🥂၆🥂

984 99 4
                                    

Unicode

အခမ်းအနားစတင်ရတော့မည့် အချိန်မို့
Waiting Roomထဲမှာ စောင့်နေသည့်
သူ့အား ပါးပါးကလာခေါ်သည် ။

' Injun '

' ဗျာ '

ရုတ်တရက်မို့ ထူးနေကျအတိုင်း ယောင်ယမ်းကာ ထူးမိပြီးမှ ကိုယ့်ပါးစပ်ကို ပြန်ပိတ်လိုက်ရသည် ။

' ရှင် ပါးပါး '

' ပါးပါး သမီးလေး '

ဖအေတွေရဲ့အသည်းကျော်က သမီးဆိုတာ မှန်သည် ။

မျက်ရည်တွေဝေ့သီကာ သူ့ကိုInjunအမှတ်နှင့် ဖက်လာသည့် ပါးပါးရင်ခွင်က နွေးထွေးသည် ။

' ပါးပါး '

' ကောင်းကောင်းနေတော့နော် Renjun '

တီးတိုးမှာကြားလိုက်သည့် ပါးပါးကြောင့် သူအံ့သြရပြန်သည် ။

' ပါးပါး '

' မင်းကိုငါမွေးထားတာပါ Renjun ၊ ငါ့သားနဲ့သမီးကို ထိလိုက်တာနဲ့ ဘယ်သူက ဘယ်သူမှန်း ပါးပါးသိပါတယ် '

' ပါးပါး ကျနော် '

' မင်းမားမား မသိစေရပါဘူး Renjun ၊ ဘာကြောင့် မင်းတို့မောင်နှမတွေ နေရာလဲကျလည်း ပါးပါးမသိပေမဲ့ Lee Jeno  '

' မပူပါနဲ့ပါးပါး ၊ သူကိုယ်တိုင်လက်ခံပြီးသားပါ '

သူ့ဖြေရှင်းချက်ကြောင့် ပါးပါးခေါင်းညိတ်သည် ။

' ပါးပါးထင်ပါတယ် ၊ မင်းတို့ရဲ့ရွေးခြယ်မှုမှာ Lee Jeno ဆန္ဒလည်း တစိတ်တဒေသ ပါမယ်ဆိုတာ ၊ ဖိတ်စာပေါ်က Huang Ren Junဆိုကတည်းက သူမင်းကိုသဘောကျမှန်း ပါးပါးရိပ်မိတယ် '

' ပါးပါး '

' အဆင်သင့်ဖြစ်ရင် သွားရအောင် '

ပါးပါးလက်ကိုချိတ်ကာ လှမ်းနေရတဲ့ ခြေလှမ်းတွေက Dressကြောင့် စိတ်ရှုပ်ဖို့တော့ ကောင်းပါသည် ။

စီးထားတဲ့ ဒေါက်ကလည်း အသားမကျ ။

ဝတ်စုံကလည်း ဝတ်စမရှိတော့ အတော်လေးတော့ အကျပ်ရိုက်သည် ။

ဒီကြားထဲ ခေါင်းပေါ်က ဆံထုံးအတုနဲ့ မျက်နှာက မိတ်ကပ်တွေမပါသေး ။

ကျနော့်ယောက်ျား အမျိုးကောင်းသား [ကျနော့်ယောက်ျား အမျိုးကောင်းသား ]Where stories live. Discover now