နဂါးတိုင်းပြည်

1.9K 228 20
                                    

နဂါးတိုင်းပြည်

လီရှစ်ယင်က ဝေဒနာတွေအလူးအလိမ့် ခံစားနေရချိန်တွင် တစ်ဖက်မှာတော့ လောင်အာရှန့်က အထက်ဘုံသို့ပြန်ရောက်လေပြီပင်။ အထက်ဘုံသို့ သူရောက်တော့ ညပင်နက်နေပြီဖြစ်ကာ လောင်တိုင်းပြည်သို့ ဝင်ရောက်သွားလေသည်။ 

အထက်ဘုံတွင် ဒဏ္ဍာရီသားကောင်တို့၏ အဆင့်အလိုက် တိုင်းပြည်ခုနှစ်ခု ခွဲထားသေးလေသည်။ လောင်တိုင်းပြည်ကလည်း နဂါးတိုင်းပြည်ထဲမှတစ်ခုပင်။ ဖုန့်တိုင်းပြည်တွင် ဖီးနစ်တို့နေကာ ပိုင်တိုင်းပြည်တွင် အဖြူရောင်ကျားကလန်က နေထိုင်ကြသည်။ တုတိုင်းပြည်က ယူနီကွန်းကလန်တို့ နေထိုင်ကြသည်။ ဖေ့တိုင်းပြည်က မြင်းပျံကလန်တို့ နေထိုင်ကြပြီး နောက်ဆုံးတစ်ခုဖြစ်သည့် ချီတိုင်းပြည်တွင် ချီလင်မိသားစုတို့က နေထိုင်ကြသည်။

အထက်ဘုံဝင်ပေါက်ရောက်သည်နှင့် မိုင်ထောင်ချီချုံ့လိုက်တာကြောင့် ချက်ချင်းပင် လောင်တိုင်းပြည်သို့ လောင်အာရှန့်ရောက်ရှိလို့သွား၏။ သူရဲ့နဂိုပုံစံအတိုင်းပင် ခေတ္တမျှပျံသန်းလိုက်ပြီး သူနေထိုင်ရာနန်းဆောင်သို့ ရောက်ရှိလို့ သွားလေသည်။

" ပြန်လာတာ ကြိုဆိုပါတယ် … တတိယမင်းသား "

လူသွင်ပြင်နှင့်ရှိနေသော ဒါဇင်မျှအစေခံတို့က သူတို့၏ဦးချိုတွေကို ဦးညွှတ်ကာ တညီတညာတည်း နှုတ်ဆက်လိုက်ကြသည်။ လောင်အာရှန့်က ထိုအစေခံတို့အား တစ်ချက်မျှလှည့်ကြည့်ခြင်းမရှိဘဲ ဧကရီမိဖုရား၏ နန်းဆောင်သို့သာ တစ်စိုက်မတ်မတ် ပျံသန်းလို့သွား၏။

ဧကရီမိဖုရားနန်းဆောင်

သတ်လတ်ပိုင်းအရွယ် မိန်းမလှလေးတစ်ဦးက ထိုနန်းဆောင်၏ထိပ်ဆုံးက ထိုင်ခုံတွင် ထိုင်နေလျှက်ရှိ၏။ သူမပုံစံက နူးညံ့သော်လည်း မာန်ဝင့်လျှက်ရှိ၏။ သူမ၏ရွှေရောင်ဆံနွယ်တို့ကို လှပသေသပ်စွာ ချည်နှောင်ထားကာ ဦးခေါင်းထက် လှပသောအဆင်တန်ဆာတို့ဖြင့် ဆင်ယင်ထားလေသည်။ သူမ၏အနီရောင်မျက်ဝန်းတို့ကို မှေးစင်းကာ လက်ဖက်ရည်အား တစ်ငုံချင်း သောက်နေလေသည်။

နဂါးမင်းသားလေး ချစ်မြတ်နိုးရသော ဇနီး(ဘာသာပြန်)Where stories live. Discover now