Part 2

8.6K 723 158
                                    


Unicode

"ဖယ်စမ်း ကိုကို့ကိုသွားခေါ်
နင်တို့ကုစရာမလိုဘူး''

"ဟိုလေ ဒေါက်တာရှောင်ကမအားသေးလို့''

"ကိုကိုလာတဲ့အထိစောင့်မယ်
ရှင်းပြီလား ထွက်သွားကြ''

ရှောင်ကျန့်လူနာကြည့်ပြီးပြန်လာတုန်း
သူ့အခန်းထဲကအော်သံကြားသဖြင့်
အမြန်ဝင်ကြည့်လိုက်တော့။

"အမလေးးးးး ဗုဒ္ဓေါ''

ရှောင်ကျန့်လန့်လဲလန့်ချင်စရာ။
ဝမ်ရိပေါ်ရဲ့နောက်ကbodyguard
လေးယောက်ကအနက်ရောင်ဝတ်စုံ
နေကာမျက်မှန်ကိုစီနဲ့။
ဒါထက်ဆိုးတာကဝမ်ရိပေါ်...
နေကာမျက်မှန်အနက်ကြီးတပ်ကာ
ဘေ့စ်ဘော့တုတ်ကတစ်ရမ်းရမ်းနဲ့။
ကျွန်တော့ကိုတွေ့တော့ပြရှာပါသည်.....
ပြုံးပြတာပါ...

"အယ် ကိုကိုလာပြီကဲ အဒေါ်ကြီး ခင်ဗျားထွက်သွားလိုက်တော့''

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"အယ် ကိုကိုလာပြီ
ကဲ အဒေါ်ကြီး ခင်ဗျားထွက်သွားလိုက်တော့''

ရှောင်ကျန့်အပြောခံရတဲ့သူကို
ကြည့်လို့တော့ဝမ်ရိပေါ်ထက်ပင်
ငယ်ဟန်ရှိသောသူနာပြုမလေး။

"ရိပေါ်  ဟိုမျက်မှန်ကဘာလို့တပ်ထားတာလဲ''

သူပြောမှသတိရဟန်ဖြင့်
မျက်မှန်ကိုချွတိကာအနောက်သို့
ပစ်ပေးလိုက်သည်။

"ဟဲ ဟဲ ဒါကဟိုအဒေါ်ကြီးတွေ
ကျွန်တော့မျက်နှာကိုကြည့်မှာစိုးလို့
တိတိလေးကကောကောကိုပဲမျက်နှာပြမလို့
အာ့ကြောင့်တပ်ထားတာ''

အနောက်ကကိုယ်ရံတော်တွေကတော့
သွေးပင်တက်တော့မလို့
သွေးပဲအန်ရမလို
လမ်းစပျောက်နေလေရဲ့😑😑

ရိပေါ်ကြည့်လိုက်တော့
ကိုကိုကသူ့စီမှာအကြည့်မရှိ။
သူ့နောက်ကကိုယ်ရံတော်တွေစီမှာသာ
အကြည့်ရောက်နေလေရဲ့။

ချစ်သူလူဆိုးWhere stories live. Discover now