Part-11

4.2K 353 2
                                    

Zawgyi;

Jungkookအိမ်ပြန်သွားပြီးအဝတ်အစားသွား
ယူနေချိန်...Taehyungနဲ့အတူနိုင်ငံကထွက်သွား
ဖို့ပြင်နေချိန်..တစ်ဖက်၌ထိုအစီစဉ်ကိုဖျက်မဲ့သူရှိ
တာကိုကြိုသိခဲ့လျှင်....

Taehyungအထုတ်အပိုးတွေပြင်ဆင်ပြီး...စောင့်
နေရတာပျင်းလာတာနဲ့..မုန့်ထွက်စားဖို့အခန်းပြင်
ကိုထွက်လိုက်သည်...အိမ်တွင်မည်သူမျှမရှိတော့.. hyungတို့ကလည်းဘယ်ကိုထွက်သွားမှန်းမသိ..
.Papaကလည်းဘယ်ရောက်နေလဲမသိ...

ဒါနဲ့Taehyungမုန့်ဝယ်စားဖို့အပြင်ကိုထွက်
လာပြီးတပ်နေကျနားကြပ်လေးတပ်ကာ...သီချင်း
လေးညည်းကာအေးအေးလူလူလမ်းလျှောက်
ထွက်လာသည်...

ထိုချိန်နောက်မှအမဲရောင်ကားကြီးတဲ့မှအမဲရောင်
ဝတ်စုံပြည့်ဝတ်ထားတဲ့လူနှစ်ယောက်ထွက်လာပြီး
Taehyungကိုကားပေါ်သို့ဆွဲခေါ်သွားသည်...
ခန္ဓာကိုယ်ချင်းမမျှတာကြောင့်ထိုလူတွေဆွဲရာ
နောက်သို့..ယက်ကန်ယက်ကန်ပါသွားသည်...

လူတစ်ယောက်ကTaehyungဖုန်းကိုယူလိုက်ပြီး
အပြင်ကိုလှမ်းပစ်လိုက်သည်..ပြီးTaehyung
ခေါင်းကိုဘုန်းခနဲမြည်အောင်ရိုက်လိုက်သည်...
Taehyungလည်းမခံနိုင်တဲ့နောက်..မြင်နေရ
သမျှအကုန်လုံးအမှောင်အတိဖြစ်သွားတော့သည်...

Jungkookအိမ်ရှေ့မှာရပ်နေတာအတော်ပင်
ကြာနေလေပြီ..ခေါ်လည်းမထူးတာမို့အိမ်ထဲဝင်ဖို့
ခြေလှမ်းလိုက်ချိန်မှာပဲ..Taehyungအဖေအိမ်ထဲ
ကအရေးကြီးသုတ်ပြာထွက်လာပြီး..တစ်ခုခုကိုစိုး
ရိမ်နေတဲ့ပုံစံ....

JK>>Taeရော..အခုသွားရတော့မယ်...
Mr.Kim>>သား....သား...

JK>>ဘာလို့လဲ..Taeဘာဖြစ်လို့လဲ..
Mr.Kim>>Taehyungမရှိတော့ဘူး...

JK>>ဗျာ...သူကျနော့်ကိုထားခဲ့ပြန်ပြီလား..
Mr.Kim>>မဟုတ်ဘူး...သူဒီတိုင်းထွက်သွားတာ..
ဒီမှာကြည့်...(CCTVကိုပြပြီး)သူ့နောက်ကိုကား
အမဲတစ်စီးလိုက်နေတာ...တွေ့လား..

JK>>ဒါဆို..သူအဖမ်းခံရတာလား...
Mr.Kim>>ထင်တာပဲ....

JK>>သူနာရီပတ်သွားလားမသိဘူး...
Mr.Kim>>ပတ်သွားမယ်ထင်တာပဲ...ဘာလို့လဲ

JK>>အဲ့မှာခြေရာခံတဲ့စက်တပ်ထားတယ်..သူ့ကို လက်ဆောင်ပေးတုန်းက..သူမသိအောင်တပ်ထား တာ..ကျနော့်နားကထွက်သွားရင်ရှာလို့ရအောင်
လို့..
Mr. Kim>>အဲ့တာဆိုရှာကြည့််လိုက်လေ..

BLIND LOVE ✔{Completed}Where stories live. Discover now