Part-3

225 26 4
                                    

ကျွန်တော် ည က ohsehun ဆိုတဲ့ လူကြီးရဲ့ Detailတွေကိုရှာတာ မနက်မိုးလင်းလုဆဲဆဲဖြစ်သွားတယ် သူက ကျွန်တော်ဖေဖေထက်တောင် အများကြီး ချမ်းသာတယ် ..... သူပိုင်ဆိုင်မှုတွေဆိုတာကလဲမနည်းဘူး တခုအံ့ဩတာက သူနဲ့ကျွန်တော်က ၁နှစ် နီးပါး လောက်ပဲကွာတယ် .. အဲ့လို အရှာကောင်းမှုကြောင့် ဒီနေ့ကျောင်းကိုနောက်ကျသွားတယ်လေ ...

ကျောင်းရောက်တော့ အခန်းကိုအမြန် သုတ်ချေတင်ရတော့တာပါပဲလေ...

Han : တော်သေးတယ် ဆရာမလာသေးလို့ ..

Baek : ဘာမှအပိုတွေလာပြောမနေနဲ့ကျောင်းနောက်ကျ မင်းရဲ့ထုံးစံပဲလေ ....

Kyungsoo : ဟုတ်ပါ့ အမြဲ နောက်ကျ ပြီးရင် သူကြည့်လိုက်တိုင်းချွေးတွေသန်တွေနဲ့ ..

Han : ဟီးဟီး
အကောင်းစားသူငယ်ချင်းလေးတွေနဲ့ မုဒိတာ ပွါးမှုကြောင့် Hanမှာ သွားပဲ ဖြီးပြနိုင်တယ် ...
Han : အတန်းပြီးရင်canteen ထိုင်ရအောင်ပြောစရာရှီလို့ ...
Baek : လေကြောက ရှည်နေပြန်ပြီ ထိုင်နေကျပဲကို ..
Han : မင်းတို့ကလဲကွာ ငါကို မနက်တည်းကဟောက်စားပဲလုပ်နေကျတယ်....

Kyungsoo : Byunမျိုးရိုးအကြောင်းလဲသိရဲ့သားနဲ့Xiaoမျိုးရိုးရယ် ...

Han / Baek : ဟုတ်ကဲ့ပါ Do မျိူးရိုးရဲ့ ...

Kyungsoo : မင်းတို့ ...

မကြီးမငယ်တွေနဲ့အတန်းကိုပတ်ပြေးနေကျလေရဲ့ ...

At canteen ;

Han : ငါမင်းတို့ကိုပြောခဲ့တယ် လေ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့

မှာထားတာတွေလဲစားရင် ပါးစပ်ထဲပလုတ်ပလောင်းဖြစ်တဲ့Baekက

Baek : အေးအဲ့တာဘာဖြစ်လဲ ...

Han : သူနာမည်လဲ သိခဲ့တယ် သူအလုပ်အကိုင်လဲသိခဲ့တယ်...

သမင်မျက်လုံးကပိုပြီးတောက်ပလာပြီး သူငယ်ချင်းနှစ်ယောက်ကိုပြောပြနေတာက အရမ်းကိူပဲချစ်ဖို့ကောင်းနေလေရဲ့ ....

သူတို့ သူငယ်ချင်း၃ယောက်ထဲမှာHan နဲ့Baekကအမြဲ အတွဲညီပေမယ့် kyungsooကတော့ အဲ့လိုမဟုတ်ဘူး ဘယ်ကိစ္စ မဆိုအမြဲဘေးကနေ နားထောင်ပေးတယ် ဘာမှပြန်မပြောဘူး လုပ်စရာရှီတာ ပဲ သူလုပ်တယ် ...

What is Love Où les histoires vivent. Découvrez maintenant