🥂၈🥂

849 106 1
                                    

Unicode

ပေါ်တီကိုအောက်ကို ကားထိုးရပ်လိုက်ကတည်းက အိမ်ပေါက်ဝက Lee Jeno မျက်မှောင်က အလိုလိုကျုံ့ပြီးသား ။

'' Hyuck ဆင်း-ဆင်းလေ ''

Hyunkကိုသာတွန်းထုတ်နေတာ သူကိုယ်တိုင်က ကားပေါ်က ခြေမချရဲ ။

'' မင်းကအိမ်ရှင်လေ ၊ မင်းအရင်ဆင်းပါလား ''

'' မင်းတို့ပဲလိုက်ချင်တာမဟုတ်ဘူးလား ''

'' Hyung- Hyungယောက်ျားအကြည့်ကြီးက အစိမ်းလိုက်ဝါးစားတော့မှာလား ''

'' Jisung Park !! မဟုတ်တာတွေမပြောနဲ့ ''

'' Renjun ဒီနေ့ ငါတို့ကားပေါ်က ဆင်းရအုန်းမှာလား ''

'' ခဏလေးပါကွ ၊ သူ့အခြေအနေစောင့်ကြည့်လိုက်အုန်းမယ် ''

'' Hyung-Hyungဒီကိုလျှောက်လာပြီ ''

ကားနားဆီကိုတစ်လှမ်းချင်းလျှောက်လာတဲ့ Jenoကြောင့် သူတံတွေးတို့ မသိမသာမြိုချလိုက်သည် ။

* ဒေါက် * ဒေါက် *

မှန်တံခါးအားလက်နှင့်ခေါက်ကာ မှန်ချဖို့ အချက်ပြနေသည် ။

မှန်အားအနည်းငယ်လျှောချလိုက်ပြီး Jenoကို မျက်နှာချိုသွေးရယ်ပြရသေးသည် ။

'' ငါ့ကိုလာထွက်ကြိုတာလား ''

'' အိမ်ထဲမှာ ဧည့်သည်တွေရောက်နေတယ် ''

'' အော် ဟုတ်လား ၊ ဒါဆိုလည်း ငါပြန်လှည့် ''

'' ကားပေါ်ကဆင်း ''

'' ဟမ် ''

ခေါင်းကုတ်ဖင်ကုတ်နှင့်ပင် ကားတံခါးကို ဖွင့်ကာ အောက်သို့ဆင်းရသည် ။

'' ဧည့်သည်တွေလား ''

Hyuckတို့ကိုမေးငေါ့ကာ မေးနေတာမို့ ရယ်ရင်းနှင့်ပင် သူခေါင်းညိတ်ပြလိုက်သည် ။

'' Lee Jeno ssi!! နေကောင်းတယ်နော် ''

Hyuckနှုတ်ဆက်နေပေမဲ့ Jenoမျက်နှာက တစ်ချက်လေးမှ အမူအရာပြောင်းလဲမသွား ။

'' မင်း ငါ့နောက်လိုက်လာခဲ့ ''

သူ့အားတည့်တည့်ကြည့်ကာ ပြောပြီး အိမ်ထဲလှမ်းဝင်သွားလေသည် ။

ကျနော့်ယောက်ျား အမျိုးကောင်းသား [ကျနော့်ယောက်ျား အမျိုးကောင်းသား ]Where stories live. Discover now