Part-1

26.7K 1K 21
                                    

Unicode;

မှောင်ရီစပျိုးချိန်တရွေ့ရွေ့မောင်းနှင်လာသောကားငယ်လေးတစ်စီး...

ထိုကားငယ်ထဲဝယ် ၅နှစ်သားကလေးတစ် ယောက်ရဲ့ပျော်ရွှင်စွာရယ်မောသံလေးများပျံ့နံ့ှလျက်...တိတ်ဆိတ်နေသောလမ်းမကြီးသည် ပင်...အသက်ဝင်သယောင်ရှိပေသည်...

ကားလေးလည်းတရွေ့ရွေ့မောင်းနှင်လာပြီး လမ်းကြားထဲသို့အရောက်...အမည်မသိသောကုန်တင်ကားတစ်စီး၏အရှိန်ပြင်းစွာဝင်တိုက် ခြင်းကိုခံရပြီး..နှစ်ပတ်သုံးပတ်လည်ကာ ချောက်ထဲသို့ကျသွားခဲ့သည်...

'ဗုန်း..'

ကားလေးလည်းတိတ်ဆိတ်၍ပေါက်ကွဲသံများသာကြားနေရသည်... ထိုချိန်ထိုကုန်တင်ကား ကြီးပေါ်မှလူတစ်ယောက်ဆင်းလာပြီး..

' Boss ရှင်းပြီးပါပြီ..'
'တာဝန်ကျေတယ်..မင်းပြန်လာလို့ရပြီ Yaung Han..'

သို့သော်ထိုလူမသိခဲ့သည်ကား...ကားတိုက် သည့်အရှိန်ကြောင့်..ကားပေါ်ကလွင့်ကာ.. မြစ်ချောင်းတစ်ခုရဲ့ရေစီးအတိုင်းမျောပါသွား သော..ကလေးလေးတစ်ယောက်ရှိခဲ့သည်ကို ပင်...

ထိုကလေးသည်ရေစီးအတိုင်းမျောပါသွား ပြီးရွာတစ်ရွာသို့ရောက်သွားခဲ့သည်...ရွာကလူများကကယ်ဆယ်ထားပြီးမိဘမဲ့ကျောင်းသို့ပို့လိုက်ကြသည်...

ကျနော်နိုးလာတော့ကျနော့်ဘေးမှာအန်တီ ကြီးတစ်ယောက်..ကျနော့်ကိုကြည့်ကာပြုံးပြ နေသည်..

'ကလေး..ကလေးကိုအန်တီစောင့်ရှောက်ပေးမယ်နော်...ဒီမှာသားလေးနဲ့ရွယ်တူသူငယ်ချင်း တွေလဲရှိတယ်နော်...'

ကျနော်ခေါင်းသာငြိမ့်ပြလိုက်ပြီးပြန်အိပ်နေ လိုက်တယ်..
-
-
-
-
-
ကျနော်ဒီကိုရောက်တာလေးရက်လောက်ရှိ ရောပေါ့..အမေနဲ့အဖေကိုတအားလွမ်းတာပဲ..
ဒီနေ့ဂေဟာမှုုးဆီကိုလူကြီးတစ်ယောက ်ရောက်လာတယ်..အခြးကလေးတွေကြည့်ရတာတော့ပျော်နေတာပဲ..ကျနော်လည်းဒီတိုင်းအခန်းထဲမှာသာပြန်နေလိုက်တယ်..

ခနကြာတော့ဂေဟာမှုုးကကျနော့်အခန်းထဲကိုဝင်လာပြီးအပြင်ကိုခေါ်သွားတယ်...ပြီး တော့စောစောကလူကြီးဆီကိုကျနော့်ကိုအပ် လိုက်ပြီး...

BLIND LOVE ✔{Completed}Where stories live. Discover now