သန်းခေါင်ယံ ချစ်သူ - အပိုင်း(17)
နွေဦး အိမ်သို့ရောက်သော် ခြေကုန်လက်ပန်းကျလို့နေပြီ။ တစ်နေကုန် တကယ့်ကို အားကုန်သည့် နေ့ဖြစ်သည်။ မိုးရွာချင်လို့ပဲလားမသိတော့။ တနေကုန် အိုက်စပ်ကာ လူမစည်ကားသင့်သည့် ဆေးရုံတွင် လူစည်နေခဲ့သည်။
"ဝုတ်ဝုတ်...ဝုတ်ဝုတ်....ဝုတ်ဝုတ်..."
မောပြီးပြန်လာရသည့်အထဲ အင်မတန်ကို နားစူးသည့် ခွေးဟောင်သံက မိမိကို ဆီးကြိုနေသည်ကို နွေဦး အင်မတန်ကို စိတ်ညစ်လှသည်။
"မီးမီးလေး....ဆရာလေးကို မဟောင်ရဘူးလေ သမီးရဲ့။ လာ..လာ... မီးမီးလေး။"
တော်ပါသေးရဲ့။ အိမ်ရှင်အန်တီကြီးက သူ့ခွေးမလေးကို မုန့်နှင့်မြှားခေါ်သွားလို့။မဟုတ်လျှင် ထို ခွေးမလေးက နွေဦး တက်မည့် လှေကားနားတွင် အိပ်ကာ ဟောင်နေတတ်သည်။
"မောလိုက်တာဗျာ။ ကဝေကြီးရာ ခင်ဗျား ကျွန်တော့်ကို အအေးလေး ဘာလေး ဝယ်ပေးထာရင် ကောင်းမယ်ဗျာ။"
နွေဦးက ကျောပိုးအိတ်ကို ပစ်ချရင်း ကဝေကိုလှမ်းပြောလိုက်သည်။
"အံမယ် ...ကျုပ်က မင်းရဲ့ အလုပ်သမားလားကွ။ လုပ်ပေးရအောင်။ "
ကဝေက ချက်ချင်းပြန်ပြောခဲ့သည်။ နွေဦး ပျော်သွားသည်။ ဒါဆိုကေ၀ မိမိနားတွင် ရှိသည်ပေါ့။
"အလုပ်သမားလို့ မပြောမိပါဘူးဗျာ။ ခါတိုင်း ခင်ဗျားက တစ်ခုခု စီစဉ် ပေးထားတတ်လို့ ဒီနေ့လည်း စီစဉ်ပေးထားမလားလို့ပါ။ နေပါဦး။ ဒီနေ့ ခင်ဗျား ပိတ်ရက်လား။ "
နွေဦးသူ့ကို အတည်ပေါက်နှင့်မေးလိုက်သည်။
"နေပါဦး။ မင်း ကဘာကိုမေးနေတာတုန်း။ ကျုပ်တို့က ပိတ်ရက်ရှိရအောင် ရုံးတက်နေရတာလည်း မဟုတ်။ ကဲ ...ပြော။ မနေ့က ကျုပ်ဘာကြောင့် မင်းနားကို မလာတာလဲ သိချင်နေတာမလား။ ဒဲ့မေးလည်းဖြေပါတယ်ကွ. .. "
အင်မတန်ကိုပါးသည့် ကဝေက ထိုသို့မေးလာသောအခါ နွေဦးက အင်တင်တင်ဖြင့်မေးလိုက်သည်။
"အင်း...ဒီနေ့ကျ တနေကုန် အနားကပ်နေတာ။ ခင်ဗျားသိပ်ကို အားနေလား။"
နွေဦးက သူ့ကို မိမိမျှော်နေသည်ကိုလည်း မသိစေချင်သဖြင့် အပြစ်တင်ကာ မေးလိုက်သည်။
"တကယ်ပဲလား။ မင်းအနားကပ်နေတာကို မင်းက မကြိုက်ဘူးပေါ့လေ။ ဟုတ်လား။"
သူ့အသံက ညစ်ကျယ်ကျယ်သံပေါက်နေသည်။ သူ့ကို မနေ့က မိမိ သတိရနေသည်ကို သူသိနေသည့်ပုံဖြင့် မေးနေသည် မဟုတ်လား။
"ဘယ်သူက ကြိုက်မလဲဗျ။ ခင်ဗျားလုပ်လို့ ကျွန်တော့်မှာ နှလုံးရောဂါရတော့မယ်၊ ဘယ်အချိန်လူသိမလဲဆိုတာပဲ ကြောက်နေရတာ။"
"နေပါဦး။ မင်းက ကြားကကြောက်နေရအောင် ကျုပ်က ဘာလုပ်နေလို့လဲ။ မင်းကို ကာကွယ်ပေးနေတာလေ။ "
သူ့စကားကိုကြားသောအခါ နွေဦး ဒေါကန်လာတော့သည်။ သူက မှော်အစွမ်းရှိသည်ဆိုတိုင်း မိမိစီနီယာများကို ထင်သလိုလုပ်နေသည်ကိုတော့ နွေဦိး လက်မခံချင်ပါ။
"ခင်ဗျားလုပ်လို့ AS မမ ခေါင်းပေါက်သွားတယ်လေ။"
"အဲ့ဒါက မင်းကို နှိမ့်ချပြောလို့အမြင်ကတ်လို့ တွန်းလိုက်တာ။ မင်းကို သူ့အလုပ်သမားလို့ လူအများ ရှေ့ငေါက်နေတာကို ကျုပ်က ကြည့်နေရမှာလား။ "
သူ့လေသံက နည်းနည်း မာလာသည်။ နွေဦး မကျေနပ်သည်ကိုထပ်ပြောလိုက်သည်။
"ဒါဆို အကိုဇော်က ကျွန်တော့်ကို နိုင်ထက်စီးနင်း ဘာမှ မလုပ်ဘူး။ ဘာကြောင့် အကိုဇော်ကို ထိခိုက်အောင်လုပ်ချင် ရတာလဲ။"
"ဟေ့..ဟေ့... စကားကြည့်ပြော။ ကျုပ်ဘယ်မှာ ထိခိုက်အောင်လုပ်လို့လဲ။ ပထမ တစ်ခါ သူ့ပုခုံးကို ထိအောင်လုပ်တာ လွဲရင် နောက်အကြိမ်တွေက သတိပေးရုံပဲလေ။"
နွေဦးစိတ်ပျက်သွားသည်။ မိမိပြောချင်တာ ထိုအချက်ပဲဖြစ်သည်။ သူ့အတွက် သတိပေးရုံမျှသာ ဖြစ်သော်လည်း အကိုဇော်က သို့လော သို့လော စဉ်းစားနေပြီ.။ မိမိတို့ Ward တွင် သရဲခြောက်သည် ဆိုသည့် သတင်းက နည်းနည်းထွက်ချင်နေပြီ မဟုတ်လား။
"ခင်ဗျားက သတိပေးရအောင် ကျွန်တော်တို့က ဘာဖြစ်နေလို့လဲ။ "
"မင်းရဲ့ အသားကို သူထိတယ် လေကွာ။ ကျုပ်ပြောထားပြီးသား။ မင်းက ကျုုပ်ရဲ့ ချစ်သူ။ မင်းရဲ့ အသားကို ဘယ်အကောင်၊ ကောင်မတွေ ထိတာကိုမှ မမြင်ချင်ဘူးလို့ ကြိုပြောထားပြီးသား။ နောက်တခါ အဲ့လို မဖြစ်စေချင်ရင် မင်းအသားကို ဘယ်သူ့မှ အထိမခံနဲ့။ ဒါပဲ။"
နွေဦးသည် အာဏာသံပြင်းလှသည့် သူ့စကားကိုကြားသော် နှာခေါင်းရှုံ့လိုက်သည်.။
"ကြောက်စရာကြီးပါလား။ အမိန့်သံကာ ပြင်လိုက်တာဗျာ၊ ကဲ ရေချိုးတော့မယ်။ ခင်ဗျားနဲ့စကားများနေတာနဲ့ မိုးချုပ်ပြီ။"
"အင်း မြန်မြန် ချိုး။ ကျုပ်မင်းကို စောင့်နေတယ်။"
သူ့စကားကြောင့် နွေဦးတွန့်သွားသည်။
"ဟာ မစောင့်နဲ့လေဗျာ။ လုပ်စရာရှိတာ သွားလုပ်။ ကျွန်တော် ထမင်းထွက်စားအုံးမယ်။ "
"စားပေါ့။ ကျုပ်ဖာသာ ဘယ်နေနေ မင်းအပူလား။"
ကဝေကလည်း ဘုပြောခဲ့သည်။ နွေဦးနှာခေါင်းရှုံပြကာ ရေချိုးရန်ဆင်းလာခဲ့သည်။ ကျေးဇူးရှင် ခွေးမလေးက ရေချိုးခန်းရှေ့ ထမင်းစားနေသဖြင့် လှေကားထစ်နားတွင် ထိုင်စောင့်နေရသေးသည်။ သူ့အနားကို မိမိသွားသည်နှင့် တစ်ခါတည်း မာန်ဖီကာ ဟောင်သဖြင့် နွေဦး သူပြီးသည်အထိ စောင့်နေလိုက်သည်။
"သြော်..ဆရာလေး ရေချိုးမလို့လား။ သမီးလေး ..လာ..လာ..."
တော်သေးသည်။ အန်တီကြီးက ခွေးထမင်းပန်းကန်ကိုရွှေ့ကာ သူ့ခွေးမလေးကို အခြားခေါ်သွားပေးလို့ နွေဦး ရေချိုးခန်းထဲ ဝင်လာနိုင်ခဲ့သည်။ ရေပန်းအောက်တွင် ချိုးရင်း နွေဦး လန်းလာခဲ့သည်။ တနေကုန် ငြီးစီစီဖြစ်ခဲ့သမျှ ယခုမှ လန်းသွားသည် မဟုတ်လား။
နွေဦး အပြင်ကို ညစာ စားရန်ထွက်လာခဲ့သည်။ ညစာစားပြီး မြစ်ကမ်းနားကိုထွက်လာပြီး လေညှင်းခံရင်း အဝေးမှ ရှုခင်းကိုငေးနေမိသည်။ တိတ်ဆိတ်သည့်အမှောင်ကို ငေးကြည့်ရင်း နွေဦး ငြိမ်းချမ်းခြင်းကို ခံစားလိုက်ရသည်။ ရေ၏ ရနံ့ကို ရှုရှိုက်ရင်း အမှောင်၏ အသံကို နွေဦး ခံစားနေမိသည်။
"8 ခွဲပြီ။ ပြန်တော့ နွေဦး။ "
ကဝေ၏ အသံထွက်လာခဲ့သည်။ နွေဦး အာရုံပျက်သွားသည်။
"ဟာဗျာ။ ခင်ဗျားကလည်း။ တနေကုန် ငြီးစီစီဖြစ်နေတာ။ ခဏတော့ လေရှုပါရစေ။ "
"ရှုမနေနဲ့တော့။ မင်း ပင်ပန်းတာ ပျောက်သွားအောင် ကျုပ်ပြုစုပေးမယ်။ မင်း မနေ့ညက ကျုပ်ကိုတမ်းတာ နေတာ မလား။ ၂ ရက်စာ အတိုးနဲ့မင်းကို ပြုစုပေးမလို့။ "
သူ့စကားကြောင့် နွေဦး၏ မျက်နှာဖြန်းခနဲနီသွားသည်။
"ပေါက်ပေါက်ရှာရှာ .... ဘယ်သူက ခင်ဗျားကို တမ်းတနေလို့လဲ။ ရူးနေလို့ ကဝေတစ်ကောင်ကို တမ်းတရမှာလား။"
သူက တိုးတိုးရယ်သည်။ သူ့ရယ်သံကိုကြားသော် နွေဦး အူယားလာခဲ့သည်။
"ဘာရယ်တာတုံး။ ခင်ဗျား။ လူကိုလှောင်တာလား။ "
"မလှောင်ပါဘူး။ မင်းကျုပ်ကို တမ်းတသလား မတမ်းတဘူးလားဆိုတာ ကျုပ်လက်တွေ့ပြမယ်။ "
သူထိုသို့ပြောပြီးနောက် နွေဦး၏ အဝတ်အောက်တွင် လူ့လက်နှင့် ထိတွေ့ပွတ်သပ်နေသလို တရွရွနှင့် ခံစားလာ ရသည်။ နွေဦး၏ ရင်ဘတ်ကို လာရောက်ကိုင်တွယ်ပွတ်သပ်နေသလို၊ ပြီးတော့ နွေဦး၏ ညီလေးကို လာထိ နေသလိုဖြစ်ကာ နွေဦးလန့်သွားသည်။ မိမိထိုင်နေတာက မြစ်ကမ်းဘေးဖြစ်သော်လည်း လူမပြတ်သွားလာ နေသည့်နေရာဖြစ်သည်။ သူက ရုပ်မမြင်ရသော်လည်း မိမိကို လာရောက် ကိုင်တွယ်နေသဖြင့် မိမိ မတော်တရော်ဖြစ်လာလျှင် အရှက်ကွဲနိုင်သည်။ ထို့ကြောင့် သူ့ကို ခပ်ကြိတ်ကြိတ်ပြောလိုက်ရသည်။
"တော်တော့ဗျာ။ ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ။ လူတွေနဲ့။ "
"မင်းပဲ ကျုပ်အထိအတွေကို ဘာမှ မဖြစ်ပါဘူး။ မတမ်းတပါဘူးဆိုလို့ လက်တွေ့ပြမလို့လေကွာ။"
သူ့စကားကြောင့်နွေဦး ဆက်မနေရဲပဲ ထပြန်လာခဲ့ရသည်။
"ဒီလိုလိမ်မာမှပေါ့ အချစ်ကလေးရ။"
"ယီး အချစ်လေး။"
နွေဦးသည် မြစ်ကမ်းဘေးမှ ထပြန်လာခဲ့ရသဖြင့် သူ့ကို မကြည်ပဲ ဆဲလိုက်သည်။
"အင်း ..ဆဲထား။ မင်းထက် အနှစ် 300 ကျော်ကြီးတဲ့သူကို။ ညကျမှ မင်းဆဲတဲ့ ဟာရဲ့ အစွမ်းကိုတွေ့ရမယ်။"
သူက ကြိမ်းခဲ့သဖြင့် နွေဦးစိတ်ညစ်သွားသည်။ သူတကယ်ကြမ်းလျှင် ခက်တော့မည်.။
"အာ...ခင်ဗျားကလည်းဗျာ။ လူကြီးနဲ့ ကလေးဆို လူကြီးကအလျော့်ပေးရတယ်လေဗျာ။ ထစ်ခနဲရှိ ခင်ဗျားကို ဘာမှ ပြန်မလုပ်နိုင်တဲ့သူကို အရမ်းအနိုင်ကျင့်တာပဲ။ "
နွေဦး အိမ်ကိုဆိုင်ကယ်စီးပြန်လာရင်း သူ့ကိုရန်တွေ့သည်။ သူက ရယ်ကာ နွေဥိးကို ပြောခဲ့သည်။
"အင်း..အဲဒါကျတော့ ကြောက်သားပဲ။ ကျုပ်က မင်းကို သေအောင်ချစ်ပါ့မလားကွာ။ "
"တော်ပြီဗျာ။ နားရှက်စရာတွေ လာမပြောနဲ့။ ခင်ဗျား အားအားရှိ အဲ့ဒါပဲ စဉ်းစားနေတယ်။ အတော် နှာဘူးတဲ့သူ။"
""ကိုယ့်ချစ်သူကိုပဲ ဘူးတာ ။ ဘူးပါရစေကွာ။"
ကဝေနှင့်စကားများရင်း အိမ်ကို ပြန်ရောက်လာခဲ့သည်။ နွေဦး အိမ်ပေါ်တက်လာတော့ အခန်းက အိုက်စပ်စပ်နှင့် လှောင်နေသဖြင့် နွေဦး ပြတင်းတံခါးကို ထဖွင့်လိုက်သည်။ အိမ်ဘေး သစ်ပင်ပေါ်တွင် ဇီးကွက်အဖြူတစ်ကောင် နားနေသည်ကို နွေဦးသတိမပြုလိုက်မိပေ။ ထိုဇီးကွက်အဖြူက သစ်ကိုင်းတစ်ခုတွင် နားကာ နွေဦးကို စိုက်ကြည့်လို့နေသည်။
"ကဲ ..ကလေးလေး..အိပ်ကြစို့။"
"အာ... မအိပ်ချင်သေးဘူး။ စာအုပ်ဖတ်ဦးမယ်။"
နွေဦးက သူဘာလုပ်တော့မည်ကို သိလို့ စာအုပ်ကို ဆွဲယူရင်းပြောသည်။ သို့သော် သူကရယ်မောလိုက်ကာ ပြောခဲ့သည်။
"မနက်ဖြန်မှ ဖတ်တော့။ ကျုပ်မင်းကိုချစ်ချင်လှပြီ။"
သူ့စကားအဆုံး နွေဦး အိပ်ယာထက်သို့လဲကျသွားပြီး အိပ်မက်ထဲတွင် ပြန်နိုးလာတော့သည်။ ထံးုစံအတိုင်း သူက နွေဦး၏ အမြင်ကိုကွယ်ထားသည်။ သို့သော် နွေဦး၏ လက်များကို လွတ်လပ်ခွင့်ပြုထားသည်။ သူက နွေဦး၏ လည်တိုင်များကို ပြင်းပြသည့် အနမ်းပေးရင်း သူ့လက်များက မိမိကိုယ်ကို ထက်အောက် စုန်ဆန် ပွတ်သပ်နေသည်။ သူ၏ ပူနွေးသော လက်အတွေ့များကြောင့် နွေဦး၏ ကိုယ်ထဲမှ အိပ်ပျော်နေသော ရမ္မက်စိတ် နိုးကြားလာခဲ့သည်။
"အင်း... အင်း..."
ကျွမ်းကျင်လှသည့် သူ့လက်၏ အပြုစုကြောင့် နွေဦး ညည်းသံများပင်ထွက်လာသည်အထိ ကို ခံစားနေရသည်။ သူက နွေဦးကို ပူနွေးသည့် အာခံတွင်း၏ အစွမ်းနှင့် ပြုစားလိုက်သည် မဟုတ်လား။ သူ့ကြောင့် နွေဦး တစ်ချီပြီးသွားတော့သည်။ နွေဦးမောဟိုက်သည့် ကြားမှ ကျေနပ်မှုကို ခံစားလိုက်ရသည်။
သူက နွေဦးကို မှောက်လိုက်သည်။ သူဘာလုပ်တော့မည်ကိုသိလို့ နွေဦး ငြင်းရန်ပြင်သည်။
"ငြင်းမနေနဲ့တော့ နွေဦး။ မင်းကို ကျု့ပ်က ဘယ်တုန်းက နာကျင်အောင်လုပ်လို့လဲ။ မင်ကို ကောင်းအောင် အရင်လုပ်ပေးမှာပါ၊ "
သူက ပြောပြီး နွေဦး၏ ခါးအောက်ကို စောင်ခုကာ ခါးအောက်ပိုင်း အဝတ်များကိုချွတ်ပစ်လိုက်သည်။ အဝတ်ဗလာကျင်းနေသည့် ကိုယ်ကို သူက နေရာအနံ့ အနမ်းပေးနေသည်။ ကျောပြင်တလျှောက်၊မှ အောက်ကို ဆင်းလာခဲ့သည်။ သူ့အနမ်းများက လူကို အူယားစေသည်။ ပြီးတော့သူ့လက်များက ပေါင်တွင်းသားများကို အသာလေး ပွတ်သပ်နေသေးသည် မဟုတ်လား။ နွေဦး ယားယံခြင်းနှင့်အတူ သွေးတိုးနှုန်းတစ်ခါ မြန်လာပြန်သည်။
"အား... အင်း... ခင်ဗျား ဘာလို့ကိုက်ရတာလဲ။"
သူက နွေဦး၏တင်ပါးကို အရာထင်အောင် ကိုက်လိုက်သည် မဟုတ်လား။ နွေဦး၏ အမေးကို သူက နားနားကပ်ကာ တိုးတိုးဖြေသည်။
"အူယားလို့။မင်ကို ချစ်လို့။ မင်းကို ကိုယ် မျိုချထားချင်ပြီ သိလား နွေဦး။"
"ခင်ဗျားချစ်တာ ကြောက်ဖို့ကောင်းတာ။ "
နွေဦးသူ့ကို တုန့်ပြန်ပြောလိုက်သည်။ သူက ရယ်မောကာ နွေဦး၏ တင်ပါး နှစ်မွှာကို ဆွဲဟကာ နူးညံ့သည့် အတွင်းသားများကို ကလိလိုက်သောအခါ နွေဦး ၏နူတ်မှ အောင့်အီးမရပဲ ညည်းသံများထွက်ပေါ်လာတော့သည်။
"မင်းသဘောကျတယ် မဟုတ်လား နွေဦး။ "
သူ့အမေးကို နွေဦး ပြန်မဖြေပဲနေသဖြင့် သူက လျှာစွမ်းပြပြန်သည်။ အူထဲ အသည်းထဲကကို လှိုက်လှိုက်တက်လာခဲ့သည်။ သူ့ကို နွေဦး အင်မတန်ကိုလိုချင်နေပြီ။
"ဘယ်လိုလဲ။ ကိုယ့်ကို လိုချင်နေပြီလား ကလေးလေး။ မင်းလိုချင်ရင် ကိုယ်ချက်ချင်းပေးမယ်။"
သူက မေးပြီး ထပ်မံပြီး လျှာစွမ်းပြပြန်သည်။ နွေဦး ခေါင်းဦးကို တင်းတင်း ကိုက်ထားမိလိုက်သည်။ မပြောနိုင်ပါ။ ဘယ်တော့မှ သူ့ကိုလိုချင်နေပြီဟု နွေဦးမပြောနိုင်ပါ။ မိမိက ယောကျာ်းလေး တစ်ယောက်မဟုတ်လား။ သူ့ကိုလိုချင် လွန်းလို့ သေသွားပါစေ။ လုံး၀ ဖွင့်မပြောဟု နွေဦး ဆုံးဖြတ်ထားသည်။
ကဝေက နွေဦး၏အတွေကိုသိဟန်တူသည်။ ထပ်မမေးတော့ပဲ နွေဦး၏ ကိုယ်ထဲကို သူ့ညီလေးနှင့်ထည့်လိုက်သည်။
"အ...အင်း...."
တင်းကြပ်နေသည့်အတွက် နွေဦးအနည်းငယ်ညည်းမိသည်။ သူက ချောဆီထည့်ကာ နွေဦးကိုယ်ထဲကိုချော့ကာ သွင်းသည်။ ပူနွေးမာကျောသည့် အသားချောင်းတစ်ခု နွေဦးကိုယ်ထဲကိုတရွေ့ရွေ့ဝင်လာခဲ့သည်။ နွေဦးသည် အဆုံးထိ ဝင်လာပြီးနောက် သူ ငြိမ်ပေးနေသဖြင့် ကျေးဇူးတင်မိသည်။ မိမိကိုယ်က ထိုအရာကို လက်ခံပြိဆိုတော့မှ သူက အနောက်ကနေ ပုံမှန်သွင်းထုတ်လုပ်ကာ ချစ်တင်းနှောတော့သည်။
နွေဦးသည် ကဝေ၏ အပြုအစု၊ အထိအတွေ့ကြောင့် ထိုညတစ်ညလုံး ဘယ်လို ကုန်လွန်သွားသည်ကို မသိတော့ပေ။ နှစ်ချိတိတိသူ ဆွဲပြီးနောက် နွေဦးကို ဖက်ကာ ပါးကို ဖွဖွနမ်းပြီးပြောခဲ့သည်။
"ကိုယ်မင်းကို ချစ်တယ် နွေဦး ကလေးလေး။"
နွေဦးသူ့ကိုမေးလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို တကယ်ချစ်သလား။"
"အင်း။ ချစ်တယ်။ ကျုပ်တို့က ဘယ်တော့မှ လိမ်မပြောဘူး။"
"ဒါဆို ကျွန်တော့်အလုပ်က လူတွေကို ခင်ဗျားရဲ့ပညာစွမ်းနဲ့ ဒုက္ခမပေးပါဘူးလို့ ကတိပေးပါ။ "
"ဘာဖြစ်လို့လဲ။ ကျုပ်က မင်းကို ကာကွယ်ပေးနေတာလေ။"
"ခင်ဗျားကာကွယ်ပေးတာကို သိပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်မှာကြုံတွေ့တဲ့ဟာကို ကျွန်တော့်အစွမ်းနဲ့ ဖြေရှင်းပါရစေ။ ကျွန်တော်က ကလေးတစ်ယောက်မဟုတ်ဘူ။ အရွယ်ရောက်ပြီးတဲ့သူပါ။ ကျွန်တော့်ပြသနာကို ကျွန်တော့်ဖာသာ ကိုင်တွယ်ဖြေရှင်းခွင့်ပြုပါ။"
"မင်း မဖြေရှင်းနိုင်ရင်ကော..."
"ရအောင်ရှင်းမယ်။ ခင်ဗျား ဝင်မပါပါနဲ့။"
"ကောင်းပြီလေ။ မင်းနေ့စဉ်ကြုံတဲ့ဟာကို ကျုပ်ဝင်မစွပ်ဖက်တော့ပါဘူး။ ဒါပေမယ့် သိပ်ကို ကြီးမားလာတယ်။ အထူးသဖြင့် မင်းစိတ်ထိခိုက်အောင် တယောက်ယောက်က လုပ်လာတယ် ဆိုရင် ကျုပ် အဲ့လူကို မင်းခံရတာရဲ့ ၂ ခံရအောင်လုပ်မယ်။ "
နွေဦးထပ်ပြောမည်ပြုသော်လည်း သူက စကားစဖြတ်လိုက်သည်။
"တော်ပြီ။ အိပ်တော့၊ မနက် မင်း အလုပ်သွားရအုံးမယ်။ အိပ်တော့ ကလေးလေး။ မင်းကို ကျုပ်ဖက်ထားပေးမယ်။"
သူ့စကားသံအဆုံးနွေဦးအိပ်မောကျသွားတော့သည်။ ဇီးကွက်ဖြူက နွေဦးကို ဖက်ထားသည့် ကဝေကို စူးစိုက်ကြည့်ကာ တိတ်တဆိတ်ပြန်သန်းထွက်ခွာသွားတော့သည်။
YOU ARE READING
သန်းခေါင်ယံ ချစ်သူ Season - 1
Horrorမှော်ပညာဆိုတာ တကယ်ရှိသလား။ မှော်လောကဆိုတာရော တကယ်ရှိသလား။ မှော်ခေါင်းဆောင်ဆိုတာရှိခဲ့မယ်ဆိုရင် ဘယ်လိုလူမျိုးဖြစ်မလဲ။ သူကရော ချစ်တတ်၊ ခံစားတတ်တဲ့ နှလုံးသားရှိမလား။ 24 နာရီ အလုပ်များတဲ့ ဆရာဝန်လေးတစ်ယောက်ဆီကို ညတိုင်းညတိုင်း ကဝေခေါင်းဆောင်ကြိး ရောက်ခ...