် .. အခုကျွန်တော်ခံပြင်းလွန်းတာက ဒီကောင်သတ်တယ်ဆိုတာ ကျိန်းသေပေါက်သိနေကြပေမဲ့ ဘာသက်သေမှ မရှိလို့ဆိုပြီး တရားသေလွတ်သွားတာကိုပဲ .. နောက်ဆုံးတရားခွင်နေ့က အဲ့ကောင်မျက်နှာထားကို အမလဲတွေ့လိုက်တယ်မဟုတ်လား ... လွှတ်သွားလို့မော်ကြွားပြသွားတဲ့ မျက်နှာပေး ... သေဆုံးသွားတဲ့မိသားစုရှေ့မှာဗျာ ... တကယ်ကိုခံပြင်းစရာ ... "
ဆက်တိုက်ပြောနေတဲ့ ကောင်းဆက် ရဲ့စကားတွေကို ဝါဝါ ဘာမှပြန်မပြောပဲ သက်ပြင်းကိုလေးလေးပင်ပင်ချနေလေသည် ။
" အဲ့ကောင်ပြန်လွတ်သွားတာ ပတ်ဝန်းကျင်အတွက် တကယ့်အန္တရာယ်ပဲဗျ ... "
" ဟင်း ... "
ဒုတိယအကြိမ်ထပ်မံ၍ သက်ပြင်းချလိုက်ပြီးတဲ့နောက် ဝါဝါခိုင် သည် လစ်ဟာနေသည့် ဆု ထိုင်နေကျစားပွဲဆီသို့ ငေးကြည့်လို့နေသည် ။ ထို့နောက်စားပွဲဘေးနားမှာရှိနေသည့် တယောထည့်ထားသည့် case လေးကိုကြည့်ကာ
" ဒီနေ့ ဆု ရဲ့အိမ်ကိုသွားရဦးမယ် ... ဆု ရဲ့တယောလေးကိုပြန်ပို့ပေးရမယ်လေ ... ဆု ကအဲ့တယောလေးကို သိပ်တန်ဖိုးထားတာ ... "
ဝါဝါ ရဲ့စကားတွေက အက်ကွဲနေပြီး တယော case ကိုကြည့်နေတဲ့အကြည့်တို့ကလဲ ကြေကွဲနေသည့်အရိပ်အယောင်တို့ပါဝင်နေပါသည် ။
ВЫ ЧИТАЕТЕ
ကြယ် (Season 1)
Детектив / Триллерချစ်ခြင်းမေတ္တာတစ်ခုကို ကြယ်လေးတစ်လုံးအဖြစ်နဲ့ တင်စားဖော်ကျူးပြပါဆိုခဲ့လျှင် လူသားသုံးဦးကတော့ အဓိပ္ပာယ်သုံးမျိုးနဲ့ တင်စားပြောဆိုကြလိမ့်မည် ။ (ကြယ်) ဒီဇာတ်လမ်းလေးက မိုး ခံစားပုံဖော်မဲ့ တတိယမြောက် ဇာတ်အိမ်လေးတစ်ခုပါ ။ အရ...
