(ZAWGYI)
အပိုင်း(၁၀)
(ကျွန်တော်ချစ်တဲ့သူ)မနက်ဖြန်သည် အမြွှာနှစ်ယောက် စာမေးပွဲ နောက်ဆုံးနေ့ဖြစ်ပြီး သူတို့ပိုင်သည့်ဘာသာဖြစ်၍ ညထဲကပျော်နေကြသည်။
"ဒီဘာသာပြီးရင် စာမေးပွဲပြီးပြီ .. ပျော်လိုက်တာ"
စီစီက ဝမ်းသာအားရပြောသည်။ အနားတွင်စောင့်ပေးနေသော ရီပေါ်က ခနဲ့သည်။
"စာမေးပွဲပြီးတာကို တော်တော်ပျော်နေတယ်ဟုတ်လား"
"ပျော်တာပေါ့ .. ကျောင်းပိတ်တော့မှာလေ.. Bo Ge လည်း ကျောင်းပိတ်ရင် ပျော်တာပဲမဟုတ်ဘူးလား"
ရီပေါ်က သူထိုင်နေသောခုံ၏ လက်တန်းမှာ မေးထောက်ပြီး ပျင်းရိပျင်းတွဲ ဖြေသည်။
"မပျော်ပါဘူး"
အရင်ကတော့ပျော်မှာဖြစ်ပေမယ့် အခုကျောင်းပိတ်ရင် Geနဲ့ခဏခဏ တွေ့ရတော့မှာမှ မဟုတ်တာ။ ဘယ်လိုပျော်မှာတုန်း။
ရီပေါ် Geကို ကြည့်တော့ Geကရီပေါ့်ကိုကြည့်နေသည်နှင့် ဆုံသွားသည်။ ရှောင်ကျန့်က ချက်ချင်းမျက်လုံး လွှဲလိုက်သည်။ ဒီတလော ရီပေါ်နဲ့သူ့ကြားမှာ မမြင်ရတဲ့ စည်းလေးတစ်ခုခြားနေသလိုပဲ။ အကြည့်ချင်းဆုံတဲ့အချိန်တွေဆို တစ်မျိုးဖြစ်သွားပြီး နေရခက်သွားလေ့ရှိသည်။
ရီပေါ်ကတော့ Geကိုသာ တစိမ့်စိမ့်ကြည့်နေ မိသည်။ မျက်မှန်အဝိုင်းအောက်က ရွှန်းလဲ့သော ရေအိုင်ငယ်လေးနှစ်အိုင်၊ မျက်ခုံးနှစ်ခုကြားက ဖြောင့်စင်းနေတဲ့ နှာတံလေး၊ စေ့စေ့ပိတ်ထားတဲ့ မထူမပါးနှုတ်ခမ်းလေးနဲ့ နှုတ်ခမ်းအောက်က မှ့ည့်စက်လေး။ အရမ်းမြတ်နိုးပြီး ပိုင်ဆိုင်ချင်လွန်းလို့ ရူးမတတ်ပဲ။
"Zhan ge .. စာမေးပွဲပြီးရင် သမီးတို့ကို မုန့်လိုက်ကျွေးနော်"
"ဟုတ်တယ် .. သမီးတို့ စာမေးပွဲကို သေချာကြိုးစားဖြေထားတာမလို့ သေချာပေါက်မုန့်လိုက်ကျွေးရမယ်နော်"
ရှောင်ကျန့်က ပြုံးလိုက်သည်။
"ဒါပေါ့ ကျွေးရမှာပေါ့"
ရီပေါ်က ဝင်ပြောသည်။
"Ge .. ကျွန်တော့ကိုလည်း တစ်ဝိုင်းနော်"
![](https://img.wattpad.com/cover/201246149-288-k833657.jpg)
YOU ARE READING
Ge ရဲ့ကောင်လေး (Zawgyi+Unicode)
Fanfictionအသက်၁၂နှစ်ကစတင်ခဲ့တဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်