Part 1

18.2K 784 105
                                    


Unicode

"ဖြောင်း''

"အားးး''

"ဖြောင်း''

"အားးး''

ညဥ့်နက်သန်းခေါင်မှာမြို့ပြင်ရှိ
ဂိုထောင်ဟောင်းတစ်ခုမှာ
လူတစ်ယောက်ရဲ့နာကျင်စွာ
အော်ဟစ်သံကအတိုင်းသား။
သူ့ကိုကူညီမယ့်သူကတော့
တစ်ယောက်မှမရှိ။

"ပြောစမ်း ငါ့ပါးပါးရဲ့ကုမ္ဗဏီ
အချက်အလက်တွေ ဘယ်သူ့စီပေးလိုက်လဲ''

"ကျွန်တော်မသိဘူး ကျွန်တော်လုံးဝမသိဘူး''

"ကောင်းပြီလေ မင်းကမပြောဘူးဆိုတော့''

"ဖြောင်း''

"အားးး''

ဝမ်ရိပေါ်ကတော့ခါးပတ်နှစ်ခုကို
ပူးကာရိုက်ကောင်းတုန်း။

"ကျစ် လက်မပွန်းသွားပြီ
ကိုကိုဆီသွားပြရမယ်''

🎼🎼🎼 I see your monster
I see your pain
Tell me a problem 🎼🎼🎼

ရှောင်ကျန့်လူနာကြည့်နေတုန်း
ဖုန်းသံကြားလို့ကြည့်လို့တော့

**ဂြိုလ်သားလေး တစ်နေ့ဖုန်းမဆက်ရရင်
သေမလို့လားပဲ**

စိတ်ထဲကသာပျစ်ပျစ်နှစ်နှစ်ဆဲလိုက်ပေမယ့်
လက်တွေ့မှာတော့

"Hello ဝမ်သခင်လေး''

"ကိုကိုကလည်းဝမ်သခင်လေးလို့မခေါ်ပါနဲ့ဆို
ရိပေါ်လို့ခေါ်ပါ ကိုကိုရဲ့''

"ပြောလေ ရိပေါ်
ဘာဖြစ်လို့လဲ''

"ကျွန်တော်ဒဏ်ရာတစ်ခုရလို့
အဲ့တာကိုကိုအားလားဟင်''

ရိပေါ်ရဲ့အသံကြောင့်နောက်က
bodyguardလေးယောက်ကတော့
ပါးစပ်အဟောင်းသား။

**ငါတို့ဝမ်သခင်လေး
လူစားထိုးခံရတာလားဟ🙄🙄**

ခုနကအရိုက်ခံရသူခမျာ
မျက်ဖြူတောင်စိုက်ချင်မိသွားသည်။

**အရိုက်ခံရတာကငါလေးလေ
ဒင်းကခါးပတ်ကြိုးနဲ့ခြစ်မိတာလေးကို
ဆေးရုံသွားပြမလို့တဲ့လား😑😑**

"အင်း အားပါတယ်
လာခဲ့လေ''

"ဟုတ်ကဲ့ ကိုကို
ခုပဲလာခဲ့...''

"အားးးးးး''

"ရိပေါ်  ဘာဖြစ်တာလဲ''

"ဪ ဘာမှမဖြစ်ပါဘူး''

ချစ်သူလူဆိုးWhere stories live. Discover now