Ep-8

29K 2.3K 188
                                    

(Unicode)
(၈)
ရှောင်းကျန့် အိပ်ရာနိုးလာတော့ ခန္ဓာကိုယ်တစ်ခုလုံးက နွေးထွေးနေသည်။အခါတိုင်းညတွေဆို စောင်နဲ့ကိုယ်က ကပ်တယ်မရှိ။အယ်လဲ့ ဝမ်ရိပေါ် ကျွန်တော့်ကို ဖတ်ထားတာ များလား။ရင်တွေခုန်ပြီး မျက်လုံး ဖွင့်ကြည့်လိုက်ပေမဲ့

ရှောင်းကျန့်သည် လက်တွေကိုလှုပ်ကြည့်ကာ မျက်နှာသို့အုပ်နေသော စောင်ကိုလှန်ကြည့်မယ်အလုပ် စောင်နဲ့အတူ ခန္ဓာကိုယ်ပါ တွဲပြီးချုပ်ထားသလိုကြီး ခံစားနေရသည်။

ရိပေါ်လေးက တော်တော်သန်မာတာပဲ ငါလေးကုတင်အောက်ပြုတ်ကျမှာဆိုးလို့ ကျစ်နေအောင် ဖတ်ထားတာ ဖြစ်မယ်။ဒီလိုကျတော့လည်း ဂရုစိုက်တက်သားပဲ အရိုင်းအစိုင်းလေးက။

ရှောင်းကျန့်သည် နည်းနည်းလေး လှုပ်ကြည့် သည်၊လက်ကလေးတွေမရတော့ခြေထောက်ကလေးတွေလှုပ်ကြည့်သည်၊ဒါမှမရတော့ ခြုံထားသည့်စောင်ကိုလှန်မလို့ကို စောင်အစပင် ရှာလို့မတွေ့။

တစ်ခုခုတော့ ထူးဆန်းနေလေပြီ။အရစ်အရစ်အလိုက် စည်းနှောင်ထားသလို ဖြစ်နေတာမို့ ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့ စောက့်ကျင့်မကောင်းပုံကြီးကို ကောင်းကောင်းကြီးနားလည်လိုက်သည်။

သူတောင်းစားလေး ငါ့ကိုကြိုးတုပ်ထားတာပဲ။ငါကတော့ စိတ်ကူးတွေယဉ်ပြီး လေထဲ တိုက်အိမ်တွေဆောက်လိုက်ရတာ။လေပွေနဲ့ တိုးရလေခြင်း.။

"ဝမ်ရိပေါ် ခွေးသူတောင်းစားလေး။မင်းငါ့ကို ကြိုးဖြည်ပေးစမ်း အိုက်ယား၊အပျင်းကြောတောင် ဆန့်မရပါလား ။ရိပေါ်..ဝမ်ရိပေါ် မင်းအခန်းထဲမှာ ရှိနေတယ်မလား"

စောင်လုံးကြီးက ဟိုဘက်ဒီဘက်ယိမ်းကာလှုပ်စိလှုပ်စိဖြစ်နေပုံကိုကြည့်ပြီး ဝမ်ရိပေါ် တိတ်တိတ်လေး ရယ်မိသည်။အော်စမ်း ညတုန်းက ငါ့ကိုအိပ်ရေးပျက်အောင် လုပ်ထားတဲ့ကောင်။

မှတ်လောက်သားလောက်အောင် အသံမပေးပဲ ကြည့်နေအုံးမယ်။

ရှောင်းကျန့်လည်း အော်ရတာမောလို့ အသံမထွက်တော့မှ ရိပေါ်သည် မျက်နှာကို ခပ်တည်တည်နေကာ ရှောင်းကျန့်ကို တုပ်ထားသောကြိုးများကို ဖြည်ပေးလိုက်သည်။

စေတန်နတ်ဆိုးရဲ့ အသုံးတော်ခံ(ZG&UN) (Completed)Where stories live. Discover now