7

2.1K 101 5
                                    

အိမ်ရှေ့စံရောက်ပီးမကြာမှီအခမ်းအနားကို
စတင်လေသည်။
ဧည်သည့်အချို့ကလည်းသူတို့သူတို့မိတ်ဆတ်ကာအိမ်ရှေစံကိုချီးမွမ်းထောပနာတွေ‌ေပြာကျလေသည်။

ယွမ်တို့ညီကိုသုံးယောက်လည်း..
တစ်ယောက်တစ်လှည့်စီ ထပီးမိတ်ဆတ်ရာ...
နောက်ဆုံး ယွမ် ရဲ့အလှည့်ကိုရောက်ရှိလာသည်။

အဖြူရောင်၀တ်ရုံကို၀တ်ဆင်ထားပီး..
ဆံပင်လေးကိုဖားယားလေးချကာ...အနည်းငယ်ကိုနောက်စုချည်ထားသည်။
ထုံးဆံအတိုင်းပန်း‌ေတွနဲ့လှပ‌ေန‌ေအာင်ပြုလုပ်ထားတဲ့ဆံထိုးလေးထိုးထားကာ အလွန်ကြည့်ကောင်းနေသည်။
အသားရောင်မှာဖြူနုနေပီး...နူတ်ခမ်းသားလေးတွေမှာ စိုအိသယောင်ပန်းရောင်သန်းနေသည်။
မြင်သူတိုင်းကိုရင်အေးစေသည်။

အိမ်ရှေ့စံမင်းသားရှင်းလဲ....
ထိုကောင်လေးကိုမျက်တောင်မခတ်သေချာကြည့်နေသည်။
ထိုကောင်လေးကတော့သိမည်မဟုတ်...။
ယွမ်မှာ သူ့ရဲ့အလုပ်ကိစ္စလောက်ဘယ်အရာမှအရေးမထား
ခုလည်း အိမ်ရှေ့စံမင်းသားကိုတစ်ချက်မော့မကြည့်...
သူ၀တ္တရားအတိုင်းနူတ်ခွန်းဆတ်ပီး....
သူတာ၀န်အရလို့ပဲသတ်မှတ်သည်။

အိမ်ရှေ့စံကြည့်နေရင်း.....
ယွမ်မှ စနူတ်ခွန်းဆက်လေသည်။

"အရှင့်သားကို ကျွန်တော်မျိုးနူတ်ခွန်းဆက်ပါတယ်"
ကျွန်တော့်အမည်မှာ ယွမ် ဖြစ်ပြီး....
မြောက်ပိုင်းဒေသ ကလာတဲ့ကုန်သည်ပါ....
အိမ်ရှေ့စံကိုဂါ၀ရပြုပါတယ်...။
ဆိုပီးဦးညွတ်လျက် ခပ်တည်တည်ပဲနေရာသို့ပြန်ထိုင်လိုက်လေသည်။
သူထံမှအကြည့်မခွာနိူင်သူကတော့ အိမ်ရှေ့စံဆိုသူ...
ရှင်း...ပဲဖြစ်လေသည်။

သောက်ရင်းစားရင်းအခမ်းအနားကိုပီးဆုံးစေသည်။
အိမ်ရှေ့စံမှအရင်ထွက်ခွာကာ...
လူအားလုံးကလဲအိမ်ရှေ့စံကိုအရိုအသေပေးရင်း ပျော်နေကျလေသည်။
ယွမ် ရဲ့ရှေ့တည့်တည့်ကနေဖြတ်လျှောက်သွားကာ....
ယွမ်မှာမသိမသာ မော့ကြည့်လိုက်သေးသည်။
ရှေ့တည့်တည့်ကကြည့်ရင်...ပုလဲလုံးတွေနဲ့မို့,။။။
သေချာမမြင်ရပေမဲ့....
ဘေးတစောင်းကြည့်တဲ့အခါမှာ ရှင်းရှင်းလင်းလင်းမြင်ရသည်။
ဖြောင့်ဆင်းနေသောနှာတံ...ကော့ညွတ်နေသောမျက်တောင်
ဇင်ယော်တောင်မျက်ခုံးပမာ...
အရာအားလုံးက‌ယောက်ျားပီသသောလက္ခဏာပြနေသည်။
ယွမ်မှာ တစ်ချက်ပဲမော့ကြည့်လိုက်ပီး...
ပြန်ငုံ့နေလိုက်သည်။ မင်းသား ရှင်းမှာလဲ
သူ့ဘက်သို့မသိမသစောင်းငဲ့ငဲ့လေးကြည့်ကာ...လှည့်
ထွက်သွားလေသည်။

ကန္တာရ ပန်းရိုင်းလေးတစ်ပွင့်Where stories live. Discover now