ခလေးငယ်(Extra)💗Zawgyi code

2.5K 184 15
                                    

ခလေးငယ်

Extra

ဒုန်း

ဒုန်း

ဒုန်း....ဒုန်း!

"Daddy!"

ထမင်းစားခန်းထဲဝင်ကာ ရေခဲသေတ္တာထဲမှ ရေအေးတစ်ဗူး မော့သောက်နေစဉ်....ကြားလိုက်ရသော လှေကားပေါ်မှ ဝုန်းဒိုင်းဆင်းလာသံနှင့်အတူ သူ့အား ခေါ်လာသော ခလေးငယ်ရဲ့ ဒေါသသံစွက်နေသည့် အသံကြောင့် သောက်လက်စ ရေပင် သီးသွားရသည်။

"အဟွတ်..ခလေး..ဟွတ်..ငယ်"

နှုတ်ခမ်းထက်ဝယ် စီးကျသွားသော ရေတို့ကို လက်ဖမိုးဖြင့် သုတ်ကာ ခလေးငယ်အား ကြည့်လေတော့....သူ့အား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်ကို တွေ့ရသည်။

ငါဘာအမှားလုပ်ထားမိလို့ပါလိမ့်။
Yoongi ပြန်ပြီး သေချာ စဉ်းစားကြည့်မိသည်။

မနက်နိုးတုန်းက အကောင်းပါဘဲ။ Companyမသွားခင် ခလေးငယ်ကို ကျောင်းဝင်ပို့တုန်းကလည်း သူ့ကို ပြုံးရွှင်ပြီး အနမ်းတောင်ပေးသွားသေးတာဘဲ။

Companyက အပြန် ကျောင်းဝင်ကြိုပြီး အိမ်ထဲဝင်တဲ့အချိန်အထိလည်း ခလေးငယ်က ပျော်ပျော်ရွှင်ရွှင်ဘဲ။
ရေချိုး အဝတ်အစား လဲမယ်ဆိုပြီး တက်သွားတာ ခုဘာဖြစ်တယ် မသိ။
သူ့အား တစ်ခုခု စိတ်ဆိုးနေသလိုပင်။

"ဘာဖြစ်လို့လဲ ခလေးငယ်"

"ရှင်း"

"ဟင်"

"ဒီကိစ္စကို ရှင်းလို့"

ခလေးငယ်ပြောတာကို နားမလည်၍ ပြန်မေးတော့..ခပ်စူးစူး အသံလေးနှင့်အတူ သူ့ရှေ့သို့ ပြလာသည်က...ဗူးအဖြူလေးတစ်ဗူး။

"Arr...ဒီဟာက"

"Daddyက Mochiကို ဝမ်းနည်းအောင်အရမ်းလုပ်တာဘဲ။ ဒီဆေးတွေကို မသုံးစွဲပါတော့နဲ့ဆိုတာကို...ပြီးတော့ Mochiက Daddyအနားမှာ ရှိနေပြီလေ။ ဘာလို့ ဒီဆေးတွေကို"

ပြောနေရင်းနဲ့ တဖြည်းဖြည်းတိုးကျသွားသော အသံအရ ခလေးငယ်ဟာ အလွန်ပင် ဝမ်းနည်းသွားသည်ဘဲ။

"မဟုတ်ဘူး..ခလေးငယ်။ ကိုယ် အဲဒီ့ဆေးတွေကို မသုံးတော့ပါဘူး"

"ဒါဆို ဘာလို့ ဒီဗူးက အိပ်ယာဘေးက စားပွဲပေါ်မှာ ရှိနေရတာလဲ!"

ခလေးငယ် (completed)Where stories live. Discover now