photo shooting တစ်ခုရိုက်လို့အပြီး နေ့လည်စာစားဖို့ ဆိုင်လေးတစ်ဆိုင်ထဲက ထောင့်စွန်းစားပွဲဝိုင်းဆီသို့ လျှောက်သွားစဉ် ရုတ်တရက် နွေးပန်းချီခြယ် ၏ခြေလှမ်းဟာ တုံ့ခနဲရပ်ဆိုင်းသွားသည် ။
တိုက်ဆိုင်တာပဲလား ကံတရားကပဲတွန်းပို့ပေးနေတာလား ။ တစ်ချက်လေးမှ သူတွေဝေတုံ့ဆိုင်းနေခြင်းမျိုးမရှိခဲ့ ။ မျက်ဝန်းတို့က စွန်ရဲတစ်ကောင်လိုစူးရှလွန်းနေသည် ။ သူ့မန်နေဂျာကို တစ်ချက်လှည့်ကြည့်လိုက်တော့ မန်နေဂျာက ကောင်တာမှာ စားသောက်စရာတွေမှာလို့နေသည် ။ သူ့အတွက်တော့အခွင့်အရေးကို လက်လွှတ်မခံလိုပါ ။ သူ့မျက်ဝန်းမှပစ်မှတ်ထားထားသည့် သားကောင်ဆီသို့ နွေး ဟာမာန်ပါပါဖြင့် လျှောက်ချသွား၏ ။ စားပွဲထိပ်အစွန်၌ မတ်တပ်ရပ်နေသည့် ယောကျာ်းလေးတစ်ဦးအား သူမသည်ဘေးချင်းဖြတ်ကာ ပုခုံးဖြင့်ဝင်တိုက်ချပစ်လိုက်ပါတော့သည် ။
" ဟာ ... မင်းလူတစ်ယောက်လုံးမမြင် ... "
" sorry ပါရှင် ... ကျွန်မ ဖုန်းကိုကြည့်နေရင်း လျှောက်လာခဲ့မိလို့ မမြင်ဘူးဖြစ်သွားတာ ... တကယ်တောင်းပန်ပါတယ် ကျွန်မရဲ့အမှားပါ ... "
လေသံခပ်သဲ့သဲ့ဖြင့်သာ တစ်ဖက်ဆီမှအပြစ်တင်စကားမဆုံးခင်၌ နွေး တောင်းပန်စကားစဆိုလိုတော့ တစ်ဖက်လူက သူ့မျက်နှာကို သေချာကြည့်နေ၏ ။ အစက ထိုလူ့မျက်နှာဟာ အံ့သြသွားသည့်ပုံစံဖြစ်သည် ။ အံ့သြခြင်း၏နောက်ဆက်တွဲ၌ သဘောကျသလိုပြုံးလိုက်ပြီး ထိုလူသည်
" ရပါတယ် ကိစ္စမရှိပါဘူး ... နွေးပန်းချီခြယ် လိုနာမည်ကြီးမင်းသမီးတစ်ယောက်ဝင်တိုက်တာခံရတာကိုပဲ ကိုယ်ကဂုဏ်ယူရမှာပေါ့ ... "
ထိုလူဟာ နွေး ကိုသဘောကျသည်ထက်ပိုသည့် ပုရိသတစ်ဦး၏ အကြည့်တို့ဖြင့် ရွှန်းလက်တောက်ပစွာစိုက်ကြည့်ရင်း ပြောတော့ နွေး နှုတ်ခမ်းထောင့်လေးကို သဘာဝကျစွာပင် တွန့်ချိုးလိုက်လေသည် ။
" တွေ့ရတာဝမ်းသာပါတယ် ကိုယ့်နာမည် ဈာန်ခန့်မင်းနိုင် ပါ ... "
ဈာန်ခန့်မင်းနိုင် ဆိုသည့်လူလှမ်းပေးသည့်လက်ကို နွေး အရင်ကြည့်လိုက်၏ ။ နွေး ၏အကြည့်တို့က အရမ်းကိုရဲရင့်စူးရှနေသည် ။ သူမဟာ ထူးချွန်တဲ့သရုပ်ဆောင်ကောင်းပီသစွာ စွဲဆောင်မှုညှို့အားပြင်းလွန်းသည့် အကြည့် ၊ အပြုံးတို့ဖြင့် တုံ့ပြန်၍ သူမ၏လက်ဖဝါးနုနုဖြင့် ထိုလူ့လက်ကိုထိသည်ဆိုရုံမျှ တစ်ချက်ထိကိုင်ပြီး လက်ဆွဲနှုတ်ဆက်လိုက်၏ ။
ESTÁS LEYENDO
ကြယ် (Season 1)
Misterio / Suspensoချစ်ခြင်းမေတ္တာတစ်ခုကို ကြယ်လေးတစ်လုံးအဖြစ်နဲ့ တင်စားဖော်ကျူးပြပါဆိုခဲ့လျှင် လူသားသုံးဦးကတော့ အဓိပ္ပာယ်သုံးမျိုးနဲ့ တင်စားပြောဆိုကြလိမ့်မည် ။ (ကြယ်) ဒီဇာတ်လမ်းလေးက မိုး ခံစားပုံဖော်မဲ့ တတိယမြောက် ဇာတ်အိမ်လေးတစ်ခုပါ ။ အရ...
