ခလေးငယ်💗Zawgyi code

6.6K 261 29
                                    

"ငါပြန်ပြီ Namjoon"

"အင်း ဂရုစိုက်ပြီးပြန်ဦး"

Namjoonရဲ့ စကားကို ခေါင်းငြိမ့်ရုံ တုံ့ပြန်ကာ ရုံးခန်းထဲမှ ထွက်လာသောသူ။
တစ်နည်း DRM Companyရဲ့ CEO...Min Yoongi..။

အသက်20သာရှိသေးသော်လည်း တိုးတက်အောင်မြင်နေသော DRM Companyရဲ့ CEOဖြစ်သည်နှင့်အညီ တည်ငြိမ်ရင့်ကျက်သည့် သူ့အသွင်အပြင်ကြောင့် ဝန်ထမ်းအားလုံးရဲ့ ရိုသေလေးစားမှုကို ခံရသည်။

Car parkingသို့ သွားရာလမ်းတစ်လျှောက်လုံး ဦးညွှတ်နှုတ်ဆက်လာကြသည့် ဝန်ထမ်းများအား သွားသေးသေးလေးများပေါ်သည်အထိ သူပြန်လည်နှုတ်ဆက်သည်။

အလုပ်လုပ်ရာမှ စည်းစနစ်ကျရုံသာမက ဝန်ထမ်းတွေကိုလည်း ခွဲခွဲခြားခြားမဆက်ဆံတတ်တာကြောင့် လူချစ်လူခင်လည်း ပေါများသည်။

အိမ်ပြန်လမ်းတစ်လျှောက် ကားမောင်းလာရင်းနှင့် ပတ်ဝန်းကျင်အား အကဲခတ်မိတော့.......

"နှင်း.....ပထမဆုံးနှင်းဘဲ"

ထိုစဉ်မှာပင် မီးနီပြလာသည့် မီးပွိုင့်ကြောင့် ကားရပ်ကာ အကြည့်တို့က ပတ်ဝန်းကျင်တစ်ခွင်က နှင်းတွေဆီ။

အကြောင်းပြချက် ရေရေရာရာမရှိပါဘဲနှင့် ထိုနှစ် ပထမဆုံးနှင်းကျချိန်တွင် သူပျော်ရွှင်နေခဲ့သည်။

တစ်ယောက်တည်း ကြီးပြင်းလာရသော သူ့အတွက် ဘဝကို အလုပ်နှင့်သာ ကုန်ဆုံးစေခဲ့သည်။

အိမ်ပြန်ချိန်တိုင်း အထီးကျန်သလို ခံစားရပေမယ့် ဒီညမှာတော့ ခါတိုင်းလို မခံစားရဘဲ....ပျော်ရွှင်နေမိသည်။

လူတစ်ဦးတစ်ယောက်မှ ကြိုဆိုနေခြင်းမရှိသော အိမ်ခြံဝင်းထဲသို့ ကားအနက်ရောင်လေးတစ်စီးဝင်ရောက်လာသည်။

ကားထဲမှ ထွက်ကာ အိမ်တံခါး passwordဖွင့်ပြီး အိမ်ထဲသို့ ဝင်ရန် ခြေလှမ်းအပြင်.......

"ဝါး~အူးဝါး~~အီး..အူးဝါး~~"

နားထဲ ကြားလာရသည့် ခလေးငိုသံကြောင့် အိမ်ထဲဝင်မည့်ခြေလှမ်းများသည် ခြံဝန်းထဲသို့ ဦးတည်ချက်ပြောင်းသွားသည်။

ခြံဝန်းတံခါးနှင့်နီးလေ ကြားလာရသော ခလေးငိုသံမှာ ပိုမိုကျယ်လောင်လာလေ ဖြစ်တာကြောင့် ခြံအပြင်ကို ထွက်ကြည့်တော့လည်း ဘာမှမတွေ့.....။

ခလေးငယ် (completed)Where stories live. Discover now