Ep-16

22.3K 1.7K 79
                                    

(Unicode)
(၁၆)
မနက်ခင်း မနက်စာဝိုင်းမှာထိုင်ရုံရှိသေးရှုံ့မဲ့နေသည့် ရိပေါ်မျက်နှာကိုအရင်မြင်ရသည်။

"ဒီနေ့လည်း မစားချင်ပြန်ဘူးလား ရိပေါ်"

ရိပေါ်က ခေါင်းခါပြသည်။မစားလို့မရဘူး ဝမ်ရိပေါ်အခုတလော ပိန်ပိန်လာတယ်။ဖောင်းနေတဲ့ပါးလေးတွေတောင် မရှိတော့ဘူး။ရှောင်းကျန့်သည် ရိပေါ်ပန်းကန်ထဲသို့ကြက်ဥကြော်ကိုထည့်ပေးလိုက်သည်။

မစားပဲဒီအတိုင်းကြီး ကြည့်နေတာမို့သေသေးလေး ဖဲ့ကာရိပေါ်နှုတ်ခမ်းရှေ့တေ့ပေးလိုက်တာနဲ့ ပါးစပ်ကိုလက်နှင့်အုပ်ကာ သန့်စင်ခန်းထဲပဲဝင်သွားသည့်ရိပေါ်ကြောင့် ရှောင်းကျန့်လက်ထဲကတူကိုချကာရိပေါ်နောက်ကိုလိုက်ရပြန်သည်။

ရိပေါ်ကအစားမစားချင်လို့အန်တာ။ရှောင်းကျန့်က အားနေစားပဲစားချင်နေတာ ဘယ်လောက်စားစားဗိုက်ကပြည့်တယ်လို့ကိုမရှိ။နေရာချင်းသာလဲပစ်လိုက်ချင်တယ်။ဆေးခန်းသွားပါဆိုတော့လည်း ဟိုနေ့ရွေ့ဒီနေ့ရွေ့နဲ့။

ရှောင်းကျန့်ကိုယ်တိုင် လိုက်ပို့မှရောက်မည့်ကိန်း။ဆေးရုံဆေးခန်း ဘာလို့များကြောက်နေတယ်မသိဘူး။

"ရိပေါ်..မနက်ဖြန်ဆေးခန်းသွားရအောင်"

"သွားလို့မရဘူး ကျန့်ကော၊ကျွန်တော်ဒီညနေ ခရီးထွက်ရမှာ"

ရိပေါ် ကျောပြင်သို့ကိုင်ထားသည့် ရှောင်းကျန့်လက်များ အောက်သို့ကျသွားသည်။

"ဘာလို့ ငါ့ကိုမပြောတာလဲ ရိပေါ်။ဒီညနေပဲသွားတော့မယ့်ခရီးကို"

"ကျွန်တော် အလုပ်တွေရှုပ်နေလို့ပါ ကောရဲ့။အာ့ကြောင့်မပြောဖြစ်တာ"

ရိပေါ်က ရှောင်းကျန့်ကိုကျောခိုင်းကာ သန့်စင်ခန်းထဲကထွက်သည်။ဖြေရှင်းချက်က ဒါလေးပဲလား။ရှောင်းကျန့်သည် ရိပေါ်လက်များကို လှမ်းဆွဲကာတားလိုက်တော့ ရိပေါ်ကရှောင်းကျန့်လက်ထဲကရုန်းထွက်သည်။တစ်ခါမှ ရိပေါ်အခုလိုမပြုမှုဖူးဘူးလေ ရှောင်းကျန့်ရင်ထဲ စစ်ခနဲမျက်သွားသည်။

"မင်း ခရီးသွားမှာ အရောင်းအဝယ်ကိစ္စအတွက်ပဲလား ရိပေါ်"

ရိပေါ်ကခေါင်းကဆံပင်တွေကိုလက်ချောင်းများဖြင့်ထိုးဖွကာ လေပူတစ်ချို့မှုတ်ထုပ်နေသည်။ရိပေါ်ပုံစံက စိတ်ရှုပ်နေသည့်ပုံစံနှင့်။ပြီးတော့ အေးစက်စက်လေသံတစ်ချို့နှင့်

စေတန်နတ်ဆိုးရဲ့ အသုံးတော်ခံ(ZG&UN) (Completed)Where stories live. Discover now